Thursday, February 19, 2009

မြန်မာ့အရေး လုံခြုံရေးကောင်စီဆွေးနွေးမည်

19 February 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် သောကြာနေ့ကျရင် အစီရင်ခံဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးဟာ မစ္စတာ ဂမ်ဘာရီလောက်နဲ့ မပြီးဘဲ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ၀င်ရောက် ကိုင်တွယ်ရမယ့် အခြေအနေမို့ လုံခြုံရေး ကောင်စီကို မစ္စတာ ဘန်ကီမွန်းသွားဖို့ အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အအဖွဲ့က ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဒီလဆန်းမှာ သွားရောက်ခဲ့တဲ့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် အကြံပေး မစ္စတာ ဂမ်ဘာရီဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ အစီရင်ခံတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံးရဲ့ ပြောခွင့်ရ မစ္စ စွန်အာချွိုင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ နောက်ဆုံး သွားခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သောကြာနေ့ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် ဆွေးနွေးဖို့ ရှိပါတယ်။ ဆွေးနွေးပွဲ ပြီးရင်လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် သတင်းထောက်တွေ မေးတဲ့ မေးခွန်းတခု နှစ်ခုကိုတော့ သူဖြေချင် ဖြေပါလိမ့်မယ်။

မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ သဘောထားတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားတွေကို ကုလသမဂ္ဂက အကြံပြုထားတဲ့ အချက်အလက်တွေကို သောကြာနေ့က အစီရင် ခံမှာမို လုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်လာနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး NCGUBအဖွဲ့ ရဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းကို မေးကြည့်ပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ရလာဒ် တိတိကျကျ ထွက်လာတာ မရှိပါဘူး။ လုံခြုံရေး ကောင်စီအနေနဲ့ ဘာ ဆက်လုပ်ကြမလဲဆိုတာတဲ့ အပိုင်းကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နယူယောက်မှာ ရှိတဲ့ သံတမန် အသိုင်း အ၀ိုင်းမှာ မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံ အရေးကိစ္စကို ကြားဝင် ဆောင်ရွက်လာတာ နှစ်အချို့ ရှိလာပြီ၊ ရလာဒ် တစုံတရာ ထွက် မလာတဲ့အပြင် နအဖ ဘက်က ဆက်ပြီး ခေါင်းမာမာနဲ့ ရပ်တည် နေတယ်။ သူတို့ရဲ့ လမ်းပြ မြေပုံအတိုင်း ဆက်ပြီးသွားမယ်ဆိုတဲ့ အပိုင်းတွေမှာ မစ္စတာ ဂမ်ဘာရီတွင် မကဘဲ အထွေထွေ အတွင်းရေးမှူးချုပ ကိုယ်တိုင် သွားပြီး ကြားဝင် ဆောင်ရွက်ရင် ကောင်းမလားဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတာပေါ့။ NLDရဲ့ သဘောထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်နိုင်မယ့် အခြေအနေရှိမှ မစ္စတာ ဘန်ကီမွန်း ကိုယ်တိုင် လာသင့်တယ် ဆိုတာတွေ သိရတယ်။ ဘယ်လို အခြေအနေအောက်မှာ ဘန်ကီမွန်း သွားသင့်သလဲ ဆိုတာတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ကြည့်လိုက်တဲ့အခါ မစ္စတာ ဂမ်ဘာရီအနေလောက်နဲ့ ထူးလာမယ့် အခြေအနေကို မတွေ့ဘူး။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆောင်ရွက်ဖို့ ဆိုတဲ့ လမ်းကြောင်းပဲ ကျန်တော့တာပေါ့။ အထွေထွေ အတွင်းရေးမှူးချုပ် ဆိုတာ အကြီးဆုံးဆိုတော့။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် သွားရင်လည်း နအဖက အပေါ်ယံလောက်နဲ့ လူကြားကောင်းယုံလောက် တွေ့ဆုံမယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် တုန့်ပြန်တာတို့ မဖြစ်ခဲ့ဘူးဆိုရင်၊ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို နအဖက တလွဲသုံးတဲ့ အနေအထားမျိုးတွေကို စိုးရိမ်ကြတာတွေ ရှိပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆောင်ရွက် သင့်တာတော့ မှန်တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရလာဒ်ရဖို့ လိုတယ်။ ရလာဒ်ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်လာတာ ရှိမယ်၊ တွေ့ဆုံဆွေးနွေးပွဲ ပြန်ဖြစ်လာတာ တွေ ရှိမယ်။ ဒီလို ရလာဒ် ဖြစ်ဖို့ဆိုရင် မသွားခင်ကတည်းက ပြင်ပြင်ဆင်ဆင်ရှိဖို့လိုတယ်။ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေ တရုတ်တို့ အိန္ဒိယတို့ အာစီယံ ဒေသတွင်းနိုင်ငံတွေဘက်က အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အပြည့်အ၀ လက်တွဲ ဆောင်ရွက်ဖို့ လိုတယ်။ ယူအင်ရဲ့ အကြံပြုချက်တွေကို နအဖကနေပြီး အပြုသဘော တုန့်ပြန်လာအောင် ဖိအားပေးမှုတွေ ပေးဖို့လိုတယ်။

Ref: VOA News

Read more...

မြန်မာ့အရေး အင်ဒိုနီးရှားနှင့်အမေရိကန်ပူးပေါင်း ဆောင်ရွက်မည်

19 February 2009

အမေရိနိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ကမ္ဘာ့အကြီးဆုံး မွတ်ဆလင် နိုင်ငံတခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ပိုမို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်တဲ့ ဆက်ဆံရေးမျိုး ထားရှိဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်ပါတယ်။

စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာ့ အရေးကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် နိုင်အောင်လို့လည်း အင်ဒိုနီးရှား အစိုးရဆီက အကြံဥာဏ်တွေ တောင်းခံ သွားမယ်လို့လည်း ပြောသွားပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ရာထူး လက်ခံခဲ့ပြီး ပထမဆုံး အာရှ လေးနိုင်ငံ ခရီးစဉ်အတွင်း ဒုတိယ တထောက်နားရာ အင်ဒိုနီးရှား နိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့က ရောက်ခဲ့တုန်းမှာ မစ္စက် ကလင်တန်က အခုလို ပြောသွားတာပါ။ ဂျကာတာမြို့က ဗွီအိုအေ သတင်းထောက် ကေဒီဟာမန် က သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ဟီလာရီ ကလင်တန် ဖေဖေါ်ဝါရီ ၁၅ရက်နေ့က စတင်ခဲ့တဲ့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒုတိယ တထောက်နားရာ အင်ဒိုနီးရှားကို သူသွားရောက်တဲ့ အာရှခရီးစဉ်ကို ထည့်သွင်း ထားတာကို ကြည့်ချင်းအားဖြင့် နှစ်နိုင်ငံခြား ဆက်ဆံရေး ပိုပြီး ရင်းနှီးစေချင်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ဆန္ဒကို ထပ်လောင်း အတည်ပြုရာ ရောက်တယ်လို့ ဆိုရပါမယ်။

သမ္မတ အိုဘားမား အတွက်ကတော့ အင်ဒိုနီးရှားနဲ့ သူ ရေစက် ဆုံခဲ့တာ ကတော့ လွန်ခဲ့တဲ့ နှစ်လေးဆယ် နီးပါးကပါ။ သူငယ်စဉ်ဘ၀က ဂျကတာမှာ ကျောင်းသွား တက်ရာကနေ စတင်တာဖြစ်ပါတယ်။ ဒီ သမိုင်းကြောင်း ကြောင့်လည်း အမေရိကန် ပြည်ထောင်စုနဲ့ သာမန် အင်ဒိုနီးရှား နိုင်ငံသားတွေကြား ပိုပြီး နွေးထွေးစေမှု ရှိခဲ့ပါတယ်။ ဒါကို အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး ဟဆန် ၀ီတာယုဒက အခုလို ရှင်းပြခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ သမ္မတ အိုဘားမားက အတော်လေး အားကောင်းတဲ့ မဲဆန္ဒ နယ်မြေရှိတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် မဲပေးခွင့်တော့ မရှိတဲ့ မဲဆန္ဒ နယ်မြေပေါ့ဗျာ။ အစိုးရရော အင်ဒိုနီးရှား ပြည်သူတွေကပါ သမ္မတ အိုဘားမား အလည်ပတ် လာရောက်ခဲ့မယ် ဆိုရင် သိပ်ပြီး သဘောကျ ကြိုဆိုကြမှာပါ။ ကျွန်တော်တို့လည်း အဲဒါကို ကြာကြာ မစောင့်နိုင် ကြတော့ပါဘူး။ ဒီသတင်းစကားကို သမ္မတ အိုဘားမား နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က တဆင့် ပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဟီလာရီ ကလင်တန်ရဲ့ လက်ရှိ ၂ရက်ကြာ အင်ဒိုနီးရှား ခရီးစဉ်မှာ ဒေသတွင်း အင်ဒိုနီးရှားရဲ့ အရေးပါမှုကိုလည်း ပိုပြီး သက်သေပြရာ ရောက်စေပါတယ်။ ကမ္ဘာ့ မွတ်ဆလင် လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား က အစ္စလာမ်၊ ဒီမိုကရေစီနဲ့ ခေတ်မှီတဲ့ စနစ်ဟာ အတူတကွ ယှဉ်တွဲ နေရုံသာမက ကြီးပွား တိုးတက်နိုင်တယ်လို့ လည်း သက်သေပြရာ ရောက်တယ်လို့ မစ္စက် ကလင်တန်က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ အင်ဒိုနီးရှားဟာ နှစ်နိုင်ငံ အကျိုးစီးပွား မျှဝေနေရုံသာ မကပါဘူး။ တပြေးညီ ထားရှိတဲ့ စံထားချက်တွေလည်း ရှိကြပါတယ်။ နှစ်နိုင်ငံစလုံးက ဒီမိုကရေစီကို နှစ်ပိုက်ကြတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အင်ဒိုနီးရှားက အပြောင်းလဲကြီး ပြောင်းလဲလာခဲ့တယ်။ အခိုင်အမာ တိုးတက်တဲ့ အဖွဲ့ အစည်းတွေကို ထူထောင်နိုင်ခဲ့တယ်။ နိုးကြား ရှင်သန်တဲ့ လူနေမှု အဖွဲ့အစည်းတွေကို ကြိုဆိုပြီး ဖွင့်ဖြိုးအောင် လုပ်နိုင်ခဲ့တယ်။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ရိုသေလေးစားပြီး အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒကို နှိမ်နှင်း နိုင်ခဲ့တယ်။ ဘာသာရေး ဂိုဏ်းကနကွဲတာတွေ၊ ခွဲထွက်ရေး ပဋိပက္ခတွေ ကိုလည်း အဆုံးသတ နိုင်ခဲ့တယ်။ နောက်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေး အတွက် ပိုမို စိတ်ချ လုံခြုံစေတဲ့ ကမ္ဘာကြီး ဖြစ်လာစေဖို့လည်း ကျိုးပမ်းနိုင်ခဲ့တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ ရာသီဥတု အပြောင်းအလဲလို အရေးကြီးတဲ့ ကိစ္စရပ်တွေ ကိုင်တွယ် ဖြေရှင်းရာမှာလည်း သူနဲ့အတူ သမ္မတ အိုဘားမားက အင်ဒိုနီးရှားနဲ့ ပိုပြီး ပြီးပြည့်စုံတဲ့ မိတ်ဘက် ဆက်ဆံရေးကို တည်ဆောက်လိုတယ် လို့လည်း မစ္စက် ကလင်တန်က ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အမေရိကန်ပြည်ထောင်စုနဲ့ အင်ဒိုနီးရှား အစိုးရက မြန်မာ စစ်အစိုးရကို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နိုင်လာစေဖို့ ဦးစီး ဆောင်ရွက်သွား နိုင်လိမ့်မယ်လို့ ယူဆတဲ့ အကြောင်းလဲ မစ္စက် ကလင်တန်က ပြောသွားပါတယ်။

ကျမတို့ လိုက်နာခဲ့တဲ့ လမ်းစဉ်ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုက ချမှတ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မြန်မာ စစ်အစိုးရကို ပြောင်းလဲလာစေဖို့ လွှမ်းမိုးမှု မရှိနိုင်ဘူးဆိုတာဟာ သိသာသလို နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကျမတို့ ဆွေးနွေးမှုအတွင်း ထောက်ပြခဲ့သလိုပဲ မြန်မာစစ်အစိုးရကို လက်ကမ်းကြိုဆိုပြီး ဆက်ဆက်ဆံဆံ နေဖို့ ကြိုးပမ်းတဲ့ နည်းဟာလည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒါဟာ ပြဿနာပါပဲ။

အင်ဒိုနီးရှားအတွက်သာမက အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်း အတွက် ပါ ပြဿနာ ဖြစ်စေပါတယ်။ ဒါကြောင့် ကျမတို့ နှစ်နိုင်ငံ နီးနီးကပ်ကပ် လုပ်ဆောင်သွားမယ်။ မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ အပြောင်းအလဲမျိုး ဖြစ်လာစေဖို့ အကောင်းဆုံး ဖေါ်ဆောင်နိုင်မယ့် နည်းလမ်းကို အင်ဒိုနီးရှား နိုင်ငံက အကြံဥာဏ်တွေကို ရယူရ လိမ့်မယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ထိရောက်မှု မရှိဘူးလို့ မစ္စက် ကလင်တန်က ဆိုခဲ့တဲ့ အတွက်ကြောင့်လည်း သူ ရာထူး လက်ခံစဉ်က ပြောသွားခဲ့တဲ့ အပြုသဘော ဆောင်တဲ့ သံတမန်ရေး ဆက်ဆံမှု နဲ့ ဖိအားပေးမှုတို့ ကို ဥာဏ်ရည်နဲ့ ယှဉ်တွဲ အသုံးချသွားမယ် ဆိုတဲ့ နည်းကို ဒီနေရာမှာ သုံးသွားမလား။ အိုဘားမား အစိုးရအနေနဲ့ အမေရိကန်က ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းသင့်လောက် ရုတ်သိမ်းပေးဖို့ ကြိုးပမ်းသွားမလား ၊ ပေါ်လစီအသစ်တွေကို သုံးသပ်သွားမလားဆိုတဲ့ မေးခွန်းတွေကတော့ သတင်းမီဒီယာတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး ဟတ်ဆန်ဝီဒါယုဒကတော့ သူ့ရဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံရေး ပြဿနာကို နယ်မြေ အချုပ်အခြာ ပိုင်ဆိုင်မှု ကိစ္စများကတဆင့် ကိုင်တွယ် ဖြေရှင်းသွားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ခံစားနေရတဲ့ စီးပွားရေး အခက်အခဲနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကိုလည်း အခြေခံသွားသင့်တယ်လို့ ဆိုပါတယ်။ အာစီယံ ချာတာကို ပြီးခဲ့တဲ့ နှစ် ဂျူလိုင်လက မြန်မာနိုင်ငံကလည်း အတည်ပြု ခဲ့တာကြောင့်လည်း လူ့အခွင့်အရေး ကိစ္စရပ်တွေနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အဲဒီကတဆင့် ကိုင်တွယ်ဖြေရှင်း နိုင်လိမ့်မယ်လို့ ယူဆကြောင်းလည်း ဟတ်ဆန် ၀ိဒါယုဒက ပြောသွားပါတယ်။

နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်အနေနဲ့ အာစီယံ ဌာနချုပ်ကို သူ့ရဲ့ ခရီးစဉ်အတွင်း သွားရောက် လည်ပတ် ခဲ့ပြီးတော့ ဒေသ လုံခြုံရေး ညီလာခံကိုလည်း တက်ရောက်ဖို့ အမေရိကန် အနေနဲ့ စိတ်ဝင်စားမှု ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Ref: VOA News

Read more...

အမေရိကန်တပ်သား ၂၀,၀၀၀ နီးပါး အာဖဂန်သို့ ထပ်မံစေလွှတ်မည်

18 February 2009

အမေရိကန် ပြည်ထောင်စုမှာ သမ္မတ အိုဘားမား လွန်ခဲ့တဲ့ ၁ လက သမ္မတ ရာထူး စတင် ထမ်းဆောင် ကတည်းက ပထမဆုံးအကြိမ် အဖြစ်နဲ့ အင်္ဂါနေ့ ညပိုင်း မစ္စတာ အိုဘားမားနဲ့ အာဖဂန် သမ္မတတို့ စကား ပြောခဲ့တယ်လို့ အာဖဂန်သမ္မတ ဟာမစ်ခါဆိုင်းရဲ့ ရုံးခန်းက ပြောပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံကို အမေရိကန် တပ်သား ၁၇၀၀၀ လောက် ထပ်ပြီး ပို့ပေးဖို့ အစီအစဉ်ကို မစ္စတာ အိုဘားမား ကြေညာလိုက်တဲ့ တရက်တည်းမှာပဲ သမ္မတ အိုဘားမားနဲ့ အာဖဂန် သမ္မတတို့ ဖုန်းပြောခဲ့တာပါ။ ၂ဘက် ခေါင်းဆောင်တွေက ၂နိုင်ငံ ဆက်ဆံရေး ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဆိုင်ရာ မူဝါဒ၊ မကြာခင်မှာ အာဖဂန် နစ္စတန်မှာ ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲနဲ့ တခြား ကိစ္စရပ် တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် လပိုင်းတွေမှာ အာဖဂန်နစ္စတန် နိုင်ငံကို တပ်သား ၁၂၀၀၀ ထပ်ပို့ပေးပြီး၊ နောက်ထပ် တပ်သား ၅၀၀၀ ထပ်ပို့ပေးဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကို ကြိုဆိုကြောင်း အာဖဂန် အရာရှိတွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားသွားပါတယ်။ တပ်တွေကို လုံခြုံရေး လိုအပ်နေတဲ့ နိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ချထား စေချင်တယ်လို့ သူတို့က ပြောပါတယ်။ တပ်သား အသစ်တွေ ပို့ပေးလိုက်ရင်တော့ အာဖဂန် နစ္စတန်မှာ ရှိတဲ့ အမေရိကန် တပ်သား ဦးရေက စုစုပေါင်း ၅၅၀၀၀ ဖြစ်သွားမှာပါ။

Ref: VOA News

Read more...

NLD တောင်းဆိုချက်အပေါ် စစ်အစိုးရ တုန့်ပြန်ရန် လေ့လာသူများ မျှော်လင့်ချက်မထား

နန်းဒေ၀ီ
ဖေဖေါ်ဝါရီလ 18 2009

နယူးဒေလီ။ ။ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးရှိမည့် တွေ့ဆုံ ဆွေးနွေးခြင်းကို အတိုက်အခံ ခေါင်းဆောင်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အပေးအယူလုပ် တွေ့ဆုံ ဆွေးနွေးကြရန် တောင်းဆိုချက် အပေါ် စစ်အစိုးရဘက်မှ တုန့်ပြန်ရန် လမ်းမမြင်ကြောင်း မြန်မာ့အရေး သုံးသပ်သူများက ပြောသည်။

ယမန်နေ့က NLD အဖွဲ့ချုပ်မှ အထူးကြေညာချက် တစောင် ထုတ်ဝေခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး အပြန်အလှန် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုချက်အပေါ် လမ်းပြ မြေပုံအတိုင်း ဆက်လက် သွားနေသည့် စစ်အစိုးရက တုန့်ပြန်လိမ့်မည် မဟုတ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ကိုအောင်နိုင်ဦးက ပြောသည်။

"နောင်တော့ မပြောတတ်ဘူးပေါ့။ ခုလောလောဆယ်နဲ့ ကျနော်တို့ မြင်နိုင်တဲ့ အနာဂတ်မှာတော့ NLD က တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို စစ်အစိုးရက တုန့်ပြန်လိမ့်မယ် မဟုတ်ဘူး။ ခုနပြောသလိုပဲ လမ်းပြ မြေပုံကလည်း ပြီးတော့မယ်။ ရှေ့နှစ်ဆိုရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အနေအထား တွေကလည်း ရှိနေတော့ စစ်အစိုးရဘက်က လုံးဝ တုန့်ပြန်မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်" ဟု သူကပြောသည်။

သူက ဆက်၍ ပြောဆိုသည်မှာ "အခုအနေထားမှာဆိုရင် အမျိုးသား ညီလာခံလည်း ပြီးခဲ့ပြီ။ လမ်းပြ မြေပုံအတိုင်း ဆက်သွားနေပြီ ဖြစ်တဲ့အတွက် NLD နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဆိုတာလဲ ပိတ်သွားပြီ ခင်ဗျ" ဟု သူကပြောသည်။

NLD ပါတီအနေဖြင့် စစ်အစိုးရအပေါ် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးကို အစဉ်တစိုက် ကမ်းလှမ်းချက်များ ယခင် ကတည်းက ရှိခဲ့သော်လည်း အမျိုးသား ညီလာခံသည် သာလျှင် တွေ့ဆုံ ဆွေးနွေးရန် နေရာဆိုကာ သီးခြား လုပ်ဆောင်ရန် ငြင်းဆန်ခဲ့သည်။

NLD အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို ထပ်မံ တောင်းဆို လိုက်ခြင်းသည် ပါတီတခု အနေဖြင့် တောင်းဆို သင့်သည့် အချက်ဖြစ်ပြီး စစ်အစိုးရ အနေဖြင့် ထည့်သွင်း စဉ်းစားလိမ့်မည် မဟုတ်ကြောင်း FDP (Forum For Democracy in Burma) ခေါ် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု မှ ဒေါက်တာ အောင်နိုင်က ယခုလိုပြောသည်။

"စစ်အစိုးရက ဒီတောင်းဆိုချက်ကို စိတ်ဝင်စားမှာ မဟုတ်သလို ထည့်စဉ်းစားမှာ မဟုတ်ဘူး။ နိုင်ငံတကာ အမြင်မှာ ပြလို့ကောင်းအောင် လုပ်နေတာ တချို့ပဲရှိမယ်။ တကယ် နားထောင်မှာ မဟုတ်ဘူး" ဟု သူက ပြောသည်။

တွေ့ဆုံဆွေးနွေးရေး ကိစ္စနှင့် စပ်လျင်း၍ မြန်မာ ပြည်သူ လူထုအတွက် အကျိုးပြုမည့် ရလဒ် ကောင်းများ ရရှိရေး အတွက် မြင်သာ ပြောင်းသာစွာဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ၂၀၀၂-ခုနှစ်၊ မေလတွင် ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ဖော်ပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုကို အစမပြုနိုင်ခြင်း၏ အဓိက အတားအဆီးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ဖြစ်ကြောင်း ကိုအောင်နိုင်ဦးက ပြောသည်။

"အဓိကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲပေါ့။ သူ့ကြောင့် ခုလို ရှေ့မတိုးနိုင် ဖြစ်ရတယ်ဆိုတာ သိကြပေမယ့် ဒါကို ဒေါ်အောင်ဆန်း စုကြည်ကြောင့်လို့ ပြောကြတယ်။ လက်တွေ့မှာတော့ အများ နားလည် ထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီးတော့ သူ့အနေနဲ့ နည်းမျိုးစုံ ပိတ်ထားတယ်။"

"အုပ်ချုပ်ရေး အနေထားအရ ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး လမ်းတွေ မဖွင့်ဘဲနဲ့ လမ်းတွေ နည်းမျိုးစုံနဲ့ ပိတ်ထားတာဖြစ်တယ်" ဟု သူကပြောသည်။

အစိုးရနှင့် အတိုက်အခံ ညှိနှိုင်းအဖြေရှာခြင်း ပြုလုပ်ရန် သံဃာတော်များ ဦးဆောင်ကာ မေတ္တာသုတ်ရွတ်ဆို လမ်းပေါ် ဆန္ဒပြမှုများကို ပစ်ခတ်နှိမ်နင်းရာမှ နိုင်ငံတကာ ဖိအားများ မြင့်တက်လာပြီးနောက် ၂၀၀ရ-ခုနှစ်၊ အောက်တိုဘာလ တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အကြား တွေ့ဆုံဆွေးနွေးရန် ကြားခံဆက်သွယ် လုပ်ဆောင်ပေးမည့် ဆက်ဆံရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့သည်။

သို့သော်လည်း တွေ့ဆုံဆွေးနွေးမှုများ တကယ်တန်း မဖြစ်လာဘဲ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို လွတ်လပ်စွာ စောင့်ကြည့် လေ့လာခွင့် မပြုဘဲ ပြုလုပ်ကာ အတည်ပြု ပြဌာန်းခဲ့ပြီး နောက်တဆင့်ဖြစ်သည့် ရွေးကောက်ပွဲကို ၂၀၁၀တွင် ကျင်းပမည်ဟု ကြေညာထားသည်။

ထို့အပြင် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ အများအပြားကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

Ref: မစၹႇၽိမ

Read more...

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေ နိုင်ငံခြားပို့မည့် ပွဲစားခြေချင်းလိမ


ရဲရင့်မြင့်မောင် / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

တတိယနိုင်ငံ ထွက်ခွာခွင့်ရရေးအတွက် ဒုက္ခသည်စခန်းများသို့ ဝင်ရောက် လာသည့် လူသစ်များကို အခကြေးငွေ ယူပြီး နိုင်ငံခြား ထွက်ခွာခွင့် ရရန် စီစဉ်ပေးသူများ ထဲတွင် ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ အချို့နှင့် ဝန်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိသဖြင့် မကြာခင် ကရင် ဒုက္ခသည် ကော်မတီ KRC မှ ဝန်ထမ်းများ လိုက်နာရန် စည်းမျဉ်း စည်းကမ်းချက်များ ထုတ်ပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟု မယ်လ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူ တဦးက ခေတ်ပြိုင်သို့ ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ ဒု-ဥက္ကဋ္ဌ “စောထွန်းထွန်း” ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့ အပတ်က KRC အစည်း အဝေးမှာ ဆွေးနွေးခဲ့ပြီး ဝန်ထမ်းတွေ လိုက်နာဖို့ စည်းမျဉ်း စည်းကမ်းတွေကို ထုတ်ပြန်ပြီး စည်းကမ်း မလိုက်နာတဲ့ သူတွေကို အရေးယူသွားမှာ ဖြစ်တယ်။ အဓိက အလွဲသုံးစားမှုနဲ့ လာဘ်စားမှု တိုက်ဖျက်ရေး အတွက်ပဲ ဖြစ်တယ်။ ပြဿနာ အများဆုံးရှိတာက နို့ဖိုး၊ အုံးဖျန်နဲ့ မယ်လစခန်းပဲ ဖြစ်တယ်" ဟုပြောသည်။

လက်ရှိ မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၇၀၀) ခန့်ရှိပြီး စာရင်း မဝင်သေးသည့် လူသစ် ဦးရေမှာ (၂၁,၁၁၈) ဦး ရှိသည်။ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်း အသစ် ဝင်ရောက်လာသူ (၁၃,၀၀၀) ထဲမှ (၈,၀၀၀) ခန့်ကိုသာ ရိက္ခာပေးနိုင်မည့် အနေအထား ရှိသည့်အတွက် ဒုက္ခသည် တာဝန်ရှိသူများမှ စခန်းအတွင်း ကွင်းဆင်း၍ ရိက္ခာပေးရန် သင့် မသင့် စီိစစ်သွားမည် ဖြစ်သည်ဟု စောထွန်းထွန်းက ဆက်ပြောသည်။

တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိ လိုက်စားမှု အများဆုံးစခန်း (၃) ခုတွင် ပြည်တွင်းမှ ငွေကြေး တတ်နိုင်သူများကြောင့် စခန်းတွင်း အကျင့်ပျက် ခြစားမှုများ တနေ့ထက် တနေ့ ပိုမိုဆိုးဝါးလာပြီး အဂတိ လိုက်စားမှုနှင့် ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက် ရှိနေသည်။ သို့သော် ထိရောက်သည့် အရေးယူမှုများ လုံးဝ မရှိသေးကြောင်း၊ ပြည်တွင်းမှလူများ အိုးအိမ်ခြံမြေ ရောင်းပြီး ငွေထုပ်ပိုက်ကာ ပွဲစားများ အစီအစဉ်ဖြင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရ ရေး ကြိုးပမ်းကြရာမှ ဒုက္ခသည်စခန်း သမိုင်းတွင် မဖြစ်ပေါ်ဖူးသည့် အရှုပ်အရှင်းများ ဖြစ်ခဲ့ရ သည်ဟု ဒုက္ခသည် စခန်းတခုမှ ဘာသာရေး ဆရာတဦးက ပြောသည်။

ဒုက္ခသည်စခန်း ဝင်ရန်အတွက် မယ်လနှင့် အုံးဖျန်ဒုက္ခသည် စခန်းများတွင် လူတဦးလျှင် အနည်းဆုံး ဘတ် (၁၀,၀၀၀) ပေးရသည်ဟု စုံစမ်း သိရသည်။ ငွေပေးပြီးစာရင်း မဝင်သူ တဦးက "ကျနော်တို့အဖွဲ့ တယောက် တသောင်းပေးတာ စာရင်းဝင်တဲ့လူ ရှိသလို၊ စာရင်းမဝင်ဘဲ ငွေကုန်ပြီး ဖွတ်မရ ဓားမဆုံး ဖြစ်သူတွေ အများကြီးပဲ။ (၁၀,၀၀၀) ဆိုတာက စာရင်း ဝင်ဖို့ပဲ။ စာရင်းဝင်ပြီး ရိက္ခာစကေး ရရှိဖို့ကျတော့ (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ပေးရတာတွေရှိတယ်။ ကိုယ်ကလည်း ခိုးကြောင်ခိုးဝှက် လုပ်ထားတော့ ဘယ်သူ့ကိုတိုင်လို့ တိုင်ရမှန်းတောင် မသိဘူး" ဟုခေတ်ပြိုင်သို့ပြောသည်။

အထူးသဖြင့် တတိယနိုင်ငံ ထွက်ခွင့်ရရေးနှင့်ပတ်သက်ပြီး အဂတိ လိုက်စားမှု အများဆုံး စခန်းများမှာ အုံးဖျန်နှင့် မယ်လ စခန်းများဖြစ်သည်။ မကြာမီ အမေရိကန်သို့ ထွက်ခွာတော့မည့် အုံးဖျန်စခန်းတွင် လူစားထိုး ဒုက္ခသည် စာရင်းဝင်ထားသူ တဦးက "နိုင်ငံခြားထွက်တဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင်တော့ အနည်းဆုံး ဘတ်ငွေ (၅၀,၀၀၀) လောက်ရှိမယ် ဆိုရင် လုပ်ပေးတဲ့ပွဲစားတွေ စခန်းထဲမှာ အရန်သင့်ရှိတယ်။ ငွေရှိဖို့ပဲ လိုတယ်" ဟုပြောသည်။

လူစားထိုးခြင်း ဆိုသည်မှာ ဒုက္ခသည်စခန်းတွင် နှစ်ရှည် နေထိုင်သူအချို့မှာ တတိယနိုင်ငံသို့ ထွက်ခွာလိုခြင်း မရှိသည့် အတွက် ရပ်ကွက်မှူးများနှင့် ပွဲစားများက ငွေပေးပြီး ဒုက္ခသည် အမည် ပေါက်စာရင်းကို မြန်မာနိုင်ငံမှ လာရောက်သည့် ငွေရှင်များနှင့် နေရာ အစားထိုးပေးခြင်းဖြစ် သည်။ တနည်းဆိုရလျင် ဒုက္ခသည် စခန်းတွင် အစောပိုင်းထဲက ရောက်နေသည့် ကရင်ဒုက္ခ သည် အစစ်တဦး၏ စခန်းတွင်းနေသည့် သက်တမ်းကာလကို အရောင်းအ၀ယ်လုပ်သည့် သဘော ဖြစ်သည်။

နှစ်ရှည်ဒုက္ခသည်တဦးဖြစ်သူ စောတကော်က "ငါတို့မိသားစု (၃) ဦး နာမည် ရောင်းဖို့ ရပ်ကွက်လူကြီးက ဘတ် (၁၅,၀၀၀) ပေးတယ်။ လူကြီးပြောတာက ငွေလည်းရမယ်၊ စခန်းက ထွက်စရာမလိုဘူး၊ အရင်လို ရိက္ခာလည်း ဆက်ရမယ်ဆိုလို့ ရောင်းလိုက်တာ။ ရပ်ကွက်လူကြီး ကတိတည်တယ်၊ အားလုံးအဆင်ပြေတယ်။ ကိုယ်ကတော့ နာမည်အသစ်နဲ့ နေရတာတော့ ရှိတယ်" ဟုပြောသည်။

ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှတဆင့် အမေရိကန်သို့ ထွက်ခွာခွင့် ရရန် ကြိုးပမ်း နေကြသူများ ထဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်သူများသာမက စင်ကာပူ၊ မလေးရှား၊ ဂျပန်နိုင်ငံ တို့တွင် အလုပ်လုပ်နေသည့် မြန်မာတိုင်းရင်းသား အချို့လည်း ပါဝင်နေပြီး မြန်မာနိုင်ငံကူး ပတ်စ်ပို့ ကိုင်ဆောင်နေသူများပါ စခန်းအတွင်းမှာ ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ခေတ်ပြိုင်မှ စုံစမ်းသိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ထိုင်း အာဏာပိုင်များ၏ အစီအစဉ်ဖြင့် မြန်မာ ဒုက္ခသည်များကို တတိယနိုင်ငံသို့ ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံ နေရာဒေသ အသီးသီးမှ လူများသည် ငွေထုပ်ပိုက်ကာ တတိယနိုင်ငံ ထွက်ခွာခွင့် ရရေးအတွက် ကြိုးပမ်းကြရာမှ စခန်း တာဝန်ရှိသူများနှင့် ဝန်ထမ်းများကြားတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read more...

သံတွဲထောင်မှ ၈၈ကျောင်းသားများကို ပြစ်ဒဏ်လျှော့မပေး

မင်းနိုင်သူ / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနား ရောက်ရှိနေခိုက် နိုင်ငံရေး အကျဉ်းသားအချို့ကို ပြစ်ဒဏ် လျော့ပေါ့ပေးခြင်း၊ ပြစ်ဒဏ်တပေါင်းတည်း ကျခံစေခြင်းတို့ လုပ်ပေးနေသော်လည်း ရခိုင်ပြည်နယ် သံတွဲထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ မပါဝင်သေးကြောင်း ယမန်နေ့က ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သူ ၈၈မျိုးဆက် ကျောင်းသား ကိုမျိုးရန်နောင်သိန်း၏ အစ်မ မမျိုးပပသိန်းက ခေတ်ပြိုင်သို့ ပြောသည်။

“ကျမတို့ ဘာမှမကြားသေးပါဘူး။ ဒီသံတွဲထောင်မှာတော့ ပြစ်ဒဏ် လျော့ခံရတဲ့ အကျဉ်းသား မရှိသေးပါဘူး။ ကျမတို့ မနေ့က ထောင်ဝင်စာ တွေ့ခဲ့ပါတယ်။ ထုံးစံအတိုင်း (၁၅) မိနစ်လောက် တွေ့ခွင့် ရခဲ့ပါတယ်”ဟု မမျိုးပပသိန်းက ပြောသည်။

ကိုမျိုးရန်နောင်သိန်း၊ စမ်းချောင်းကိုကိုကြီး၊ ကိုဇော်မင်းတို့အပါအ၀င် ၈၈မျိုးဆက် ကျောင်းသား (၁၃) ဦးကို အာဏာပိုင်များက ယခုလ (၆) ရက်တွင် အင်းစိန်ထောင်မှ သံတွဲထောင်သို့ ပြောင်းရွေ့ ခဲ့ပြီးနောက် မိသားစုများအနေဖြင့် ထောင်ပြောင်းပြီး ပထမအကြိမ် အဖြစ် ထောင်ဝင်စာ တွေ့ခဲ့ကြခြင်း ဖြစ်သည်။

“တွေ့တဲ့အချိန်မှာ ထောက်လှမ်းရေးတွေကလည်းစောင့်ပြီး ဘာတွေ ပြောတယ်ဆိုတာ လိုက်မှတ်နေတာ ပဲလေ။ ကျမတို့ သုံးယောက် တွေ့တာ ပေါ့နော်။ အဲဒါထောက်လှမ်းရေးက (၁၅) ယောက်လောက်က စောင့်ကြည့်နေတာပဲ။ သံစကာ နှစ်ထပ်ခြားပြီး တွေ့ခဲ့ကြရတာပါ” ဟု မမျိုးပပသိန်းက ပြောသည်။

ကိုမျိုးရန်နောင်သိန်းကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၁၃) ရက်တွင် အင်းစိန်ထောင် တရားရုံးမှ ထောင် (၂) နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း လမ်းမလျှောက်နိုင်ခဲ့သော ကိုမျိုးရန်နောင်သိန်းသည် ယခု ၀ါးလုံးထောက်ကာ လျှောက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“အထဲရောက်တော့လည်း အဆင်ပြေအောင်တော့နေကြရတာပေါ့။ အဆင်မပြေလည်း ပြေတယ်ပေါ့။ ကိုယ့်ဟာနဲ့ကို စိတ်ချမ်းသာအောင် နေကြတဲ့ လူချည်းပါပဲ။ ထိုင်ပြီးစိတ်ညစ်နေ လို့မှမရတာလေ။ သူတို့ အဆင်ပြေအောင် နေတယ်လို့ ပြောပါတယ်။ ကိုမျိုးကတော့ လမ်းစမ်းလျှောက် နေတယ်။ ဟိုတုန်းကတော့ ၀ါးလုံးတန်း ကိုင်ပြီးတော့ကို မတ်နိုင်တဲ့ အနေအထားမှာ မရှိဘူးလေ။ အခုတော့ ၀ါးလုံးထောက်ပြီးတော့ စမ်းလျှောက်နေပါပြီ။ ဒါကလည်း သူ့ဘာသူ ကြိုးစားတာပါ။ စမ်းချောင်း ကိုကိုကြီးတို့လည်း နေကောင်းကြပါတယ်။ ထောင်ဝင်စာက တရက်တည်း တွေ့ခဲ့ကြတာလေ။ သူတို့ကိုလည်း တွေ့ခဲ့ရပါတယ်” ဟု မမျိုးပပသိန်းက ကျန်းမာရေး အခြေအနေကို ပြောပြသည်။

ထောင်ဝင်စာတွေ့ခွင့် တလတခါအဖြစ် ပြောင်းလဲကန့်သတ်လိုက်စဉ်က ကိုဇော်မင်းသည် အစာငတ်ခံ ဆန္ဒပြခဲ့သော်လည်း ယခုအခါ ပုံမှန် ပြန်လည် နေထိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“ထောင်ဝင်စာတွေ့ခွင့်တွေစပြောင်းတုန်းက သူတို့အထဲက လူတွေက မသိလိုက်ဘူး။ မသိလိုက်တော့ ကိုဇော်မင်းကလည်း သူတဦးထဲလို့ ထင်မှာပေါ့။ အဲဒါကြောင့် အဲလိုဖြစ်သွား တယ်ထင်တာပဲ။ ကျမလည်း ကျမမောင်ကို ပြောခဲ့ရတယ်။ အကုန်လုံး တတိုင်းပြည်လုံးကို အဲလို ပြောင်းလိုက်တာလို့။ သူတို့လည်းအခုတော့ သိသွားကြပါပြီ” ဟု မမျိုးပပသိန်းက ပြောသည်။

Ref: ခေတ်ပြိုင်

Read more...

ဂြိုလ်တုစလောင်း စာရင်းကောက် ပြည်သူတွေ စိုးရိမ်

NEJ / ၁၈ ဖေဖော်ဝါရီ ၂၀၀၉

ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်မြို့လည် ဧရိယာတွေမှာ ဂြိုလ်တုစလောင်း တပ်ဆင်မှုနှင့် ပတ်သက်ပြီး လိုက်လံ စာရင်းကောက်ယူမှုတွေ ရှိနေတာကြောင့် ပြည်သူတွေအကြား စိုးရိမ် ထိတ်လန့်မှုများ ရှိနေကြောင်း စုံစမ်း သိရသည်။

ဗိုလ်တစ်ထောင်မြို့နယ် (၄၁) လမ်းအတွင်း နေထိုင်သူ တစ်ဦးက “ကျွန်တော်တို့ ရပ်ကွက်မှာ ဆက်သွယ်ရေးက ဝန်ထမ်း တစ်ယောက်၊ ရပ်ကွက် ရယက က တာဝန်ပေးသူ တစ်ယောက်၊ ကြံ့ဖွံ့ တစ်ယောက် ပါတဲ့ အဖွဲ့က စာရင်း လာကောက်သွားတယ်။ သူတို့ စာရင်းကောက်တာက တစ်အိမ်တက်ဆင်း လိုက်ပြီး ဘယ်အိမ် စလောင်းရှိသလဲ မေးတာမျိုး မဟုတ်ဘူး။ ခေါင်မိုးတွေပေါ် ကြည့်တယ်၊ ဂြိုလ်တု စလောင်း ထောင်ထားရင် တိုက်နံပါတ် ဘယ်လောက် အပေါ်မှာ စလောင်း ဘယ်နှစ်ခု ထောင်ထားသလဲ စာရင်းဖြည့်တယ်။ အဲဒီပုံစံ အဖွဲ့လေးတွေ ခွဲပြီး စာရင်း လိုက်ကောက်တာ၊ ဘာလုပ်ဖို့ လိုက်ကောက်တာလဲလို့ ကျွန်တော်က မေးတော့ အထက်က ကောက်ခိုင်းလို့ ကောက်တာ၊ မသိဘူးလို့တော့ ဖြေတယ်” ဆိုပြီး ပြောပြသည်။

ယခုလို ဂြိုလ်တုစလောင်း တပ်ဆင်ထားမှု စာရင်းလိုက်လံ ကောက်ယူမှုကြောင့် အချို့ စလောင်းကို ဖြုတ်သိမ်းသူများပင် ရှိနေကြောင်းလည်း စုံစမ်းသိရသည်။ ပုဇွန်တောင်မြို့နယ် အတွင်း နေထိုင်သူ တစ်ဦးက ယခုလို စာရင်း လိုက်လံ ကောက်ခံမှုကို တွေ့တာကြောင့် ၄င်းအိမ် မှာ တပ်ဆင်ထားသည့် ဂြိုလ်တု စလောင်းနှင့် ဆက်စပ်ထားသည့် ကြိုးများကို ဖြုတ်ပစ်လိုက်ပြီး ဖမ်းစက်များကိုလည်း သိမ်းထား လိုက်ကြောင်း၊ ခေါင်မိုးပေါ်က စလောင်းပြားကိုတော့ သိမ်းချင် သိမ်းပါစေဆိုပြီး ထားလိုက်ကြောင်း ပြောပြသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များမှာ အိမ်ထောင်စုတွေ၏ ပိုင်ဆိုင်မှု အလုပ် လုပ်ကိုင်မှုတွေနှင့် ပတ်သက်ပြီး စာရင်း ကောက်ခံစဉ် အချိန်ကလည်း ဂြိုလ်တု စလောင်း တပ်ဆင်ထားခြင်း ရှိမရှိ မေးမြန်းပြီး အချက် အလက်တွေ ကောက်ယူ သွားခဲ့ဖူးသည်။

နအဖ စစ်အစိုးရသည် ပြီးခဲ့တဲ့နှစ်က အထိ ဂြိုလ်တုစလောင်း တပ်ဆင်မှုတွေကို လိုင်စင်ဖြင့် ခွင့်ပြုပေးပြီး နှစ်စဉ်ကြေး ကောက်ခံသည်။ ၂ဝဝ၈ နှစ်ဆန်းမှာတော့ ပထမ နှစ်စဉ်ကြေးကို တစ်နှစ် ကျပ်(၁ဝ) သိန်းအထိ တိုးမြှင့် ကောက်ခံရမည် ဆိုပြီး ပြည်နယ်တိုင်းများရှိ မြို့အသီးသီးက ဆက်သွယ်ရေး ရုံးတွေထံ ညွှန်ကြားချက် ပို့ခဲ့သည်။ နောက်ပိုင်း အဆိုပါကိစ္စ ပြင်ပ မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သည့် အတွက် လိုင်စင် သက်တမ်းတိုးခြင်း ကို လုပ်မပေးတော့ဘဲ နေတာ ယနေ့အထိ ဖြစ်သည်။

လိုင်စင်သက်တမ်း ထပ်တိုးမပေးခြင်းကြောင့် မြန်မာ တစ်နိုင်ငံလုံးမှာ တပ်ဆင် ထားသည့် သိန်းနှင့်ချီ ရှိသည့် ဂြိုလ်တု စလောင်းဖမ်းစက်တွေ သက်တမ်း ကုန်ဆုံးပြီး တရားမဝင် တပ်ဆင်ထားသည့် သဘော သက်ရောက် သွားသည်။

စစ်အစိုးရ ဆက်သွယ်ရေး ဥပဒေအရ တရားမဝင် ဂြိုလ်တုစလောင်း တပ်ဆင်ထားမှုကို တွေ့ရှိပါက ဆက်စပ် ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းမည့်အပြင် တပ်ဆင် ကြည့်ရှုသူကိုလည်း အမြင့်ဆုံး ထောင်ဒဏ် (၇) နှစ်အထိ အပြစ်ပေး နိုင်သည်ဟု ပြဌာန်းထားသည်။

ပြီးခဲ့တဲ့ ၂ဝဝ၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားပြီးနောက် မုန်တိုင်းဒဏ် ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ နေအိမ်တွေမှာ တပ်ဆင်ထားသည့် စလောင်းအရွက်တွေ အားလုံးနီးပါး ပျက်စီးကုန်သည်။ နောက်ပိုင်း အလျင်အမြန် ပြန်လည် တပ်ဆင်ကြသည့် အတွက် စလောင်းအရွက် ဈေးနှုန်းတွေ မြင့်တက်ကုန်သည်။

သို့သော် ပြည်သူတွေ စလောင်းပြန်လည်တပ်ဆင်တာကို မလိုလားတဲ့ စစ်အစိုးရ အာဏာပိုင်တွေဟာ ဗိုလ်ဆွန်ပက်လမ်းနဲ့ ဘားလမ်းက ဂြိုလ်တုစလောင်း ရောင်းတဲ့ လျှပ်စစ် ပစ္စည်းဆိုင်တွေကို ဝင်ရောက် ဖမ်းဆီးတာ လုပ်ခဲ့သည်ဟု မြိုခံတွေက ပြောသည်။ ဂြိုလ်တု စလောင်းနှင့် ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်း သွားသည့်အပြင် ဆိုင်ပိုင်ရှင် တွေကိုလည်း ခေတ္တ ထိမ်းသိမ်း ထားခဲ့သေးသည်။ နောက်ပိုင်း ရန်ကုန်မှာ ဂြိုလ်တု စလောင်း ရောင်းချခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းမှာ မှောင်ခို သဘော ဖြစ်သွားသည်။

စစ်အစိုးရ အာဏာပိုင်တွေ ယခုကဲ့သို့ ဂြိုလ်တုစလောင်း စာရင်း ကောက်ယူ နေချိန်သည် အမေရိကန် အခြေစိုက် ဗွီအိုအေ အသံလွှင့် ဌာနက ဂြိုလ်တုစလောင်းမှ တဆင့် ရုပ်သံသတင်း စတင် ထုတ်လွှင့်မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ မူလက နော်ဝေ အခြေစိုက် ဒီဗွီဘီသာ ဂြိုလ်တု စလောင်းမှ ရုပ်သံလွှင့်မှု ရှိနေခဲ့ပြီး၊ ယခု ဗွီအိုအေ ကပါ ထုတ်လွှင့်လာသည့် အတွက် စစ်အစိုးရက ပိတ်ပင်မည့် သဘောမျိုးလည်း ဖြစ်နိုင်ကြောင်း အချို့ရန်ကုန် မြို့ခံတွေက သုံးသပ်နေကြသည်။

Ref: ခေတ်ပြိုင်

Read more...

Wednesday, February 18, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ် ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ - အပိုင်း (၃)

ဗိုလ်ထက်မင်း / ၁၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံဟာ အိမ်နီးချင်း နိုင်ငံများနဲ့ မတူပဲ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြလို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဟာ အလွန် အရေးကြီးပါတယ်။ နအဖ အနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဒို့တာဝန် အရေးသုံးပါး အဖြစ် ခိုင်ခိုင်မာမာ ရပ်တည် အော်ဟစ် နေပေမဲ့ လက်တွေ့မှာတော့ လက်နက်နှင့် အာဏာကို ရှေ့ တန်းတင်ကာ စီးပွားရေးနဲ့ လဲလှယ်ပြီး မမှန်မကန် နိုင်ငံရေး အမြတ်ထုတ်ဖို့သာ ကြံစည် ခဲ့တာကြောင့် အစစ်အမှန် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဟာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသား ပါတီ တော်တော်များများဟာ နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ရွေးချယ်ခံခြင်း မပြုဖို့ သဘောထား ရှိခဲ့ကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ Ref: အပိုင်း (၁) နဲ့ (၂) ကို ဖော်ပြခဲ့ ပြီးတဲ့နောက် ဒီနေ့မှာတော့ အပိုင်း (၃) ကို ဆက်လက် တင်ပြသွားပါမယ်။ စစ်အာဏာရှင် တွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ဘယ်လို နည်းဗျူဟာ သုံးပြီး၊ ဆက်ဆံရေး ချဉ်းကပ်တဲ့ ပုံစံသစ်ကို ပြောင်းလဲ အသုံးပြု လာကြတယ်။ သူတို့ရဲ့  မဟာဗျူဟာ မူဝါဒရော ဘယ်လို ရှိလာတယ်၊ စစ်အာဏာ ရှင်ထိပ်ပိုင်း အချင်းချင်း သဘောကွဲလွဲမှု ရှိပြီး တိုင်းရင်းသားတွေ အပေါ် သဘောထား မှန်ကန်မှု မရှိပုံ၊ ရိုးသားမှု မရှိပုံ စတာတွေကို ဆက်လက် တင်ပြသွားပါမယ်။

ယခင် မဆလ စစ်အာဏာရှင်ဦးနေ၀င်း လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် တွေအပေါ် တောက်လျှောက် “အကြွင်းမဲ့ လက်နက်ချရေး” မူကိုသာ တရားသေ ဆုပ်ကိုင်ထားလို့ အပြန်အလှန် ယုံကြည်စွာ ဆက်ဆံမှု တော်တော်များများ ပျက်ပြယ်သွားခဲ့ပါတယ်။ အဲဒီလို အခြေအနေကို သုံးသပ်ပြီး န၀တ စစ်ခေါင်းဆောင် ဗိုလ်စောမောင်က တဆင့်လျော့ကာ၊ ဆက်ဆံရေးချဉ်းကပ် ပုံစံပြောင်းပြီး အခင်းအကျင်း နည်းဗျူဟာ စတင်ပြင်ဆင်ခဲ့ပါတယ်။

“လက်နက်ကိုင်ခွင့် ဆက်လက်ခွင့်ပြုပေးထား သော်လည်း သူတို့ကို စီးပွားရေး အခွင့်အလမ်း မက်လောက်အောင် လုပ်ပေးထားရင် ဇိမ်ခံတတ်လာပြီး ပျော်လာပါက လက်နက်ဟာ တုတ်လောက်မှ တန်ဖိုး မရှိတော့တဲ့ အနေအထား ဖြစ်အောင် ဖန်တီးကာ တဖြည်းဖြည်းချင်း လက်နက်တွေကို သိမ်းဖို့ နည်းဗျူဟာ” ချမှတ် ခဲ့ပါတယ်။ အကြွင်းမဲ့ လက်နက်ချရေးကို လုံးဝ မပြောတော့ပဲ ပထမဦးဆုံး အပစ်ရပ် အဖွဲ့များ ဖြစ်ကြတဲ့ ကိုးကန့်နဲ့ “၀” UWSA၊ ကချင် KIA တို့နဲ့ ဆွေးနွေး ကြတဲ့အခါ န၀တရဲ့  မဟာဗျူဟာ မူဝါဒအရ ဒို့တာဝန် အရေး သုံးပါးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လက်ခံလို၊ မလို အရင်ဆုံး မေးမြန်းပါတယ်။ အဲဒီအပစ်ရပ် အဖွဲ့တွေက သဘောတူ လက်ခံပြီ ဆိုပေမဲ့ တိုင်းရင်းသား ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကို ဆက်တိုက် တောင်းဆို လာခဲ့ပါတယ်။ ကကလှမ်းက တိုင်းရင်း သားအရေးနဲ့ နိုင်ငံရေးကို ပြောခွင့်မပြုခဲ့ပါ။ “ငါတို့ဟာ စစ်သားဖြစ်တယ်၊ နိုင်ငံကို စစ်ဥပဒေနဲ့ အုပ်ချုပ်နေတာ ဖြစ်တယ်။ တိုင်းရင်းသားတွေကို အဲဒီ ကိစ္စတွေ ကတိပေးတယ် ဆိုတာ သဘာဝ မကျဘူး၊ ငါတို့ဟာ ရွေးကောက်ခံထားတဲ့ သူလည်း မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စ ဆွေးနွေးလို့လည်း တရားမ၀င်ဘူး၊ ဒီကိစ္စတွေကို အမျိုးသား ညီလာခံကျမှ ဆက်လက် ဆွေးနွေးကြပါ” လို့ ပြန်ပြောခဲ့ကြပါတယ်။

အဲဒီနောက် ဒို့တာဝန်အရေး “၃” ပါး ကို တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေက လက်ခံ သဘောတူပြီးနောက် နယ်မြေ သတ်မှတ်မှု အပြန်အလှန် လုပ်ပါတယ်။ မိမိပိုင် နယ်မြေကို ၀င်လာမယ် ဆိုပါက ဆက်ဆံရေးရုံး (ယခင် ထောက်လှမ်းရေးတပ်များ) တွေကို အကြောင်းကြား ခွင့်တောင်းပြီးမှ ၀င်ရန်နဲ့ လက်နက် ကိုင်ဆောင်ပြီး “မ” ၀င်လာရန် ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်များ ထားပါတယ်။

လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေ ဘောင်ကို ၀င်တယ် ဆိုတဲ့ စကားလုံးကိုတော့ အကျေအလည် ရှင်းလင်း ဆွေးနွေး ခဲ့ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အပစ်ရပ် တိုင်းရင်းသားတွေဟာ လက်နက် ကိုင်ဆောင် ထားတဲ့ အတွက် မြန်မာနိုင်ငံ နယ်မြေအတွင်း ပြည်မ မြို့ တော်တွေကို ၀င်ရောက် လာချင်တယ် ဆိုရင်တော့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ နယ်မြေတရား ဥပဒေသကို လိုက်နာကြမှ ဖြစ်မယ်ဆိုပြီး ဆွေးနွေးကာမှ သူတို့က လက်ခံလာတဲ့ အတွက် လမ်းပွင့် သွားခဲ့ရပါတယ်။

အရင်ဆုံး ၀င်လာတဲ့ အဖွဲ့တွေကို “ရဲ” တပ်ဖွဲ့ရဲ့  ရာထူးနဲ့ အဆင့်မပေးပဲ လစာနဲ့ ရိက္ခာကိုတော့ ထောက်ပံ့ ပေးမယ် ဆိုပေမဲ့ နောက်ပိုင်းမှာ နအဖက မတတ်နိုင်တော့ပဲ ကတိ ပျက်လာကြသလို တိုင်းရင်းသား အဖွဲ့တွေကလည်း စည်းကမ်း ဖောက်လာတာတွေလည်း တွေ့ရပါတယ်။ အပစ်ရပ် အဖွဲ့တွေနဲ့ န၀တဟာ ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး စတင် အကောင်အထည် ဖော်ခဲ့ရာ ဗိုလ်စောမောင်က ဗိုလ်ခင်ညွှန့် ကို စတင် တာဝန်ပေးခဲ့ ပါတယ်။ ဗိုလ်ခင်ညွှန့်ရဲ့  ကိုးကန့်အဖွဲ့ကို စတင် တွေ့ဆုံခဲ့စဉ်က ရင်ဆိုင်ရတဲ့ ပြဿနာ တချို့ကို တင်ပြချင် ပါသေးတယ်။

ကိုးကန့် အဖွဲ့ဟာ ဗိုလ်ခင်ညွှန့်ရဲ့  အနီးကပ် လုံခြုံရေး တပ်ဖွဲ့တွေကို အ၀င်မခံပဲ ဖြစ်နေရာ လူကြီး လုံခြုံရေး အတွက် စိတ်ပူကာ ရမခ တိုင်းမှူးကတောင် တင်းမာတဲ့ မူဝါဒ စွဲကိုင်ပြီး မိမိတို့ဘက်က မလျော့ဖို့ တင်ပြ ပါသေးတယ်။ ဒီနေရာမှာ ဗိုလ်ခင်ညွှန့်က ငြိမ်းချမ်းရေး အတွက် စွန့်စားပြီး သူ့လုံခြုံရေး လက်နက်ကိုင်တွေကို ထားခဲ့ကာ သူနဲ့ PA နှစ်ဦးသာ ၀င်သွားခြင်းဖြင့် ယုံကြည်မှုနဲ့ လေးစားမှု စတင် တည်ဆောက်ခဲ့ပါတယ်။ န၀တ ထိပ်ပိုင်း စစ်အာဏာရှင်တွေ အချင်းချင်း အကြား အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေ အပေါ် ထားရှိတဲ့ သဘောထား မူဝါဒတွေ ကွဲလွဲနေတာကိုလည်း တင်ပြပါအုံးမယ်။ ထိုစဉ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်နေ တဲ့ ဗိုလ်စောမောင်ရဲ့  အရှိန်အ၀ါကြောင့် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ ဗိုလ်သိန်းဟန် တို့ဟာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းမှာကို မလွှဲ မရှောင်သာပဲ ပြန် မပြောရဲလို့ လက်ခံရပေမဲ့ သူတို့ စိတ်ထဲမှာတော့ ဘ၀င် မကျမှုတွေ မယုံကြည်မှုတွေ ပြည့်နှက်လျက် ရှိခဲ့ကြပါတယ်။

ဗိုလ်သန်းရွှေနဲ့ ဗိုလ်သိန်းဟန်တို့ဟာ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုဗိုလ်ချုပ်ကြီး အေးကို လက်ထက်က ဗိုလ်အေးကိုရဲ့  တပည့်ရင်းတွေ ဖြစ်ခဲ့ကြပြီး ကက (ကြည်း) စစ်ဦးစီးမှူး (ပထမတန်း) တာဝန်ကို ထမ်းဆောင်ခဲ့သူများ ပီပီ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။

တပ်မ (၈၈) မှာ ဗိုလ်သန်းရွှေ တပ်မမှူး ဖြစ်ခဲ့စဉ် ကလည်း ဗိုလ်သိန်းဟန်က ဒု တပ်မမှူး အဖြစ် အတူတူ နေခဲ့ကြ သူများ ဖြစ်ပါတယ်။ အလားတူ ဗိုလ်မောင်အေးကလည်း “၀” နဲ့ KNPP၊ တာကလယ်ရဲ့  “ရလလဖ” အဖွဲ့ တွေလိုမျိုး အပစ်ရပ် အဖွဲ့များအား မျက်စိ ဆံပင်မွှေး “စူး” နေပြီး “၀” နဲ့ ငြိမ်းချမ်းရေး လုပ်လာချိန်မှာလည်း ဟန့်တားမှုတွေ အများအပြား လုပ်ဆောင်ခဲ့ပါတယ်။

န၀တ၊ နအဖ ခေတ် အဆက်ဆက်တွေမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ ဒီ အပစ်ရပ် အဖွဲ့တွေကို သီးခြားစီ လက်ခံ တွေ့ဆုံခဲ့တဲ့ အခမ်းအနားမျိုးကို သတင်းတွေမှာ ဖော်ပြထားတာ မရှိခဲ့ကြောင်း တွေ့ရ ပါလိမ့်မယ်။ ပြည်ထောင်စုနေ့ ကဲ့သို့ မလွှဲမရှောင်သာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဟန်ပြလုပ်ရမဲ့ အခမ်းအနား မျိုးတွေမှာသာ အပစ်ရပ် အဖွဲ့တွေကို စုပေါင်းပြီး “ပြီးစလွယ်” အချိန်တိုတိုနဲ့ လက်ခံ တွေ့ဆုံတဲ့ အကြိမ်မျိုးတောင် အလွန်နည်းပါး ပါတယ်။

ဒါပေမဲ့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့ဟာ သူတို့ရဲ့  စစ်ရေး နိုင်ငံရေးနဲ့ ပတ်သက်လို့ အကြပ်အတည်း တွေ့လာပြီ ဆိုရင် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို လိုရင် လိုသလို အသုံးချ ခိုင်းစေကာ ရပ်တည်ရေး၊ စားဝတ်နေရေး၊ တိုင်းရင်းသား အခွင့်အရေးများ ကိုတော့ ပေးဖို့ လက်တုံ့နှေးကာ ကတိပျက် ပစ်ပယ်ခဲ့ကြတာ တပုံ တပင်ကြီး တွေ့ရှိနိုင်ပါတယ်။

လိုရင်းပြောရရင် စစ်အာဏာရှင်တွေဟာ သူတို့ မနိုင်လို့ တိုင်းရင်းသား အချင်းချင်း အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းတဲ့ နည်းဗျူဟာနဲ့ အခွင့်အရေး တန်းတူ မပေးပဲ သွေးခွဲအုပ်ချုပ် စည်းလုံးညီညွတ်မှု မရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အတွက် ကြိုးစား အားထုတ်ကြရင်း ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ကြဖို့ တိုက်တွန်း တင်ပြလိုက် ရပါတယ်။

Ref: ခေတ်ပြိုင်

Read more...

ဒေါ်စုလွတ်မြောက်ရေး လက်မှတ်တွေ ပဲခူးမှာ ကောက်နေပြီ

ဖနိဒါ
ဖေဖေါ်ဝါရီလ 17 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုကို ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်များက ယခုလ ၁၄ ရက်နေ့က စတင်လိုက်သည်။

ပဲခူးတိုင်း အရှေ့ဘက်ခြမ်း ဒိုက်ဦး၊ ကဝ၊ သနပ်ပင်၊ ဝေါနှင့် အနောက်ဘက်ခြမ်း သာယာဝတီ မြို့နယ်များတွင် ပါတီဝင် လူငယ်များက လူထုထဲတွင် လိုက်လံ၍ လက်မှတ်များ ရေးထိုးစေခြင်း ဖြစ်သည်။

"ကျမတို့ လူထုထဲကို လိုက်ထိုးခိုင်းနေပါတယ်။ လူငယ် တာဝန်ခံတွေကနေ လိုက်ထိုးနေပါတယ်။ လူတွေကလည်း စိတ်ဝင်စားကြတယ်။ တချို့လည်း ကိုယ့်ဆန္ဒအတိုင်း မထိုးရဲဘူး။ ကြောက်ကြတယ်လေ။ အမှန်တော့ လူတွေဟာ ကိုယ့်စိတ်ထဲက ဆန္ဒအတိုင်း လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ လူ့အခွင့်အရေးကို လူတိုင်း နားမလည်ကြတော့ ခက်တယ်" ဟု တိုင်း အန်အယ်ဒီအဖွဲ့ဝင် ဒေါ်ခင်ညွန့်မူက မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ပါတီအဖွဲ့ဝင်များ၊ အလုပ်သမားများ၊ ဆိုက်ကားဂိတ်၊ ဆရာဝန်နှင့် ရှေ့နေများ အပါအ၀င် လူတန်းစား ပေါင်းစုံက လက်မှတ်ထိုး ကြသည်ဟု သူက ဆိုသည်။

နိုင်ငံရေး လှုပ်ရှားမှုကြောင့် မတရား အကျဉ်းကျခံနေရသည်ကို ပိုမို သိရှိလာရန် အသိပေး ဖြန့်ဝေမှု ဖြစ်ပြီး၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် လှုပ်ရှားမှု ဖြစ်ကြောင်း သူက ပြောသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နှင့် မန္တလေးတိုင်း မိတ္တီလာမြို့နယ် သဲတောရွာတွင် ပါတီဝင်များက ဆုတောင်းပွဲများ ပြုလုပ် ခဲ့သည်။

ဒေါ်ခင်ညွန့်မူက "ဒီမနက်ပိုင်းက ၆ နာရီမှာ ပဲခူး ရွှေမော်တောဘုရား အင်္ဂါထောင့်မှာ ပန်း၊ ဆီမီးတွေ ကပ်လှူပြီးတော့ ဝတ်ပြုဆုတောင်းတယ်။ ၈ နာရီမှာတော့ သံဃာအပါး ၃ဝ လောက်ကို ဆွမ်းလောင်း ခဲ့ပါတယ်" ဟု ပြောသည်။

မိတ္ထီလာမြို့တွင် သံဃာအပါး ၁၃ဝ ပါးကို ဆွမ်းလောင်းခဲ့သည်ဟု မြို့နယ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

ထို့အပြင် မိတ္ထီလာတွင် ရေနှင့် လျှပ်စစ်မီး ၂၄ နာရီ ရရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လက်မှတ်ထိုး တောင်းဆိုသည့် စာအား ယမန်နေ့က စာတိုက်မှတဆင့် နေပြည်တော်သို့ ပို့ခဲ့သည်။

"ရေမီး အပြည့်အဝ ရရှိရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၅၀၀ ကျော်ကို နေပြည်တော်ကို လိပ်မူပြီး ပို့တယ်။ လူထုပါဝင် လှုပ်ရှားနိုင်တဲ့ လမ်းကြောင်းအနေနဲ့ လက်မှတ် ထိုးထားကြတယ်။ ရဲရဲတင်းတင်း ထိုးကြတယ်။ လက်မှတ်ပေါင်း ၅၁၃ ယောက် ကောက်ခံရတယ်" ဟု သူက ပြောသည်။

စာထဲတွင် မိတ္ထီလာမြို့ပေါ် ၁၃ ရပ်ကွက်ကို အေ၊ ဘီ၊ စီ ဟူ၍ ပိုင်းခြားကာ ၆ နာရီခြားတခါ လျှပ်စစ်မီး ပေးဝေသော်လည်း မည်သည့်အခါမှ ၆ နာရီအပြည့် မရကြောင်းနှင့် မိတ္ထီလာ ရေကန်ကြီးကို မြင်နေရသော်လည်း သောက်သုံးရေ မရသဖြင့် အဝီစိတွင်းသာ အားကိုးရကြောင်း သိရှိစေရန် တင်ပြ အပ်ပါသည်ဟု ဆိုထားသည်။

စာကို မိတ္တူကူး၍ မိတ္ထီလာခရိုင် အာဏာပိုင်အဖွဲ့များဖြစ်သည့် ခယက၊ မယက၊ ခရိုင်နှင့် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးများနှင့် မန္တလေးတိုင်းနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ ရုံးများသို့ ပေးပို့ခဲ့ကြသည်။

"ကျီကုန်းဆိုရင် ၁ဝ ရက်တခါ လာတယ်။ အခု တလကျော် မလာဘူး။ သီရိမင်္ဂလာဆို ၄ ရက် တခါလာ။ ၇ ရက်နေ့က လာတာ၊ ဒီနေ့ထိ မလာဘူး။ ဒါ မဖြစ်သင့်ဘူး၊ ဒီလောက် တိုးတက်တဲ့ ကမ္ဘာမှာ ရေလေးတော့ ပုံမှန် လာသင့်တယ်။ ရတနာပုံ တလကျော်ပြီ။ မလာဘူး။ သာယာကုန်း ရပ်ကွက်ဆိုလည်း မလာဘူး။ တကယ်တော့ ရေမီး မလာတာဟာ ၁ဝ စုနှစ် တခုလောက်တောင် ရှိပြီလို့ ပြောလို့ ရပါတယ်" ဟု သူက ဆိုသည်။

ယခု လှုပ်ရှားမှု ပြုလုပ်စဉ် အောင်ဇေယျရပ်ကွက် ဆယ်အိမ်မှူးမှ စာရွက်တွင် ပါရှိသည့် လက်မှတ်ထိုး သူများအား ခေါ်ယူကာ ၎င်းလုပ်ရပ်မျိုး မပြုလုပ်ရန် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

မကွေးတိုင်း ချောက်မြို့တွင်လည်း အန်အယ်ဒီ ပါတီဝင်များက အလားတူ လက်မှတ်မျိုး ကောက်ခံသည်ကို အာဏာပိုင်များက တန်ပြန်သည့်အနေဖြင့် ရေမီး ရရှိရေး လက်မှတ်ထိုးရာတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း လက်မှတ်မျိုး လိုက်လံ ထိုးခိုင်းနေသည်ဟု ချောက်မြို့ ဒေသခံက မဇ္ဈိမကို ပြောသည်။

ယခုလ ၈ ရက်နေ့က ရေမီး ရရှိရေး လက်မှတ်ပေါင်း ၈ဝဝ ကျော် ရရှိခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်မှတ်ပေါင်း တသောင်းထက် မနည်း ရမည်ဟု ခန့်မှန်းထားကာ လက်မှတ်များကို ယခုလ ၂၅ ရက်နေ့တွင် အာဏာပိုင်များထံ ပေးပို့မည် ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

Ref: မဇ္ဈိမ

Read more...

အလုံပိတ်ကားပေါ်မှ သေဆုံးသွားတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး လျော်ကြေးငွေ ရရှိ

Tue 17 Feb 2009, မိမွန်စွန်း

ထိုင်း Liberty Insurance Company ကနေ အလုံပိတ်ကားပေါ်မှ သေဆုံးသွားသော မြန်မာအလုပ်သမား ၅၄ ဦးကို လာမည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် လျော်ကြေး ငွေပေးမည်ဟု သိရသည်။

သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးထဲမှာ အလုပ်သမား ၄၆ ဦးကို ထိုင်းအာမခံ ကုမ္ပဏီမှ တစ်ဦးချင်း စီကို ထိုင်းဘတ်ငွေ တစ်သိန်းစီ လျော်ကြေးပေးမည် ဖြစ်ပြီး ယခုလော လောဆယ်တွင် ၃ သောင်းခွဲ အရင် ပေးမည်ဟု ရွှေ့ပြောင်းရေးရာ အလုပ်သမား တာဝန်ခံ (FTUB) ဦးတင်ထွန်းအောင်က ပြောသည်။

သေဆုံးသွားသောအလုပ်သမား ၄၆ ဦးတို့ မိသားစုဝင်များကို ကော့သောင်းမြို့တွင် ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးတို့ ပူးပေါင်းပြီး ၄င်းအလုပ်သမား မိသားစုဝင်များနှင့် အဆက်အသွယ် ရယူထားပြီး ဖြစ်သည်။ ကျန်ရှိသော အလုပ်သမား ၈ ဦးမှာ သက်သေ အထောက်အထား အခိုင်အလုံ မရရှိ သေးသောကြောင့် လျော်ကြေးပေးရန် အတည် မပြုနိုင်သေးဘူးဟု ဦးတင်ထွန်းအောင်က ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁၈ နေ့တွင် FTUB, Law Society of Thai နှင့် ရနောင်းမှာ ရှိသော NGOs အဖွဲ့အစည်း တို့နှင့် ပူးပေါင်းပြီး အလုပ်သမားများ လျော်ကြေး ထုတ်ယူရန်အတွက် ကူညီ လုပ်ဆောင်သွားမည် ဖြစ်သည်။

အလုပ်သမား ၄၆ ဦးတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံ ဘက်ကမ်းရှိ ကော့သောင်းမြို့ ကို ရောက်ရှိနေပြီး ရနောင်းမှာ ရှိတဲ့ ထိုင်းအစိုးရ အာမခံ ကုမ္ပဏီမှာ လျော်ကြေးငွေ ထုတ်ယူ ရမည်ဟု ၄င်းအလုပ်သမား ၄၆ ဦး ကိစ္စကို ကူညီ ဆောင်ရွက်ပေးနေသည့် ရနောင်းမှ NGOs ဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၏ဥပဒေအရ အာမခံကုမ္ပဏီ အနေနှင့် သေဆုံးသွားသော အလုပ်သမားများ အတွက် လျော်ကြေးငွေ ပေးဆောင်ရမည်ဟု ဒီအမှုကို လိုက်လံ ဆောင်ရွက်ပေးနေသည့် (NGOs) အဖွဲ့ အစည်းတို့က ပြောသည်။

မြန်မာအစိုးရအနေနှင့် အလုပ်သမား ၄၆ ဦး၏ အိမ်ထောင်စု စာရင်းကို ရရှိထားပြီး အာမခံ ကုမ္ပဏီကို တင်ပြသည့် အခါ ကုမ္ပဏီက မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးမှာ ထောက်ခံချက် ယူရမည်ဟု ဆိုသောကြောင့် အခုလို လျော်ကြေးငွေပေးတာ နောက်ကျရခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဧပြီလ ၉ ရက်နေ့ တွင် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ဝင်ရောက်လာသော မြန်မာ ရွေ့ပြောင်း အလုပ်သမား ၁၂၁ ဦးတို့သည် ရနောင်းမြို့မှ ဖူးကက်မြို့သို့ အလုံပိတ် ကုန်တင်ကား တစ်စီးဖြင့် ဝင်ရောက်လာစဉ် အလုပ်သမား ၅၄ ဦးတို့သည် ကား၌ တပ်ဆင်ထားသော လေအေးစက် ရပ်ဆိုင်း သွားသောကြောင့် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

“ထိုင်းအာမခံ ကုမ္ပဏီကတော့ အလုပ်သမား တစ်ဦးစီကို ယခု လောလောဆယ် မှာတော့ ဘတ် ၃ သောင်းခွဲ အရင် ပေးမမယ်၊ ကျန်ရှိနေတဲ့ ငွေတွေကိုတော့ အမှုပြီးမှ အားလုံး ပေးမယ်” ဟု ဦးတင်ထွန်းအောင် က ဆက်ပြောသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ထိုင်းနိုင်ငံ ရနောင်းရှိ Liberty Insurance Company သို့ မြန်မာ အလုပ်သမားများအား လျော်ကြေးငွေ ပေးခြင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၄င်းကိစ္စကို သိသော်လည်း အရေးကြီးသောအမှု ဖြစ်သည့်အတွက် ၄င်းတို့အနေဖြင့် ဖြေဆိုခွင့် မရှိဟု ဆိုသည်။

Ref: မွန်သတင်းအေဂျင်စီ

Read more...

ဂြိုဟ်တုစလောင်းများ ကန့်သတ်ရန် တိုက်တွန်း

နန်းဒေ၀ီ
ဖေဖေါ်ဝါရီလ 17 2009

နယူးဒေလီ (မဇ္စျိမ)။ ။ ပြည်ပမှ လွှင့်ထုတ်သော ရုပ်မြင်သံကြား လိုင်းများကို ဖမ်းယူ ရရှိနိုင်သော ဂြိုလ်တု စလောင်းများကို ကန့်သတ်စေရန် တိုက်တွန်း ရေးသားထားသည့် ဆောင်းပါးတပုဒ် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိလာသည်။

စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် စာရေးသူ ကျော်ရဲမင်းက "အဆိပ်ပင်ကို ဆက်ပြီး ရေ မလောင်းသင့်ပါ" ခေါင်းစီးဖြင့် လက်ရှိ မြန်မာပြည်သူ အများစု တပ်ဆင် အသုံးပြုနေသည့် ဆက်သွယ်ရေး ဂြိုလ်တု စလောင်း အများစုသည် တရားမ၀င် တပ်ဆင်ထားခြင်း ဖြစ်ပြီး နိုင်ငံတကာ အစီစဉ်များကို ဆင်ဆာ အဖြတ် မခံရဘဲ တိုက်ရိုက် ဖမ်းယူကြည့်ရှုနိုင်သည့် အတွက် ပြည်သူများအတွက် အဆိပ်အတောက် ဖြစ်စေနိုင်ကြောင်း ပြောဆိုထားသည်။

"စလောင်းကိစ္စဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး အမြင်နဲ့ ကြည့်ရင် အတွင်း ရိုးတွင်းခြင်ဆီ ထိအောင် တဖြည်းဖြည်း လှိုက်စားနိုင်တဲ့ အိုင်းအနာ ကြီးတစ်ခု စွဲကပ်နေခြင်း ဖြစ်တယ်ဆိုတာ မြင်တတ်၊ ကြည့်တတ်၊ နားလည်တတ်ဖို့ လိုသည်" ဟု ရေးသားထားသည်။

သို့သော်လည်း ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂကတော့ ဆောင်းပါးပါ ပြောဆို ထားချက်ကို သဘော မတူကြောင်း ပြောဆိုလိုက်သည်။

သတင်းသမဂ္ဂ -BMA ၏ အတွင်းရေးမှူး ဦးစံမိုးဝေက "နိုင်ငံတကာမှာ Satellite တွေ ချပေးနေတာပဲ။ အဆိပ် အတောက်ဆိုတာ ကြည့်တဲ့ လူအပေါ်မှာ မူတည်တယ်။ နိုင်ငံတကာ အစီအစဉ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပိတ်ပင် နေတာက ပြည်သူတွေရဲ့ နား၊ မျက်စိတွေကို လိုက်ပိတ်နေတာပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံသည့် ရုပ်မြင်သံကြား အစီအစဉ်များကို ဂြိုလ်တုမှ တဆင့် ထုတ်လွှင့်နေပြီး သတင်း၊ အင်တာဗျူး ကဏ္ဍ၊ စကားဝိုင်း၊ ကျန်းမာရေး၊ အင်္ဂလိပ်စာ ပို့ချချက် စသည့် အစီ အစဉ်များ ပါဝင်သည်။

နော်ဝေအခြေစိုက် DVB ၏ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကလည်း စစ်အစိုးရသည် လွတ်လပ်သည့် သတင်း မီဒီယာများ အပေါ် စိုးရိမ်လာပြီး ပိတ်ပင်ရန် ကြိုးစားလာခြင်း ဖြစ်သော်လည်း အောင်မြင်မှာ မဟုတ်ဟု ပြောသည်။

"ရုပ်မြင်သံကြားဆိုတာ အသံကော၊ ရုပ်ကော မြင်ရတော့ လူတွေအတွက် ပိုမိုထိရောက်တဲ့ သတင်း အချက်အလက် ပေးတယ်။ ဒါကြောင့် ခုလို လုပ်လာတာပါ"

"သတင်းအချက်အလက် ထွန်းကားတဲ့ခေတ်မှာ နည်းမျိုးစုံ ကြိုးစားပြီး ပိတ်မယ်၊ ထိန်းချုပ်မယ် လုပ်လည်း အောင်မြင်မှာ မဟုတ်ပါဘူး" ဟု သူက ပြောသည်။

ယခုအခါ ဗီအိုအေ မြန်မာပိုင်းကလည်း ရုပ်မြင်အစီအစဉ် စတင် ထုတ်လွှင့်ခဲ့ရာ စစ်အစိုးရ အာရုံ စိုက်လာကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ယခုလို ပြောသည်။

"ဗီအိုအေ ထပ်လာပြီဆိုတော့ ဒါကို ပစ်မှတ်ထားပုံ ရတယ်။ တနှစ်ကျော်တောင် ရှိပြီ၊ စလောင်းကိစ္စ ငြိမ်နေတာ။ " ဟု သူက ပြောသည်။

မြန်မာ့အလင်း ဆောင်းပါးက "စလောင်းမကြည့်ရရင် နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်ပါပြီ။ မျက်စိပိတ်၊ နားပိတ် ဖြစ်ကုန်ပါပြီလို့ အော်ချင် ဟစ်ချင်တဲ့ ပုဂ္ဂိုလ်ကျော်များ အတွက် MRTV-4 က အသင့်ရှိနေပါပြီ" ဟု ဆိုကာ ညွှန်းဆိုထားသည်။

MRTV-4 Pay TV အစီစဉ်များတွင် ဆင်ဆာခွင့်ပြုချက် ရထားသော ရုပ်ရှင်၊ National Geographic ၊ Discovery၊ Animal Planet၊ Euro sport စသည့် အစီစဉ်များ ထုတ်လွင့်ပြသပြီး နိုင်ငံခြား ရုပ်ရှင်အများစုကို မြန်မာ စာတမ်းထိုးပေးခြင်း၊ အားကစားများကို နောက်ခံ မြန်မာလို ပြောပေးခြင်းဖြင့် ၀န်ဆောင်မှုပေးသည်။

ဂြိုလ်တုစလောင်းမှတဆင့် နိုင်ငံရေး အမှောင့်ပယောဂပါ ပူးကပ်ပြီး ပစ်မှတ်နိုင်ငံ တနိုင်ငံ၏ ပြည်တွင်းရေး ၀င်ရောက် စွက်ဖက်မှု၊ လူထု ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု၊ ညစ်ညမ်း အစီအစဉ်များမှ အမျိုးသားရေး စရိုက်လက္ခဏာ၊ အမျိုးသားရေး စိတ်ဓာတ်ကိုပါ ရိုက်ချိုး ဖျက်ဆီးမှုအထိ ဖြစ်လာစေသည့်အတွက် အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်နေပြီဟုလည်း စာရေးသူ ကျော်ရဲမင်းက ရေးသား ထားသည်။

Ref: မဇ္စျိမ

Read more...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်စု တွေ့ဆုံဆွေးနွေးရန် ဒီချုပ် ထပ်လောင်းတောင်းဆို

ဖေဖေါ်ဝါရီလ 17 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်တို့ ကြိုတင် စည်းကမ်း သတ်မှတ်ချက် မထားဘဲ တွှေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အတိုက်အခံ နိုင်ငံရေး ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထပ်လောင်း တောင်းဆိုလိုက်သည်။

"အပြန်အလှန် ငြင်းခုံရေးသားနေကြမည့်အစား အဆုံးအဖြတ် ပေးနိုင်သည့် အဆိုပါ ပုဂ္ဂိုလ်ကြီး နှစ်ဦးတို့သည် ကြိုတင်၍ စည်းကမ်း သတ်မှတ်ချက်များ မထားဘဲ ကိုယ်တိုင်ကိုယ်ကျ အမြန်ဆုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြခြင်း သည်သာ တိုင်းပြည်အတွက် အထူးတလည် အကျိုးကျေးဇူးများ ပေါ်ပေါက်လာနိုင်ရန် အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။" ဟု အဖွဲ့ချုပ်၏ အင်္ဂါနေ့က ထုတ်ပြန်သော အထူး ကြေညာချက်တွင် ပါရှိသည်။

ကြေညာချက်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ တောမတ် အိုဂျေ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ လည်ပတ်နေခိုက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် "အစဉ်အမြဲ တံခါးဖွင့်ထားသည်" ဟု ပါရှိပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သာ ပြောင်းသာစွာဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဟု မေလ၊၂၀၀၂ ခုနှစ် က ပြောခဲ့သည့် စကားကို ထပ်မံကိုးကား ဖော်ပြထားသည်။

ထို့အပြင် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုံးရေး၊ စီးပွားရေး ပိတ်ဆို့မှုတို့သည် တိုင်းပြည်နှင့် ပြည်သူ လူထုကို အကျိုး မရှိကြောင်းနှင့် နှစ်ဦးနှစ်ဘက် ပူးပေါင်း ဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသို့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှ တဆင့် အကြောင်း ကြားထားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကိုယ်တိုင် မြန်မာနိုင်ငံသို့ လာ၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှသာ မြန်မာနိုင်ငံ၏ အခြေအနေသည် တစုံတရာ ပိုမို ကောင်းမွန် လာနိုင်မည် ဖြစ်ကြောင်း အန်အယ်ဒီက ယနေ့ပြောသည်။

"အဓိကကတော့ ဘန်ကီမွန်းကိုယ်တိုင် ဒီကြေညာချက်မှာပါတဲ့ သဘောထားတွေကို အခြေခံ ပြီးတော့ သူကိုယ်တိုင် မြန်မာပြည်လာပြီးတော့ ဆောင်ရွက်မယ်ဆိုရင် မစ္စတာ ဂမ်ဘာရီလာတဲ့ အခြေအနေထက်ကို ပိုပြောင်းလဲ လာနိုင်တယ်။ ဘန်ကီမွန်းရဲ့ သဘောထားကို သူကိုယ်တိုင် မြန်မာပြည်မှာ လာပြီးတော့ အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်ဆိုရင် ရာနှုန်းပြည့် အောင်မြင်မှုကြီး မရတောင် လက်ရှိ အခြေအနေထက် တစုံတရာ ကောင်းမွန်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်" ဟု အထူးကြေညာချက် အမှတ် ၂ /၀၂/၀၉ ကို ထုတ်ပြန်ပြီးနောက် အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် သင်္ဃန်းကျွှန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမသို့ပြောသည်။

ကုလအထွေထွေအတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ဇန်န၀ါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် နှစ်ဖက် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်အောင် ထပ်မံနားချ တိုက်တွန်းကြိုးပမ်းခဲ့ သော်လည်း အတိုက်အခံများက မအောင်မြင်သော ခရီးစဉ်ဟု တညီ တညွတ်တည်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

(ကိုဝိုင်း ထပ်မံ သတင်းပေးပို့သည်။)

Ref: မဇ္ဈိမ

Read more...

နှင်းဆီ လှုပ်ရှားမှုလုပ်သူ ၃ ဦး အဖမ်းခံရ

ကိုဝိုင်း
ဖေဖေါ်ဝါရီလ 17 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်သူများ အကြောက်တရားဖယ်ရှား တိုက်ပွဲဝင်ရေး အတွက် မြောက်ဥက္ကလာပ မြို့နယ်အတွင်း ''နှင်းဆီ'' လူထုလှုံ့ဆော်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သူ လူငယ် ၃ ဦး ယခုလ ၁၄ ရက်၊ ချစ်သူများ နေ့က အဖမ်းခံခဲ့ရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရေးထားပြီး၊ အကြောက်တရား ဖယ်ရှား၍ အခွင့်အရေး အတွက် တိုက်ပွဲဝင်ရန် နှိုးဆော်ထားသည့် "နှင်းဆီ" လှုံ့ဆော်မှုမှ စာရွက်များအား ထိုနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပ ရှိ အထက ၅ ၊ ၃ နှင့် ရဲစခန်းရှေ့ နံရံများတွင် လိုက်ကပ်ခဲ့သည့် အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင် ၃ ဦးအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"မနက် ၆ နာရီလောက်လည်းကျရော ကိုဖိုးတုတ် (စွမ်းအားရှင်အဖွဲ့ဝင်) က တိုင်လိုက်လို့ ရဲ ၂ ယောက်ရယ်၊ မီးသတ်ရယ်၊ စွမ်းအားရှင်ရယ်၊ ဖိုးတုတ်လည်း ပါတယ်၊ ရဝတ လည်း ပါတယ်။ ဒီ ၃ ယောက်ရဲ့ အိမ်ပေါ်ကို အတင်း တက်လာပြီးတော့ ရှာတယ်။ ကင်မရာတလုံး မိသွားတယ်ပေါ့။ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ စာရွက်တွေ မိသွားတယ်။ ပို့စ်ကဒ်လေး တွေလည်း ပါသွားတယ်" ဟု လျို့ဝှက် လှုပ်ရှား နေသော မြေသြဇာအဖွဲ့ တာဝန်ခံလူငယ်က မဇ္ဈိမကို ပြောသည်။ အဖမ်းခံရသူများမှာ ကိုအောင်ထက်မင်း၊ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်တို့ ဖြစ်သည်ဟု ဆိုသည်။

အဖမ်းအဆီး ကိစ္စနှင့် ပတ်သက်၍ မြောက်ဥက္ကလာ ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ရဲစခန်း၌ မရှိကြောင်းနှင့် စာကပ်သည်ကိုပင် မသိရှိကြောင်း တာဝန်ကျ ရဲဝန်ထမ်းတဦးက ဖြေကြားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) - အေအေပီပီ ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်ကမူ မြေသြဇာအဖွဲ့ဝင် ၃ ဦး အဖမ်းခံရသည်ကို ကြားသိသော်လည်း အမည်များကို မသိသေးကြောင်း ပြောသည်။

ယခုလှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြေလည်ပြီး ငြိမ်းချမ်းသော အနာဂတ်သစ် ပေါ်ထွန်းလာရန် ရည်ရွယ်၍ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave - GW)၊ အထက် ဗမာပြည် ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) ၊ အကောင်းဆုံး မြေသြဇာအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ယခုအဖွဲ့များသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက သံဃာဦးဆောင် ရွှေဝါရောင် လှုပ်ရှားမှုအပြီး တက်ကြွ လှုပ်ရှားသူ လူငယ်များ စုပေါင်းကာ အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင်၊ ကျောက်တံတားမြို့နယ်၊ သမိုင်းလမ်းဆုံ၊ မန္တလေးနှင့် ပဲခူးမြို့တို့တွင်လည်း လှုံ့ဆော်စာများ ကပ်ခဲ့ကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးများ လုပ်ဆောင်သဖြင့် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အဖွဲ့ဝင် ၁၇ ဦး အဖမ်းခံခဲ့ရကြောင်း မြေသြဇာအဖွဲ့က ဆိုသည်။

GW အဖွဲ့ဝင်များကလည်း "မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်" ဟု ဆိုကာ ဘတ်စ်ကားများ၊ တန်ခိုးကြီး ဘုရားများပေါ်တွင် နှင်းဆီပန်းများ ဝေခြင်း၊ စာကပ်ခြင်း၊ ပို့စ်ကဒ် ကျဲခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင် မြို့များတွင် ထိုနေ့က လုပ်ဆောင်ခဲ့ကြ သော်လည်း ဖမ်းဆီးခံရမှု မရှိကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ကိုမိုဃ်းသွေးက ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လမှစ၍ စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံထားရသူ GW အဖွဲ့ဝင် ၂၀ ဦးခန့်ရှိသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read more...

မြန်မာ့အရေး ပိုမိုထိရောက်တဲ့နည်းလမ်း အမေရိကန်အစိုးရ ရှာဖွေနေ

17 February 2009


မြန်မာစစ်အစိုးရကို စည်းရုံးဆွဲဆောင်ရေး နည်းလမ်းတွေ ရှာဖွေဖို့အတွက် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒကို အမြင်သစ် တမျိုးနဲ့ ကြည့်ရှုနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက် ပါတယ်။ ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်မှာ အင်္ဂါနေ့က လုပ်ခဲ့တဲ့ ဆွေးနွေးပွဲ တခုအတွင်း မစ္စစ်ကလင်တန်က အဲဒီလို ပြောခဲ့တာပါ။

မြန်မာလူထုအပေါ် စိုးရိမ်စိတ်နဲ့ ဂရုတစိုက်ရှိတဲ့အတွက် မိမိတို့ရဲ့ မူဝါဒကို ပြန်သုံးသပ် နေပါတယ်လို့ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး မစ္စစ်ကလင်တန်က ပြောသွားပါတယ်။

လက်ရှိ မြန်မာအစိုးရကို ဆွဲဆောင်စည်းရုံးဖို့ ဘယ်လို လုပ်ဆောင်ရင် ရမယ် ဆိုတာ သုံးသပ် နေကြောင်းနဲ့ မြန်မာလူထုကို ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်အောင် နည်းလမ်းတွေ ရှာဖွေ နေတယ်လို့လည်း ပြောသွားပါတယ်။ အဲဒီလို ထိရောက်မှုရှိမယ့် မူဝါဒတခု ရလာလိမ့်မယ်လို့ မျှော်လင့်ပါကြောင်းလည်း မစ္စစ်ကလင်တန်က ပြောသွားပါသေးတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သူတို့ရဲ့ ကိုယ်ပိုင် တိုင်းပြည်မှာ လွတ်လွတ် လပ်လပ် နေထိုင်နေကြတဲ့နေ့ကိုလည်း မြင်တွေ့လိုကြောင်း ပြောသွားပါတယ်။

Ref: VOA News

Read more...

လေပြင်းမုန်တိုင်းသတင်း မှားယွင်းကြောင်း မိုး/ဇလ ငြင်းဆို

17 February 2009

တနာရီ မိုင် ၁၀၀ ကျော်အထိ တိုက်ခတ်နိုင်တဲ့ စိုက်ဆင်း လေပြင်းတခု ဒီလ အတွင်းမှာ ဖြစ်ပေါ်နိုင်ဖွယ် မရှိဘဲ မိုးဦးကျ ကာလဖြစ်တဲ့ ဧပြီလကုန်နဲ့ မေလဆန်းပိုင်း လောက်မှာမှ ဖြစ်နိုင်ဖွယ် ရှိကြောင်း မိုးလေ၀သနဲ့ ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ဒီကနေ့ ဗွီအိုအေကို ပြောပါတယ်။ မကြာမီ ရက်တွေအတွင်းက ဖြန့်ချိခဲ့တဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဒီလအတွင်း ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြတာဟာ နားလည်မှု လွဲမှားတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြန်မာပြည်မှာ ထုတ်ဝေခဲ့တဲ့ ဂျာနယ် တစောင်မှာ ဒီလအတွင်း မိုင် ၁၀၀ ကျော် ပြင်းအားရှိတဲ့ စိုက်ဆင်းလေပြင်း ဖြစ်ပေါ်နိုင်တာကြောင့် လေကြောင်းရေကြောင်း ခရီးသွားသူတွေ သတိထားဖို့ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်ကို မေးမြန်း ကြည့်တဲ့အခါ ဒီလအတွင်း မဖြစ်နိုင်ဘူးလို့ သူက အခုလိုပြောပါတယ်။

“ဒီဂျာနယ်မှာပါတဲ့ စိုက်ဆင်းလေပြင်း ဒီလထဲမှာ ဖြစ်နိုင်တယ်ဆိုတာ မှားယွင်း ရေးသားခြင်း ဖြစ်တယ်။ အဲဒီဂျာနယ်က သူ့ဟာသူ တောင်းပန်ပါလိမ့်မယ်။ အမှားပြင်ဆင်ချက် ထည့်ပေးပါမယ်။ အဓိပ္ပာယ်ကောက် လွဲတာ ဖြစ်ပါတယ်။ စိုက်ဆင်းလေပြင်းက မိုးကြို ရာသီ၊ အကြမ်းဖျင်း ပြောရရင် ဧပြီ ၁၅ မှ မေ ၁၅ လောက်အတွင်း မိုးတိမ်တောင်တွေ ဖြစ်ရာက ဖြစ်တတ်တဲ့ သဘာဝ ဖြစ်ပါတယ်။”

မိုးဦးကျကာလတွေမှာ ဖြစ်တတ်တဲ့ စိုက်ဆင်း လေပြင်းဟာ မြန်မာပြည် နေရာအနှံ့မှာ ဖြစ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ဆက်ပြောပါတယ်။

“ဖြစ်တတ်တဲ့နေရာကတော့ မြန်မာပြည် အနှံ့ပဲဗျ။ တနည်းအားဖြင့်တော့ ပူပြင်းတဲ့ ဒေသတွေ အဖြစ် များပါတယ်။ မြစ်ဝကျွန်းပေါ်လည်း ဖြစ်ဖူးတယ်၊ မန္တလေးနားမှာလည်း ဖြစ်ဖူးတယ်၊ မွန်ပြည်နယ်မှာလည်း ဖြစ်ဖူးပါတယ်။ ရာသီကတော့ မိုးဦးကျ၊ နေရာဒေသကတော့ အဲဒီဒေသပေါ့။ ဒီဟာတွေဖြစ်ရင် အများအားဖြင့် လေကတော့ မုန်တိုင်းလောက် မပြင်းပါဘူး။ မပြင်းပေမယ့် ပြည်တွင်း ရေကြောင်းသွားတဲ့ သင်္ဘောတွေ အတွက်တော့ အန္တရာယ်ရှိနိုင်တယ်။ အန္တရာယ်ရှိခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။အဲဒါကို ကျနော်တို့က ကြိုတင်ပြောခြင်း ဖြစ်ပါတယ်။ ပင်လယ်တို့ ဘာတို့မှာ ပြဿနာမရှိဘူး၊ ဒီကောင်က ပြည်တွင်း ရေကြောင်းပဲ။ မြစ်တွေ ဘာတွေထဲ သွားတဲ့ လှေတို့ သင်္ဘောတို့ပဲ ရှိတယ်။ ရေစူး မများတဲ့ သင်္ဘောတွေ အတွက် အန္တရာယ် ရှိပါတယ်။”

ဒီလအတွင်းမှာ စိုက်ဆင်းလေပြင်း ကျရောက်နိုင်တယ် ဆိုတဲ့သတင်းကြောင့် ပြည်သူတွေ အကြားမှာ အထိတ် တလန့် ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့်တော့ အရင်နှစ် မေလက နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်က ဒေသခံ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေကြရကြောင်းကို ဒေသခံတွေက အခုလိုပြောပါတယ်။

“ကျနော်က စက်ကျွန်းကပါ။ ကျနော်လည်း အခု ထိတ်လန့်နေပါတယ်။ အိပ်လို့မရ၊ စားလို့မရ ဖြစ်နေပါတယ်။ မြို့ကို တက်လာမယ့် အခြေအနေကတော့ တောတွေမှာ အကုန်လုံး စုစည်းကုန်ပြီ။ အခုလို နောက်ထပ် မုန်တိုင်း တခု ဖေဖော်ဝါရီလထဲမှာ ကျမယ်ဆိုတော့ လူတွေကလည်း ငိုတာတွေရော၊ ရယ်တာတွေရော ဖြစ်ကုန်ကြပြီ။ မြို့ပေါ်တက်တဲ့ လူတွေကလည်း ရောက်လာကုန်ကြပြီ။ ကျနော်လည်း ဒီညနေပြန်မှာပဲ။ ကျနော့်မိသားစု မြို့ကိုခေါ်တော့မှာပဲ။ နေစရာ မရှိတော့လည်း ဘုန်းကြီးကျောင်း တည်းရမှာပေါ့။”

“အခုက အရပ်ထဲမှာ သူတို့က သေသေချာချာလည်း မဖတ်ကြဘူးလေ။ မုန်တိုင်း ကြေညာထားတယ်၊ ဖေဖော်ဝါရီ လ ထဲမှာ ကျမယ်ဆိုပြီးတော့ အထိတ်တလန့်၊ ကောလာဟလ ပုံစံမျိုးနဲ့တော့ ဒီရက်ထဲမှာ ပျံ့နှံ့နေတယ်။ ကျနော်တို့ကို မေးတော့ ကျနော်တို့လည်း ရှင်းပြရတာပေါ့။ ဘယ်မှာဖြစ်မယ်ဆိုတာ အတိအကျတော့ မသိဘူးပေါ့။ ဒီရာသီမှာ ဒီလိုဟာမျိုးတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သဘောပေါ့။ သူတို့ကတော့
ဒီ ဖေဖော်ဝါရီလထဲမှာ ကြိမ်းသေပေါက် ကျမယ့်ပုံစံမျိုး ရေးထားတယ်၊ ဖြစ်မယ်ပေါ့။ ကျနော်တို့ကလည်း ပထမ တကြိမ်တုန်းကလည်း နာဂစ်မုန်တိုင်း ကျခဲ့ဖူးတော့ အကုန်လုံးက ခံစားထားရတော့ ဒီရာသီ မိုးတွင်း ပြန်ရောက်မှာတောင် အားလုံးက ကြောက်နေကြတာ။”

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနကတော့ စိုက်ဆင်း လေပြင်း ကျရောက် တတ်တဲ့ ရာသီမှာ အထူးသတိထား ပြေးဆွဲဖို့နဲ့ လေပြင်းကျလာရင် ရေယာဉ်တွေကို အရေးပေါ် ပြောင်းရွှေ့ ခိုလှုံဖို့အတွက် ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူ ၁၄၀,၀၀၀ လောက် ကွယ်လွန် ပျောက်ဆုံး ခဲ့ပြီး ၅,၀၀၀,၀၀၀ ကျော်လောက် မုန်တိုင်းဒဏ် ခံခဲ့ရ ပါတယ်။

Ref: VOA News

Read more...

Monday, February 16, 2009

တတိယလှိုင်းခေတ် ပြောက်ကျားစစ် (၂)

ဂါမဏိ

၂ဝဝ၃ ဇွန်လ၊ ၂၄ ရက်မှာ အမေရိကန်သမတ ဘွတ်ရှ်က အယ်လ်ကေဒါ ခေါင်းဆောင်ပိုင်းဟာ လုံးဝနီးနီး အစွယ် ကျိုးသွားပြီလို့ ကြေညာခဲ့ပါတယ်။ ဘင်လာဒင်ကို မဖမ်းမိသေးပေမဲ့ အမေရိကန်ကိုရော၊ ကမ္ဘာကိုပါ အန္တရာယ် ပေးနိုင်တဲ့ အနေအထား မရှိတော့ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။ ဥရောပတိုက်နဲ့ အရှေ့ အလယ်ပိုင်းက ဗုံးခွဲမှု တွေဟာ ဘင်လာဒင်ကြောင့် မဟုတ်ဘဲ ဒေသခံ စစ်သွေးကြွတွေကြောင့်သာ ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

အခုတော့ အယ်လ်ကိုင်ဒါဟာ အမေရိကန်၊ ဥရောပနဲ့ ပါကစ္စတန် ထောက်လှမ်းရေး အရာရှိတွေ ထင်ခဲ့သလို အားပျော့ ချိနဲ့သွားတာ မဟုတ်ဘူးဆိုတာကို လက်ခံလာကြပါပြီ။ ဥပမာ တခုအနေနဲ့ ပြရရင် ဘင်လာဒင်ဟာ ၂ဝဝ၃ ခုမှာ ဆော်ဒီအာရေးဗျ နိုင်ငံထဲ “အိပ်ခိုင်းထားတဲ့”ကလပ်စည်းတွေကို နှိုးထ လှုပ်ရှားစေခဲ့ပြီး ကားဗုံးခွဲမှုတွေ လုပ်ကြံ သတ်ဖြတ်မှုတွေ တသီကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ၂ဝဝ၅ ခု လန်ဒန် မြေအောက်ရထား လိုင်း ဗုံးခွဲမှုတွေဟာ ပါကစ္စန်-အာဖဂန် နစ္စတန် နယ်စပ်က ဘင်လာဒင့် လက်ထောက်တွေ ညွှန်ကြားမှုအရ ဖြစ်ခဲ့တာ ကို အခုမှ သိလာရပါတယ်။

ပါကစ္စတန်သမတ မူရှာရပ်ဖ်ကို ၂ဝဝ၃ ခုနှစ်နှောင်းပိုင်းမှာ လုပ်ကြံခဲ့ရာမှာလည်း အောင်မြင်လုနီး ဖြစ်ခဲ့ပါသေး တယ်။ ၂ဝဝ၆ မှာ ဗြိတိန်နိုင်ငံက အမေရိကန်ကို ပျံသန်းတဲ့ ခရီးသည်လေယာဉ်ကို ဖောက်ခွဲဖို့လည်း လုပ်ခဲ့ပါ တယ်။

တကယ်တော့ အယ်လ်ကိုင်ဒါဟာ ဆိုဗီယက်စစ်တပ်နဲ့ ကေဂျီဘီ ထောက်လှမ်းရေး၊ ဆော်ဒီအာရေဗျ ပဒေသရာဇ် အာဏာရှင်စနစ်၊ စီအိုင်အေ ထောက်လှမ်းရေးနဲ့ အမေရိကန်- နေတိုးစစ်တပ် တို့ကို နှစ်ပေါင်းများစွာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့၊ ကတုံးပေါ်ထိပ်ကွက်နိုင်ခဲ့တဲ့ အတွေ့အကြုံတွေ ကနေ သင်ခန်းစာတွေ ထုတ်ယူနိုင်ခဲ့ပြီး မိမိရှင်သန် တည်တန့်ရေးနဲ့ ဆက်လက်တိုက်ပွဲ ဝင်ရေးအတွက် အသုံးချနိုင်ခဲ့ပါတယ်။

၂ဝဝ၁ ခု၊ စက်တင်ဘာ (၁၁) ရက်နောက်ပိုင်း အမေရိကန် ဝင်တိုက်တာကို တိမ်းရှောင်နိုင်ခဲ့တဲ့ အိုစာမာ ဘင်လာဒင်နဲ့ အယ်လ်ကိုင်ဒါ ဗဟိုအဖွဲ့ဟာ စောစောပိုင်းတုန်းက ခေါင်းဆောင်ပိုင်းတွေ ဖမ်းမိ ကျဆုံးခဲ့ တာတွေကို အခုအခါ ပြန်လည် အစားဖြည့် နိုင်ခဲ့ရုံမက ရန်ပုံငွေရှာ၊ လူသစ်စု၊ သင်တန်း ပေးတာတွေလည်း တိုးချဲ့ လုပ်လာနိုင်ပါ တယ်။ ဒါ့အပြင် မြေအောက် ပြောက်ကျားတပ်ဖွဲ့တွေ ထဲမှာ အကောင်းဆုံး ဝါဒဖြန့်ချိရေး ယန္တရားကိုလည်း တည်ဆောက် နိုင်ခဲ့ပါတယ်။

အယ်လ်ကိုင်ဒါအဖွဲ့ကို ဦးစီးကောင်စီတခုက ကိုင်တွယ် အုပ်ချုပ်နေပါတယ်။ ဒီကောင်စီဟာ လျော့လျဲလျဲ စုစည်း ထားတဲ့ လူအုပ်စုပုံစံ မပေါက်ဘဲ အဖွဲ့အစည်း ပုံစံကျကျနဲ့ ပုံမှန် အစည်းအဝေးတွေ ထိုင်ကြပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဘင်လာဒင်ဆီ အစီရင်ခံ တင်ပြရပါတယ်။ အရေးကြီး ဆုံးဖြတ်ချက် တချို့ကိုတော့ ဘင်လာဒင်က အတည်ပြုရပါတယ်။ ဗဟိုအဖွဲ့မှာ အင်အား (၂ဝဝ) လောက်ရှိပြီး အတော်များများက ပုံမှန် လစာ တွေရကြပါတယ်။ လက်အောက်ခံ အဖွဲ့တွေကိုတော့ ရန်ပုံငွေ ရှာဖွေရေး၊ ထောက်ပို့ စတဲ့လုပ်ငန်း တာဝန်အလိုက် ကလပ်စည်းတွေ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ဝင်တွေဟာ ဒေါင်လိုက် ဖွဲ့စည်းပုံအရ ကိုယ့်အစုထဲက လူတွေကိုပဲ သိကြပါ တယ်။ တခြားအစုတွေကို သိခွင့်မရှိပါဘူး။

အယ်လ်ကိုင်ဒါရဲ့ နံပတ် ၂ ခေါင်းဆောင် ဇာဝါဟီရီက ၂ဝဝ၇၊ ဒီဇင်ဘာလမှာ အင်တာနက် ပေါ်ကနေ မေးသမျှဖြေ ပေးမယ့် ချက်တင် ကဏ္ဍတခု ဖွင့်ခဲ့ပါတယ်။ အဲဒီမှာ သတင်းစာဆရာ တွေနဲ့ သာမန်လူတွေက မေးခွန်းပေါင်း ၁၈၈၈ ခုကို ချက်တင်ရိုက် မေးခဲ့တဲ့အခါ ဇာဝါဟီရီက ၂ ပတ်-၃ ပတ်အကြာမှာ ငါးပုံ တပုံလောက်ကို သေသေ ချာချာ ဖြေပေးခဲ့ပါတယ်။ အိဂျစ်က ဘာသာရေး အခြေခံဝါဒီ တယောက်မေးတဲ့ ထောက်လှမ်းရေး တွေဟာ မိစ္ဆာဒိဋ္ဌိ တွေ ဟုတ်မဟုတ်၊ သူတို့ကိုသတ်လို့ ပါဏာတိပါတာကံ ထိုက်မထိုက်မေးခွန်းကို ဟုတ်ကြောင်း၊ ဒါကြောင့် တယောက်မကျန် သတ်၍ရကြောင်း ဖြေပေးခဲ့သလို အယ်လ်ကိုင်ဒါရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို စိန်ခေါ်ရှုတ်ချ မေးခွန်း ထုတ်ထားတွေကိုလည်း ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဒီလိုလုပ်ငန်းတွေကို တာဝန်ယူစီစဉ်ပေးရတဲ့ အယ်လ်ကိုင်ဒါရဲ့ ပြန်ကြားရေးဌာန (ဝါ) ဝါဒဖြန့်ချီရေး မီဒီယာဌာနကို အယ်လ်ဆာဟာ့ဘ် (ဗမာလို တိမ်တိုက်များ) လို့ ခေါ်ပါတယ်။ ဒီမီဒီယာ အဖွဲ့ဟာ ၂ဝဝ၅ ခု မတိုင်မီက ကိုယ့်ဗီဒီယို အခွေတွေ ဖြန့်နိုင်ဖို့ အယ်လ်ဂျာဇီးယားရား ရုပ်သံ သတင်းဌာနလို တခြား မီဒီယာ ထွက်ပေါက်တွေ အပေါ် မှီခိုခဲ့ရပါ တယ်။ အင်တာနက်ပေါ်မှာလည်း ဗီဒီယို အပိုင်းတိုလေးတွေပဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်ဂျာဇီးယားရား ကလည်း ဒီကနေ့ မြန်မာလိုလွှင့်တဲ့ အသံလွှင့် ဌာနတွေလိုပဲ ဘင်လာဒင် မိန့်ခွန်းတွေကို ဖြတ်ချင်သလိုဖြတ် လွှင့်ချင်သလိုလွှင့်လို့ ဆိုလိုရင်း အဓ္ပိာယ် တလွဲတချော် ဖြစ်ရတာတွေ၊ အကြမ်းဖက်ဝါဒအားပေးတယ်လို့ ဥရောပနဲ့ အမေရိကန်က စွပ်စွဲမှာကိုစိုးရိမ်ပြီး မီဒီယာရဲ့ဘက်မလိုက်မှုဆိုတဲ့ စိတ်ကူးယဉ်ဝါဒကို ကျင့်သုံးတာတွေကြောင့် အယ်ကိုင်ဒါ အဖွဲ့သားတွေက မကျေလည်ကြပါဘူး။ ၂ဝဝ၅ ခု မှာဆိုရင် အယ်လ်ဂျာဇီးယားရားဟာ ဘင်လာဒင် မိန့်ခွန်းတွေကို လုံးဝ လွှင့်မပေးတော့ပါဘူး။ တဖက်မှာ အင်တာနက် ဝန်ဆောင်လုပ်ငန်းတွေ အနေနဲ့ အစ္စလမ် အစွန်းရောက် ဝက်ဘ်ဆိုက်တွေကို ပိတ်ပစ်ပေးဖို့လည်း အမေရိကန် အစိုးရနဲ့ မဟာမိတ်တွေက အောင်အောင် မြင်မြင် စည်းရုံး ဖျောင်းဖျနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အစ္စလာမ် ကွန်ပျူတာပါရဂူ တော်တော်များများ ကိုလည်း အရှင် သို့မဟုတ် အသေဖမ်းမိခဲ့ပါတယ်။

အယ်လ်ကိုင်ဒါဟာ ဒီနောက်ပိုင်းမှာတော့ နည်းပညာ ခုန်ပျံ ကျော်လွှားသွားနိုင်ပြီး ဗီဒီယို ခွေတွေကို အင်တာနက်ပေါ် တိုက်ရိုက် အပြည့် တင်နိုင်လာပါတယ်။ အယ်လ်ဆာဟာ့ဘ် မီဒီယာဌာနရဲ့ အယ်ဒီတာတွေနဲ့ ထုတ်လုပ်သူ တွေဟာ ဆိုနီ ဗေယို အမျိုးအစား လက်ပ်တော့ ကွန်ပျူတာတွေနဲ့ ထိပ်တန်း ဗီဒီယို ကင်မရာတွေသုံး၊ မိမိတို့ဖိုင်တွေ ကို ပီဂျီပီ ပရိုဂရမ်နဲ့ ဝှက်စာ သွင်းပြီးထားပါတယ်။ ၂ဝဝ၅ခုမှာ အယ်လ်ဆာဟာ့ဘ်က ဗီဒီယို (၁၆)ခွေ ထုတ်ခဲ့တယ်။ ၂ဝဝ၇ ခုမှာတော့ (၉၇) ခွေအထိ ခြောက်ဆ တိုးထုတ်လာပါတယ်။ အခုဆို သုံး-လေးရက် တခွေနှုန်းလောက် ထွက်နေပါတယ်။ အရည်အသွေးကလည်း သိသိသာသာ တိုးတက်လာပြီး ဗီဒီယိုအများစုမှာ ဘာသာပေါင်းစုံနဲ့ စာတန်းထိုးတာတွေ ပါလာသလို တချို့ အခွေတွေမှာ သုံးဖက်မြင် ကာတွန်း ရုပ်ရှင် သရုပ်ဖော်ပုံတွေလည်း ထည့်လာ နိုင်ပါတယ်။ သတင်းကား အဆင့် ရှိတဲ့ ဗီဒီယိုခွေ၊ အိုင်ပေါ့ဒ်ဖိုင်၊ လက်ကိုင်ဖုံးအတွက် ဗီဒီယိုဖိုင်၊ အမ်ပီသရီး အတွက် အသံ သက်သက်ဖိုင် စသဖြင့် အမျိုးအစားစုံစုံ ထုတ်လုပ်နေပါတယ်။

အမေရိကန်နဲ့ ဥရောပက အယ်ကိုင်ဒါ နောက်လိုက်တွေ၊ လိုလားသူတွေကို စည်းရုံး နိုင်ဖို့အတွက် ကာလီဖိုးနီးယား ဇာတိ လူဖြူ ဘာသာပြောင်းသမား အဒမ်ဂါဒန်ကို အသုံးချပြီး အမေရိကန်လေ၊ အမေရိကန်စရိုက်နဲ့ ကိုက်မယ့် ဗီဒီယို ရိုက်တာ၊ စကားအသုံးအနှုံး ထည့်တာမျိုးလည်း လုပ်ပါတယ်။ (ခရစ်ယာန် ဘာသာကနေ အစ္စလာမ်ဘာသာ ကို ကူးပြောင်းတဲ့ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပတိုက်သား လူဖြူတွေဟာ ဘာသာရေး ထက်သန်မှု ပိုပြလေ့ ရှိတဲ့အတွက် အစ္စလာမ် အကြမ်းဖက် အုပ်စုတွေထဲမှာ လုပ်ပိုင်ခွင့် ပိုရလာ၊ ရာထူး ပိုကြီးလာတတ်တယ်)။

အယ်လ်ကိုင်ဒါ-အယ်လ်ဆာဟာ့ဘ်ဟာ ကိုယ့်ကို အင်တာနက် ပေါ်ကနေ ခြေရာခံ မလိုက်နိုင်အောင်လည်း အယ်လ်ဖာဂျာ (အရုဏ်ဦး) လို့ခေါ်တဲ့ ကမ္ဘာအနှံ့က လူမသိ သူမသိ ဝက်ဘ်မာစတာ ကွန်ယက်ကြီးတခုကို တည်ထောင် သုံးစွဲလာပါတယ်။ ဒီထဲမှာ ဝက်ဘ်မာစတာ ၃ဝ-၄ဝ ပါဝင်ပါတယ်။ အယ်ဖာဂျာဟာ အယ်ကိုင်ဒါ ဗဟိုရဲ့ ဖိုင် တွေသာမက ဌာနခွဲတွေ၊ တာလီဘန်နဲ့ တခြားအစွန်းရောက် အစ္စလာမ်အဖွဲ့ ၄-၅-၆ဝ ရဲ့ ဝါဒ ဖြန့်ချိရေးကိုပါ အကျိုးဆောင်ပေးပါတယ်။ ဗီဒီယိုတွေကို အင်္ဂလိပ်၊ ဂျာမန်၊ အီတလီ၊ ပြင်သစ်၊ ပါ့ရှ်တူ၊ တူရကီနဲ့ တခြားဘာသာ စကားတွေနဲ့ စာတမ်းထိုးတာလည်း သူတို့ပဲ လုပ်ပေးပါတယ်။

အယ်လ်ဖာဂျာ ဖြန့်ချိရေးကွန်ယက်ဟာ ဗဟိုချုပ်ကိုင်မှု မရှိသလောက် ဖြစ်ပြီး လုံခြုံရေး အတွက် ဝက်ဘ်မာစတာ တယောက်နဲ့ တယောက် ပေးမသိပါ။ ကွန်ပျူတာ ဖောက်ထွင်းအလုပ် (ဟက်ကင်း)၊ မာလ်တီမီဒီယာ၊ ကွန်ပျူတာနဲ့ အင်တာနက် လုံခြုံရေးနဲ့ ဖြန့်ချိရေး လိုင်းတွေအတွက်လည်း “တပ်မဟာ”တွေ သီးခြား ဖွဲ့ထားပါတယ်။ အကြမ်းဖက် အဖွဲ့တွေဆီက ဝါဒဖြန့်ချိရေး ဖိုင်တွေရောက်လာရင် အယ်လ်ဖာဂျာ ကွန်ယက်က အင်တာနက်ပေါ် တင်ပေးပါတယ်။ တင်ထားတဲ့ အကြောင်းကိုလည်း လူသုံးများတဲ့ အစ္စလာမ် ဖော်ရမ်ဝက်ဘ်ဆိုက် တွေမှာ ကြေညာပေးတဲ့အတွက် ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေက ဗီဒီယိုတွေကို ကော်ပီကူး၊ တခြားဝက်ဘ်ဆိုက်တွေကို ထပ်ဖြန့်တာ၊ ယူတျူ့ဘ်တင်တာ လုပ်ကြပါတယ်။ ဖော်ရမ် ဝက်ဘ်ဆိုက်တွေ၊ ဂရုတွေကို ပါ့စ်ဝါ့ဒ် စကားဝှက်နဲ့ ကာကွယ်ထားပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ် ထားပါတယ်။ ဂရု တော်တော်များများမှာ အဆင့်မြင့် ဂရုမော်ဒရေတာ တွေကပဲ တင်ခွင့် ဖြုတ်ခွင့် ရှိတဲ့အတွက် ဘင်လာဒင် ဗီဒီယို အတုတင်တာမျိုး မဖြစ်ရအောင် ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် စီအိုင်အေက ဖောက်ဝင် ပုံမှားရိုက်ဖို့ အင်မတန် ခက်ခဲနေပါတယ်။ အယ်လ်ဖာဂျာဟာ လုံခြုံရေးကို ဦးထိပ်ထားတဲ့ အတွက် “နည်းပညာ မူဂျာဟစ်စစ်သည်” Technical Mujahid ဆိုတဲ့ လက်စွဲစာအုပ် တအုပ်တောင် ထုတ်ထားပြီး အင်တာနက်နဲ့ ကွန်ပျူတာမှာ ကိုယ့်ခြေရာလက်ရာ သူများ မလိုက်နိုင်စေဖို့၊ စိမ့်ဝင်ထိုးဖောက် မခံရစေဖို့နည်းနာတွေ၊ ဆောင်ရန် ရှောင်ရန်တွေဖော်ပြပေးထားပါတယ်။ လိုအပ်ရင် လိုအပ်သလို အစားထိုးနိုင်ဖို့ ဝက်ဘ်မာစတာ အသစ်တွေ အလွယ်တကူ စုဆောင်းနိုင်အောင်လည်း တည်ဆောက်ထားပါတယ်။ ဒါကြောင့် ကိုယ့် ကွန်ယက်ထဲ က လူ ၂ဝ လောက် အဖမ်းခံရရင် ခဏတဖြုတ်ပဲ အနှောင့်အယှက် ဖြစ်သွားပြီး သူတို့နေရာ အစားထိုးဖို့ လူ ၅ဝဝဝဝ ထဲကရွေး ဆက်လည် ပတ်နိုင်ပါတယ်။

အယ်လ်ကိုင်ဒါ ပြန်ကြားရေးဌာနဟာ ဘင်လာဒင်မိန့်ခွန်း သို့မဟုတ် တခြား အယ်လ်ကိုင်ဒါ ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကိုရိုက်ကူးပြီး တပတ်အတွင်း အင်တာနက်ပေါ် တင်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ၂ ပတ်-၃ ပတ် အေးအေးဆေးဆေး အချိန်ယူ တည်းဖြတ်ပြီးမှ ထုတ်လွှင့်လေ့ ရှိပါတယ်။ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘာ့ဒ် မြို့ ဗလီနီကို အစိုးရတပ်တွေ ဝင်စီး နင်းတိုက်ခိုက်ခဲ့တုန်းက နောက်တနေ့မှာပဲ အယ်ကိုင်ဒါ ခေါင်းဆောင်ရဲ့ တုန့်ပြန် ရှုတ်ချတဲ့ မိန့်ခွန်းကို အင်တာနက်ပေါ် တင်နိုင်ခဲ့ ပါတယ်။ ပက် ငြိမ်းချမ်းရေး၊ လေ့လာရေးဌာနက ညွှန်ကြား ရေးမှူး မိုဟာမက်ရာနာက အယ်လ်ကေဒါကို ချိနဲ့အောင် လုပ်ချင်ရင် ဘင်လာဒင်ထက် သူ့ရဲ့အိုင်တီ မန်နေဂျာကို အဓိကဦးတည် အမိဖမ်းသင့်တယ်လို့ ကောက်ချက်ချ ပါတယ်။

အယ်လ်ကိုင်ဒါဟာ ဗီဒီယိုခွေတွေ ထုတ်လွှတ်လွှင့်တင်ရာမှာ ရန်သူ့ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ အပိတ်ပင် မခံရဖို့ နဲ့ မူလ ထုတ်လွှတ်တဲ့ ဇာစ်မြစ်ကို ခြေရာ မကောက်နိုင်စေဖို့ ရိုးရိုးသာမန် နည်းနာတွေရော အဆင့်မြင့် နည်းပညာ တွေပါ ရောမွှေ သုံးစွဲပါတယ်။ ပထမဆုံး ဗီဒီယိုခွေတွေကို သမ်းဒရိုက် သေးသေးလေးထဲထည့်၊ ဆက်သားအဆင့် ဆင့်နဲ့ လူကိုယ်တိုင် မြွေလိမ်မြွေကောက် သယ်ယူလာပြီး အစ္စလာမ် ကွန်ပျူတာ ပါရဂူတွေဆီ ပို့ပေးပါတယ်။ ဒီ ပါရဂူတွေက အင်တာနက် ကဖီးဆိုင်တွေက တဆင့် ကမ္ဘာအနှံ့ အယ်လ်ဖာဂျာ ကွန်ယက်က တခြားအစ္စလာမ် ပါရဂူ တွေဆီ ပို့ပေးပြီးမှ အဲဒီလူတွေက အခမဲ့ ဝက်ဘ်ဆိုက်တွေ ဒါမှမဟုတ် ဖောက်ယူထားတဲ့ Hijacked ဝက်ဘ်ဆိုက် တွေကို နိုင်ငံပေါင်းစုံက ဆာဗာတွေ သုံးပြီး တင်ပါတယ်။

နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေဟာ ဘင်လာဒင် ဗီဒီယိုတွေရဲ့ မူလ ဇာစ်မြစ် နေရာကို ခြေရာခံလို့ မရသေးပါဘူး။ ဒါပေမယ့် အီရတ်နိုင်ငံက အယ်လ်ကိုင်ဒါ တာဝန်ခံ ဇာကာဝီက တော့ ၂ဝဝ၇ မေလအတွင်း ဗီဒီယို တခုမှာ သူ့ မျက်နှာကို ပြခဲ့ပြီး နှစ်လအကြာမှာ အမေရိကန် လေတပ်က တိုက်ခိုက် သုတ်သင်တာ ခံခဲ့ရပါတယ်။ တာလီဘန် တပ်မှူး မူလာဒါဒူလာလည်း တီဗီ အင်တာဗျူးတခု ပေးအပြီး ၃၆ နာရီအကြာမှာ နေတိုးတပ်တွေရဲ့ ချေမှုန်း သုတ်သင်မှုကို ခံသွားရပါတယ်။

အင်တာနက်စစ်မျက်နှာအပြင် လက်တွေ့ပထဝီမြေပြင် စစ်မျက်နှာမှာလည်း အစ္စလာမ် ပြောက်ကျား တွေက ထိုးထွင်း တီထွင်မှုတွေ လုပ်နေပါတယ်။ အဲဒီထဲက တခုကတော့ အီရတ်နိုင်ငံက ရှီအာ အစ္စလာမ် အစွန်းရောက်တွေ ၂ဝဝ၇ ခုနှစ်ကုန်ပိုင်းမှာ စသုံးလာတဲ့ လက်လုပ် ဒုံးအားသုံးဗုံး (သို့မဟုတ်) လက်လုပ် ဒုံးအားသုံးမော်တာ Improvised Rocket Assisted Munitions (IRAM) တွေ ဖြစ်ပါတယ်။ အဲဒါတွေက ဂက်စ်အိုး အလွတ်ထဲကို ယမ်းအချိန် ပေါင် ၂ဝဝ-၃ဝဝ နဲ့ သံတိုသံစတွေ ဘောစေ့တွေထည့်၊ ပိုက်လုံး(ဝါ) သံပြောင်းကြီးကြီး တခုထဲ ဒီဂက်စ်အိုးထည့်ပြီး ၁ဝ၇ မမ ဒုံးကျည်တွန်းအားနဲ့ ပစ်တာဖြစ်ပါတယ်။ ၁ဝ၇ မမ ဒုံးကျည်ဟာ မီတာ ၈၅ဝဝ ပြေး ပြီး ယမ်းအား တီအန်တီ ၃ ပေါင်လောက်ဘဲ ရှိပါတယ်။ အလေးချိန်များတဲ့ ဂက်စ်အိုးကို တွန်းရတဲ့ အခါကျတော့ ကိုက် ၁၅ဝ-၂ဝဝ လောက်ဘဲ သွားနိုင်ပါတော့တယ်။ ဒါပေမယ့် ဂက်စ်အိုးထဲ ထည့်ထားတဲ့ ယမ်းအား တအားများ တာရယ်၊ ဂက်စ်အိုး အခွံထူကြီး အစိတ်စိတ် အမွှာမွှာ ကွဲတာရယ်ကြောင့် ထိခိုက်နှုန်း များသွားစေပါတယ်။

ဒီဗုံးပျံတွေက ပစ်မှတ်မတိကျပေမဲ့ လမ်းဘေးထောင်ဗုံးတွေ၊ သာမန် မော်တာထုတာ၊ ဒုံးကျည် ပစ်တာတွေထက် ပိုပြီး ရန်သူများများကို တပြိုင်ထဲ သေစေနိုင်ပါတယ်။ ဒုံးပျံအား သုံးပေမဲ့ မော်တာလိုဘဲ ဒေါင့်မြင့် လမ်းကြောင်း ခုံးသွားတဲ့အတွက် အုတ်နံရံ အမြင့်တွေ၊ အဆောက်အဦးတွေကို ကျော်ပစ်လို့ ရပါတယ်။ အများအားဖြင့် ကုန်ကား နောက်ခန်းပေါ်တင်ပြီး အဝေးထိန်း ခလုတ်ဖြုတ် ပစ်လွှတ်ပါတယ်။ ကုန်ကားတစီးမှာ ဒုံးကျည် ၄-၅ လုံးကနေ ၁ဝ လုံး-၁၅လုံးအထိ တင်ပြီး အတွဲလိုက် ပစ်ပါတယ်။ အဝေးထိန်း ခလုတ်ကိုတော့ လက်ကိုင်ဖုံး ဒါမှမဟုတ် အဝတ်လျှော်စက် အချိန်ထိန်း ကိရိယာနဲ့ လုပ်ပါတယ်။ တခြား ဒုံးကျည်တွေထက် သာတာက အနီးကပ် ပစ်လို့ရပြီး ပေါက်ကွဲမှုအားလည်း ပိုကြီးပါတယ်။ အခုလို ဗုံးပျံနဲ့ တိုက်ခိုက်မှုကို ပြောက်ကျားတွေက ဗီဒီယို ရိုက်ထားပြီး လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘူလာ အဖွဲ့ပိုင် ရုပ်သံ လွှင့်ရုံကနေ ပြသခဲ့ပါတယ်။ ဒါပေမယ့် ဒီဗုံးပျံတွေကို ပထမဆုံး စ တီထွင်သုံးစွဲခဲ့တဲ့ ပြောက်ကျား တွေကတော့ အိုင်အာရ်အေ (မြောက်အိုင်ယာလန် ကက်သလစ်ပြောက်ကျား) တွေနဲ့ ကိုလမ်ဘီယာ နိုင်ငံက ပြောက်ကျားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဗုံးပျံတွေနဲ့ တတန်းတည်းလောက်ထိရောက်တဲ့ ဝါဒဖြန့်ချိရေး ဗီဒီယိုခွေကို ၂ဝဝ၇ စက်တင်ဘာမှာ အယ်လ်ကိုင် ဒါ ဒုခေါင်းဆောင် ဇာဝါဟီရီက ထုတ်လွှင့်ခဲ့ပါတယ်။ ရေပက် မဝင်အောင် ပိုင်ပိုင်နိုင်နိုင် ချည်ပြီးတုတ်ပြီး စကား ပြောတတ်တဲ့၊ မွတ်ဆလင်တွေရဲ့အဓိက မကျေနပ်ချက် (အရှေ့အလယ်ပိုင်း ဆိုင်ရာ အမေရိကန် ပေါ်လစီ) ကို ဦးတည် ပစ်မှတ်ထား နှိုးဆွလှုံ့ဆော် နိုင်စွမ်းရှိတဲ့ ဇာဝါဟီရီ တင်ဆက်တဲ့ “သစ္စာခွန်အား”လို့ နာမယ်ပေးထားတဲ့ ဒီ မှတ်တမ်းတင် သတင်းကား ဗီဒီယိုခွေဟာ မိနစ် ၈ဝ ကြာပြီး မွတ်ဆလင်တွေ အပေါ် အမေရိကန် အစိုးရရဲ့ ‘စော်ကား ထိုးနှက်မှု’တွေကို ရှည်ရှည်ဝေးဝေး ဇာတ်ကြောင်း လှန်ထားပါတယ်။ အမေရိကန် အစိုးရခေါင်းဆောင်တွေရဲ့ စကားတွေ၊ ရုပ်ပုံတွေ၊ အမေရိကန် သတင်းထောက်တွေရဲ့ သတင်းပေးချက်တွေနဲ့ အင်မတန် အနုပညာမြောက် ထိရောက်စွာ ဖြတ် ညှပ် ကပ် ချယ်သ တန်ဆာဆင်ထား ပါတယ်။ ဒါကြောင့် အမေရိကန် ဝက်စ်ပွိုင့် စစ်တ္ကသိုလ် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဌာနမှူး ဂျားရက်ဘရာချမ်က “ဒီ ဗွီဒီယိုဟာ အင်မတန့်ကို အဆင့်မြင့်ပြီး ဟတ်ထိ အောင် ရိုက်ထားလို့ ကျုပ်တို့အတွက် ဧရာမ ပြဿနာကြီး ဖြစ်နေတယ်။ ကြည့်ပြီးရင် ခေါင်းတငြိမ့်ငြိမ့်နဲ့ သူတို့ ပြော တာ ဟုတ်နိုင်တယ်လို့ကို ဖြစ်သွားရတယ်”လို့ ကောက်ချက်ချ ခဲ့ရပါတယ်။

ရည်ညွှန်း။ ဝါရှင်တန်ပို့စ် သတင်းစာ

ဂါမဏိ

Read more...

ဂျပန်သတင်းဌာန၏ဆု မြန်မာသတင်းထောက်ရရှိ

Monday, 16 February 2009 18:32 အေးလဲ့

သတင်းရယူစဉ် ဖမ်းဆီးခံရသည့် မြန်မာ လူငယ် သတင်းထောက် မအိမ့်ခိုင်ဦးအား ဂျပန်နိုင်ငံ အခြေစိုက် APF သတင်းဌာနက ဆု ချီးမြှင့်မည်ဟု သိရသည်။ APF သတင်းဌာနက၂၀၀၇ခုနှစ် ရန်ကုန်မြို့ ရဟန်း သံဃာများ၏ ဆန္ဒပြပွဲတွင် ဓာတ်ပုံရိုက်နေစဉ် သေနတ်ကျည်ဆံ ထိပြီး သေဆုံးခဲ့သည့် ၎င်းတို့၏ သတင်းထောက် မစ္စတာ ကန်ဂျီး နာဂအိ (Kanji Nagai)ကို ဂုဏ်ပြုသော အားဖြင့် အဆိုပါ ဆုကို စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဆုရရှိသူ မအိမ့်ခိုင်ဦးသည် ရန်ကုန်မြို့တွင် အပတ်စဉ် ထုတ်ဝေသော အီကိုဗွီးရှင်း (Eco Vision) ဂျာနယ်၏ သတင်းထောက် တဦး ဖြစ်ပြီး နာဂစ် မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူ များနှင့် ပတ်သက်သည့် သတင်း လိုက်နေစဉ် ဖမ်းဆီးခံခဲ့ရသည်။

မအိမ့်ခိုင်ဦးသည် APF သတင်းဌာနက နှစ်စဉ် ချီးမြှင့်မည့် အဆိုပါ ခန်းဂျိနာဂအိ ဆုကို ပထမဦးဆုံး ရရှိသူဖြစ်သည်။

အဆိုပါဆုကို ယခုလအတွင်း ပြုလုပ်မည့် မြန်မာသတင်းသမဂ္ဂ (BMA)၏ ညီလာခံတွင် ချီးမြှင့်မည်ဟု BMAအဖွဲ့၏ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မြန်မာနိုင်ငံမှာ သေဆုံးသွားရှာတဲ့ ဂျပန်လူမျိုး ဓာတ်ပုံ သတင်းထောက်ကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ ဒီဆုပေးဖို့ စီစဉ်တာ ဖြစ်ပါတယ်။ သူ့(မအိမ့်ခိုင်ဦး) ကိုယ်စား တစုံ တယောက်က လက်ခံ ရယူမှာဖြစ်တယ်။ ငွေသားဆု အနေနဲ့ အမေရိကန် ဒေါ်လာ ၁၀၀၀ ပေးမှာ ဖြစ်ပါတယ်” ဟု ဦးစံမိုးဝေက ဧရာဝတီ ကို ပြောပြသည်။

မအိမ့်ခိုင်ဦးအား ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ၂၀၀၈ ခုနှစ် စက်တင်ဘာလက ပြုလုပ်သည့် စစ်အစိုးရ သတင်းစာ ရှင်းလင်းပွဲ တခုတွင် Eco Vision ဂျာနယ် အယ်ဒီတာက မအိမ့်ခိုင်ဦး ထိန်းသိမ်းခံရသည်မှာ ၃လခန့်ရှိပြီ ဖြစ်သောကြောင့် အခြေအနေ သိလိုကြောင်း မေးခွန်း ထုတ်ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက စစ်ဆေးဆဲဖြစ်သည် ဟုသာ ဖြေကြား ခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အာဏာပိုင်တို့က မအိမ့်ခိုင်ဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ် ခဲ့သည်။ ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်ဟု သိရသည်။

Ref: ဧရာဝတီ

Read more...

မလေးလူမိုက်များက မြန်မာအလုပ်သမားရုံးရှေ့အထိ လာရောက်ရိုက်နှက်

NEJ / ၁၆ ဖေဖော်ဝါရီ ၂၀၀၉

မလေးရှားနိုင်ငံ ဆိုင်ဂမ်ဂလို့နယ်ရှိ အထည်ချုပ်စက်ရုံမှ မြန်မာ အလုပ်သမ များအား အကာကွယ် ပေးခဲ့ခြင်းကြောင့် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး ကော်မတီ (BWRPC) မှ အလုပ် အမှုဆောင်များကို စက်ရုံပိုင်ရှင်၏ လူမိုက်များက အသင်းရုံးခန်းအထိ ၀င်ရောက် ရိုက်နှက်ခဲ့ကာ အလုပ် အမှုဆောင်များကို မလေးရှားရဲကလည်း ခေါ်ယူ စစ်ဆေး လျက်ရှိကြောင်း ကော်မတီမှ အလုပ်အမှုဆောင် တဦးဖြစ်သူ ကိုရဲမင်းထွန်းက ပြောသည်။

အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမများအား အလုပ်ခေါ်ယူစဉ်က ကတိပြုထားသော လစာထက် လျော့ပေးမှုကြောင့် ပြဿနာဖြစ်ပွားရာ မြန်မာသံရုံးသို့ အကြောင်းကြား တိုင်ကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် (BWRPC) က ၀င်ရောက် ဆောင်ရွက် ပေးခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်အလုပ်သမ အများဆုံးပါဝင်သော မြန်မာ အလုပ်သမများ သည် လစာ လျော့ပေးမှုအပြင် အချိန်ပို ခိုင်းစေမှု၊ မတရား ဖိနှိပ်မှုများကိုလည်း ခံစားခဲ့ကြ ရကြောင်း ၄င်းတို့က ဆိုသည်။

“ကျနော်တို့ဆီ သူတို့မရောက်လာခင်က မြန်မာသံရုံးကို သွားတယ်လို့ ပြောတယ်။ အဲဒီမှာ အရာရှိ ဒေါ်သီတာ ထင်တယ်။ သူကပြောတယ်။ မင်းတို့ကို ငါတို့ခေါ်ထားတာမှ မဟုတ်တာလို့ ပြန်ပြောတယ်တဲ့” ဟု ကိုရဲမင်းထွန်းက ပြောသည်။

ထို့နောက် ဖေဖော်ဝါရီ (၁၄) ရက်တွင် အထည်ချုပ်စက်ရုံမှ မြန်မာ အလုပ်သမ (၁၅) ဦးနှင့် ကိုဖြိုးဆိုသူ အမျိုးသားတဦးတို့ (BWRPC) ရုံး၌ ရှိနေစဉ် စက်ရုံပိုင်ရှင်သူဌေး Mr. Kumar ၏ လူမိုက် (၂၀) က သံတုတ်များ၊ ဓားများဖြင့် ရုံးကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ အလုပ်အမှုဆောင် ကိုလင်းလင်းနှင့် ကိုဖြိုးတို့အား ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း၊ ကိုဖြိုးကိုလည်း မလေးရှားရဲများ ရှေ့တွင်ပင် လူမိုက်များက ကားပေါ် တင်ခေါ် သွားကြောင်း၊ အလုပ်အမှုဆောင် ကိုရဲမင်းထွန်း ကိုလည်း Ampang ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ ကိုဖြိုးအား ဖေဖော်ဝါရီ (၁၅) ရက်တွင် အလုပ်သမ များ၏ ပတ်စ်ပို့ စာအုပ်များဖြင့် လဲလှယ် ယူခဲ့ရပြီး ဒဏ်ရာ ရရှိထားသော ကိုဖြိုးအား ကွာလာလမ်ပူ ဗဟို ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်။ (BWRPC) မှ အလုပ်အမှုဆောင် များကိုလည်း ရဲစခန်းက ခေါ်ယူ စစ်မေးလျက်ရှိသည်။

“အခုကျနော် မြို့နယ်ရဲစခန်းကို လိုက်သွားနေရပါတယ်။ ကိုဖြိုးက ခေါင်းကို ထိသွားပြီး သွေးလည်း အန်နေတယ်။ ကျနော်တို့ကို အခုလောလောဆယ် အကူအညီ ပေးနေတာက ရှေ့နေ Ms. Lattheefa koya နဲ့ Ms.Florida တို့ပါ။ မလေး လူ့ အခွင့်အရေး အဖွဲ့အစည်းတွေကိုလည်း အကူအညီ တောင်းထားပါတယ်။ အခုဟာက တဖက်သတ် ခံရတာပါ။ မလေးရှား အစိုးရရဲ့ ဥပဒေကလည်း တဖက်စောင်းနင်း ဆန်ပါတယ်။ အလုပ်သမား ဥပဒေနဲ့ လ၀က ဥပဒေဟာ မညီညွတ်တာတွေ ရှိနေတယ်။ အဲဒါတွေကို ၂၀၀၇ -၂၀၀၈ ခုနှစ် ILO ကွန်ဖရင့်မှာ တင်ပြတုန်း ကလည်း ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာပါမယ်ဆိုပြီး၊ ယနေ့အချိန်ထိ မရှာသေးဘူး။ ဥပမာပြောရရင် အလုပ်သမား တယောက်ဟာ အလုပ်သမားရုံးမှာ သူ့အလုပ်ရှင်နဲ့ ပြဿနာတက်လို့ သွားတိုင်ထားရင် ရုံးက ဒီအလုပ်ရှင်ကို တရားစွဲဖို့ စီစဉ်နေတဲ့ အချိန်မှာ အလုပ်ရှင်က လ၀ကမှာ ဒီအလုပ်သမားကို ကျနော် မကြိုက်တော့တဲ့ အတွက် သူ့နိုင်ငံကို ပြန်ပို့ပါတယ်ဆိုရင် ပို့လို့ရနေတယ်။ အလုပ်သမားရုံးက တားလို့ မရဘူး။ အဲဒီအချက်က လုံးဝ မမျှတတဲ့ အချက်ကြီး” ဟု ကိုရဲမင်းထွန်းက ဆိုသည်။

မြန်မာအလုပ်သမား အခွင့်အရေးကာကွယ်ပေးရေး ကော်မတီတွင် အသင်းဝင် (၈၀၀) ကျော်ရပြီး အလုပ်အမှုဆောင် (၁၉) ဦးရှိသော်လည်း (၂) ဦးမှာ အလုပ်သမား ရေးရာများ ဖြေရှင်းရာတွင် အလုပ်ရှင်များ အဖွဲ့နှင့် ရိုက်ပွဲ ဖြစ်ရခြင်းကြောင့် ဖမ်းဆီးခံခဲ့ရကာ (၅) ဦးကို လည်း မလေးရှား အာဏာပိုင်များက တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှုဖြင့် အရေးယူထားကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read more...

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ ၂၀၀၈ အကြံပေးချက်တွေ မအောင်မြင်

ဟန်တင်အောင် / ၁၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံသို့ (၆) ရက်ကြာခရီး ရောက်ရှိနေသည့် ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနား၏ ၂၀၀၈ ခုနှစ်က စစ်အစိုးရအပေါ် အကြံပေးချက်များ မအောင်မြင်ဟု ရန်ကုန်မြို့မှ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးမင်းလွင်က ခေတ်ပြိုင်သို့ ပြောသည်။

၂၀၀၈ ခုနှစ်ခရီးစဉ်အတွင်း စစ်အစိုးရအား ပြုပြင်ရန် အချက် (၄) ချက်ကို ကင်တားနားက တင်ပြ ခဲ့သော်လည်း ယနေ့ စစ်အစိုးရ လုပ်ရပ်များမှာ အဆိုပါ အကြံပေးချက်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီး ဦးမင်းလွင်က ထောက်ပြသည်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားအား စစ်အစိုးရက ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကချင် ပြည်နယ်တို့အား လိုက်လံပြသရန် မှန်းထားသော်လည်း၊ အောက်ခြေ လူထုနှင့် တွေ့ခွင့်ရမှသာ အခြေအနေမှန် သိနိုင်မည်ဟု ဦးမင်းလွင်က ယူဆသည်။

၂၀၀၈ ခုနှစ် ကင်တားနား၏ စစ်အစိုးရအပေါ် အကြံပြုချက်များကိုကြည့်လျင်

မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များကို အခြေခံ ဥပဒေသစ်၊ နိုင်ငံတကာ တာဝန် ၀တ္တရားများ နှင့် အညီ ပြန်သုံးသပ်ရန် ဆိုသည့် အပိုင်းပါသည်။ အခြေခံဥပဒေသစ် အခန်း (၁) နှင့် (၈) တို့တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ တွေးတော ကြံဆခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးဖွဲ့စည်းခွင့် စသည့် အခွင့်အရေးများ ပေးထားသည်ဟု အမျိုးသား ညီလာခံ ကျင်းပရေးကော်မရှင်နှင့် တွေ့ဆုံရာတွင် မစ္စတာ ကင်တားနားကို ပြောကြားခဲ့သည်။

ထိုအခွင့်အရေးများသည် လူ့အခွင့်အရေး ကြေညာ စာတမ်းအပုဒ် (၁၉)၊ (၂၀) တို့တွင် ပေးထားသည့် အခွင့်အရေး နှင့်လည်း ကိုက်ညီသည်။ ထို့ကြောင့် မြန်မာပြည်သူ လူထု အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်စဉ်၌ ထိုအခွင့် အရေးများကို ခံစားပိုင်ခွင့် ရှိကြောင်း တင်ပြထားသည်။ အဆိုပါ အခွင့်အရေးများကို ကန့်သတ် ချုပ်ချယ်ထားသည့် ပြည်တွင်း ဥပဒေအချို့ကို သုံးသပ်ပြင်ဆင်ရန် အကြံပြုသည်။

သို့သော် စစ်အစိုးရဘက်ကမူ ၂၀၁၀ ရွေးကောက်ပွဲမှတဆင့် သူတို့ချမှတ်သည့် Road Map အတိုင်းသွားရန်ကိုသာ စိုက်လိုက်မတ်တတ်ပြောနေသည်။ ထို့ကြောင့် အန်အယ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရတို့၏ နိုင်ငံရေး ရည်မှန်းချက်မှာ မျဉ်းပြိုင်လိုဖြစ်နေ သည်ဟု ဦးမင်းလွင်က ပြောသည်။

“အစိုးရဘက်က ၂၀၁၀ ရွေးကောက်ပွဲကတဆင့် သူတို့ ရုဒ်မက် အတိုင်းသွားမယ်။ ဒီဘက်က အန်အယ်လ်ဒီနဲ့ ကျနော်တို့လို ၀ါရင့်အဖွဲ့တွေက တွေဆုံ ဆွေးနွေးဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေ ဘယ်လိုပဲ ပြောပြော လမ်းပိတ်တဲ့ နေရာရောက်ရင် သူတို့ပြန်လှည့်လာ ရမယ်လို့ ကျန်တော်တို့ ယုံကြည်တယ်။ ဒီအချိန်မှာ ဆွေးနွေးရမှာပဲ။ နောက်တချက်က စစ်ခေါင်းဆောင်တွေလဲ အသက်ကြီးပြီ။ အကြီးဆုံး ပုဂ္ဂိုလ်ဆိုရင် (၇၀) ကျော်ပြီ။ တချိန်မှာ ငါတို့ လွဲနေပါလားဆိုတဲ့ အသိမျိုး ရလာနိုင်ပါတယ်။ ဒါ အတွေ့အကြုံနဲ့ ဆိုင်တယ်” ဟု ၀ါရင့် နိုင်ငံရေးသမားကြီး ဦးမင်းလွင်က သူ့အမြင်ကို ပြောသည်။

ထိုအကြံပြုချက်များကို ကုလသမဂ္ဂအထွေထွေ ညီလာခံက ထုတ်ပြန်သည့် မြန်မာနိုင်ငံ အခြေ အနေနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် မစ္စတာ ကင်တားနားက ဖော်ပြထားခြင်း ဖြစ်ပြီး မြန်မာ စစ်အစိုးရ အနေဖြင့် အခြေခံ ဥပဒေအား ပြန်လည် သုံးသပ်ပြင်ဆင်မှုများကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဆောင်ရွက်ရန်လည်း မစ္စတာ ကင်တားနားက တိုက်တွန်းခဲ့ သည်။ မစ္စတာ ကင်တားနားသည် ၂၀၀၈ ခုနှစ် သြဂုတ် (၃) ရက်မှ (၇) ရက်ထိ မြန်မာသွား ရောက်ခဲ့သည့် ခရီးစဉ်အပြီး စက်တင်ဘာလ၌ ယင်း အစီရင်ခံစာကို ပြုစု ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်ခရီးစဉ်က ကင်တားနား၏ အကြံပေးချက်များကို စစ်အစိုးရက မလိုက်နာသည့် အတွက် ၂၀၀၉ ယခုတခေါက်တွင် ကင်တားနား၏ အကြံပေးချက်များကို စစ်အစိုးရဘက်က လိုက်လျောရန် အခွင့်အလမ်း နည်းပါးနေသည်ဟု ရန်ကုန် နိုင်ငံရေးအကဲခတ်များက ယူဆသည်။

Ref: ခေတ်ပြိုင်

Read more...

Sunday, February 15, 2009

ဂျီဆဲဗင်း နိုင်ငံတွေရဲ့ ဆွေးနွေးပွဲပြီးဆုံး

15 ၊ ‌ဖေ‌ဖော်‌ဝါရီ 2009

အီတလီနိုင်ငံ ရောမမြို့မှာ ပြုလုပ်နေတဲ့ စက်မှု ၇ နိုင်ငံက ဘဏ္ဍာရေး ၀န်ကြီးတွေနဲ့ ဗဟိုဘဏ် ဥက္ကဌ တွေရဲ့ လက်ရှိ ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အစည်းအဝေး ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ရောမ ဆွေးနွေးပွဲမှာ နိုင်ငံတချို့က အမေရိကန်က ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လမ်းကြောင်းဖက် ယိမ်းချင်ချင် ဖြစ်နေတာကို စိုးရိမ် ထိတ်လန့်မှု ပြခဲ့ကြပြီး နိုင်ငံတွေ ကြေညာချက်မှာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ပုံစံဟာ ကမ္ဘာ့ စီးပွားရေးကို ပိုလို့သာ ဆိုးစေမှာ ဖြစ်တယ်လို့ ပြောခဲ့ကြကာ အဲဒီလမ်းကြောင်းကို ရှောင်ဖို့ ထပ်လောင်း ပြောကြားခဲ့ကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Tinmothy Geithner က လွတ်လွတ်လပ်လပ် ကုန်သွယ်ရေး ပေါ်လစီဟာ စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ သာယာဝပြောရေး အတွက် မရှိမဖြစ် အရေးကြီးကြောင်း ပြောသွားခဲ့ပါတယ်။

ရောမ စည်းဝေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေ ပြန်ပြီး တည်တည်ငြိမ်ငြိမ် ဖြစ်လာရေးဟာ အရေးကြီးဆုံး အလုပ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

Ref: BBC News

Read more...

Saturday, February 14, 2009

နာမည်မသေသော ဖဒိုမန်းရှာ

Friday, 13 February 2009 19:03 အေးလဲ့

ကရင် တိုင်းရင်းသား ခေါင်းဆောင် ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများက သတိရနေကြဆဲ ဖြစ်သည်။

ထိုင်း မြန်မာ နယ်စပ်ဒေသ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ အကြားတွင် ဖဒိုမန်းရှာ ကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်မျိုး အလွန် ရှားပါးသည် ဟု ပြောဆိုနေကြသည်။

ဖဒိုမန်းရှာသည် မြန်မာစစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ခေါင်းဆောင် တဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့ က ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူ မည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။

“သူ့ကို ဆုံးရှုံးခဲ့ရတဲ့ ဆုံးရှုံးမှုက ကျနော်တို့ အတွက် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ သူရှိတုန်းက ဆိုရင် ကျနော်တို့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြည်သူတွေ သိအောင် နိုင်ငံတကာ သိအောင် ပြောဆိုတဲ့ အခါ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို လွှမ်းခြုံနိုင်တယ်။ တိုင်းရင်းသား လှုပ်ရှားမှု တွေကို လွှမ်းခြုံနိုင်တယ်” ဟု လူ့ဘောင်သစ် ပါတီ် ဥက္ကဌ ကိုအောင်မိုးဇော်က ပြောပြသည်။

“သူ မရှိတော့တဲ့ နောက်ပိုင်း အခြေအနေတွေမှာ အဲဒီလို လူမျိုးတယောက် နောက်ထပ် ပေါ်လာဖို့ အခြေ အနေဟာ အခုထိ မတွေ့ရသေးဘူး” ဟု ဆိုသည်။

ဖဒိုမန်းရှာကွယ်လွန်ပြီးနောက်တွင် KNU က ၎င်း၏နေရာ၌ ကရင် အမျိုးသမီး ခေါင်းဆောင် တဦး ဖြစ်သူ နော်စီဖိုးရာစိန်ကို တာဝန်ပေး ခန့်အပ်ခဲ့သည်။

ဖဒိုမန်းရှာသည် ကရင်တိုင်းရင်းသားထဲတွင်သာမက ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် လှုပ်ရှားသည့် အင်အား စုများ၊ တိုင်းရင်းသား အင်းအား စုများ အကြား လေးစား စံထားရသူ တဦးဖြစ်သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။

နောင်လာမည့် ကရင်မျိုးဆက်သစ် လူငယ်များအဖို့ ဖဒိုမန်းရှာကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှု အရေးတွင် ပါဝင်လာဖို့ အားပေး တိုက်တွန်းလိုသည် ဟုလည်း နော်စီဖိုးရာစိန်က ပြောပြသည်။

“ကျမတို့ ဒီတော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ကျမတို့ သွားချင်တဲ့ ပန်းတိုင် ကိုလည်း မရောက်သေး ပါဘူး။ ဒါကြောင့် ဒီ ပန်းတိုင် ရောက်တဲ့ အထိ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ ကရင် လူငယ်တွေ အတူအကွ ဆက်လက် တိုက်ပွဲဝင် သွားစေချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဟု ခေါ်သည့် အဖွဲ့မှ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင် က ဖဒိုမန်းရှာ ကွယ်လွန်ပြီး နောက်ပိုင်း KNU တွင် မျိုးဆက် ကွာဟမှုများ တွေ့ရသည်ဟု ဆိုသည်။

အပေါ် သူ၏ အမြင်ကို “KNU မှာလည်း ဖဒိုမန်းရှာတို့ ရှေ့ပိုင်း generation (မျိုးဆက်) နဲ့ ဒီ နောက်ပိုင်း generation ကြားထဲမှာ နည်းနည်း ကွာဟမှု ရှိနေသလိုပဲ။ ဒီနေရာမှာ နည်းနည်း အားနည်းချက်တွေ ရှိတယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

မနက်ဖြန် ကျရောက်မည့် ပဒိုမန်းရှာ ကွယ်လွန်ခြင်း တနှစ် ပြည့်သည့် နေ့တွင် နော်ဝေနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်းများက စုပေါင်းပြီး “မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းများဆု” ပေးပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်သည်။ ဖဒိုမန်းရှာ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် ၄ဦးကို ရွေးချယ်ထားသည်ဟု ဆိုသည်။

အခြားသုံးဦးမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဇိုမီးတိုင်းရင်းသား ခေါင်းဆောင် ဦးကျင့်ရှင်းထန်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆာင် ဦးအေးသာအောင် တို့ ဖြစ်သည်။

ဖဒိုမန်းရှာသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၆၂ခုနှစ်တွင် စတင် တက်ရောက်ခဲ့သည်။ ဇူလိုင် ၇ ရက် ကျောင်းသား လှုပ်ရှားမှု နှင့်လည်း ကြုံခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ ရရှိပြီးနောက် တောခိုကာ ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ အသက် ၆၄ နှစ်တွင် လုပ်ကြံခံခဲ့ရသည်။

ဖဒိုမန်းရှာသည် နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသား ကောင်စီ NCUB တွင်လည်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သည်။

ရေဆန်ဟူသော ကလောင် အမည်ဖြင့်လည်း ကဗျာ နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

ဖဒိုမန်းရှာ၏ သမီးတဦးဖြစ်သူ နမ့်ဇိုယာဖန်းက သူ၏ဖခင် ကွယ်လွန်ခဲ့သော်လည်း သူ၏ ဖခင် ကိုယ်စား ညီညီညွတ်ညွတ် လုပ်ကိုင်ကြရေး အတွက် တိုက်တွန်းလိုသည်ဟု ဆိုသည်။

နမ့်ဇိုယာဖန်းသည် ဗြိတိန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (Burma Campaign UK) ၏ တာဝန်ခံ တဦးလည်း ဖြစ်သည်။

ဇိုယာဖန်းက “ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစု အားလုံး စုပေါင်း လက်တွဲ အလုပ်လုပ်ကြဖို့၊ စစ်အစိုးရက ကရင်လူမျိုးတွေကို သွေးခွဲနေတာကို သိပြီးတာ့ ကရင်လူမျိုးများ အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

Ref: ဧရာဝတီ

Read more...

ဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်ပြန်ကြောင်း သတင်းရပ်ကွက်များ အပြောအရ သိရသည်။

မကြာမီအသက် ၈၂ နှစ် ပြည့်မှာဖြစ်သော စစ်မှုထမ်းဟောင်းကြီး ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ချထားသည်မှာ ငါးနှစ် ပြည့်မြောက်သည့် သောကြာနေ့တွင် သက်တမ်း တိုးလိုက်ခြင်း ဖြစ်သည်ဟု သတင်း ရပ်ကွက်က ပြောသည်။

သက်တမ်းတနှစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု သတင်း ရပ်ကွက်များက ပြောသော်လည်း စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကျန် ခေါင်းဆောင်များပင် အတည်ပြုရန် ခက်ခဲ နေသည်။

"အကျယ်ချုပ်သက်တမ်းတိုးလိုက်တာကို အသေအချာ မပြောနိုင်သေးပေမယ့် ဒီနေ့မှာ သူရဲ့ အကျယ်ချုပ် သက်တမ်းက ငါးနှစ်ပြည်တယ် ဆိုတော့ အစိုးရက သက်တမ်းတိုးတာ ဖြစ်နိုင်ပါတယ်" ဟု ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ရန်ကုန်အခြေစိုက် မဇ္ဈိမသတင်းထောက်တဦးကလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်သည်ဟု ကြားသိရသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန ဘက်မှ အတည်ပြုချက် မရနိုင်သေးဘဲ ရှိသည်ဟု ဆိုသည်။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာပြည် အထက်ပိုင်း ဒီပဲယင်း ဒေသတွင် နိုင်ငံရေး စည်းရုံးရေးခရီး လှည့်လည်စဉ် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော လူဆိုး၊ လူမိုက်များက အကြမ်းဖက် တိုက်ခိုက် ခံရပြီး အဖမ်းခံခဲ့ရသည်။

သူ့ကို ဗွေဆော်ဦးတွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင် ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန် နေအိမ်သို့ ခေါ်ဆောင်ပြီး အိမ်ချုပ် ချထားခြင်း ဖြစ်သည်။

အဖွဲ့ချုပ်အဆိုအရ လက်ရှိဥပဒေတွင် နေအိမ်အကျယ်ချုပ် သက်တမ်းသည် ဆက်တိုက် ငါးနှစ် ပြည့်ပြီးလျှင် ဆက်လက် တိုးမြှင့်၍ မရဟု ဆိုသည်။

Ref: မဇ္ဈိမ

Read more...

ကုလလူ့အခွင့်အရေး အထူးသံ မြန်မာပြည်သို့ ပြန်လာမည်

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဂျီ ကွင်တားနား စနေနေ့တွင် မြန်နိုင်ငံသို့ ရောက်ရှိပြီး ခြောက်ရက် ကြာမြင့်မည့် ခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ရုံးက ကြေညာ လိုက်သည်။

ကုလသမဂ္ဂရုံးက သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက် တခုအရ ကွင်တားနားသည် သြဂုတ်လ ၂၀၀၈ ခုနှစ်က သွားရောက်ခဲ့သော ခရီးစဉ်နောက်ပိုင်း တိုးတက် ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ လေ့လာ ပြုစုသွားမှာ ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိကြာမြင့်သော အထူးသံတမန်၏ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်၊ ကရင်နှင့် ကချင်ပြည်နယ် များသို့ပါ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားများစွာနှင့် တွေ့ဆုံခွင့် ပြုရန် မေတ္တာရပ်ခံ ထားသည်ဟု ကုလသမဂ္ဂရုံးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် အခြေခံ ပြည်သူပြည်သား အခွင့်အရေးများ ဆုံးရှုံး စေသည့် ဥပဒေများကို ပြန်လည် ပြင်ဆင်မှုပြုပြီး နိုင်ငံတ၀ှမ်း အကျဉ်းထောင်များတွင် ချုပ်နှောင် ခံထားရသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကို လွှတ်ပေးမှုများ ပြုလုပ်ရန် ကွင်တားနားက စစ်အစိုးရကို အကြံပြုထား ခဲ့ဖူးသည်။

ထို့အပြင် စစ်တပ်ကို လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လေ့ကျင်ပေးရေး၊ ပြုပြင် ပြောင်းလဲမှု လုပ်ရန်နှင့် လွတ်လပ်သော တရား စီရင်ရေး စနစ်ဖြစ်အောင် အပြောင်းအလဲ လုပ်ရန်တို့ ပါဝင်သည်။

စစ်အစိုးရ၏ ဒီမိုကရေစီသို့ကူးပြောင်းရေးအဆင့် ၇ ဆင့်အနက် ၅ ခု မြောက်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အဆိုပါ အချက် ၄ ခုကို လုပ်ဆောင်သွားရန် ကွင်တားနားက ပြောဆိုထားသည်။

ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မေ ၂၀၀၈ ခုနှစ်တွင် ခန့်အပ် ခဲ့အပြီး အထူး သံတမန်၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက် ဖြစ်လာခဲ့သည်။

Ref: မဇ္ဈိမ
.....

Read more...

အရေးကြီးပြီ သွေးနီးကြပါစို့ (၂)

ဦးအောင်ဆက်ပိုင် / ၁၃ ဖေဖော်ဝါရီ ၂၀၀၉

နာက်ဆုံးတချက်ဖြစ်တဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေး ပါရစေ။ ကျနော်တို့ နိုင်ငံဟာ လွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်း (၆၀) ကျော်လာပါပြီ။ တကယ်ရော တည်တံ့ ခိုင်မြဲနေပါသ လား။ ဒီမေးခွန်းကို ကျနော့်ဘာသာ ဖြေကြည့်မိပါတယ်။ ဒီနေ့ ဆုံးရှုံးနေပြီ လို့ပဲ ခံယူမိ ပါတယ်။

နားလည်ခံစားမိသမျှတင်ပြရရင် ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရလက်ထက် တရုတ်ပြည် နယ်စပ် တနေရာမှာ တပ်စစ်ရင်းနဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ဟာ တောင်ကုန်း တခုပေါ်ကနေ အဝေးက နှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ် နိုင်ငံသားတွေ တဖွဲဖွဲ ၀င်ရောက်နေတာကို တွေ့တော့ ဗိုလ်မှူးချုပ် မောင်မောင်က စိုးရိမ်တကြီးနဲ့ ဒီလို လူဝင်မှု ပြဿနာတွေကို ရေရှည်မှာ တားဆီးနိုင်ဖို့ စီစဉ်ဆောင်ရွက်သင့် ကြောင်း တင်ပြခဲ့ပါတယ်။

သူ့အကြံကတော့ နယ်စပ်မျဉ်းတလျှောက် မြန်မာနိုင်ငံဘက် အခြမ်းမှာ စစ်မှုထမ်းဟောင်း မိသားစုများနဲ့ ကျေးရွာများ တည်တောင်ဖို့၊ တကယ်လို့ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ရင် တားဆီးပြီးသား ဖြစ်နေသလို နောက်ဆုံး ဆက်ဖြစ်ပေါ်နေရင်လည်း သွေးနှောမှုတွေ ဖြစ်ပေါ်ပြီး တိုင်းရင်းသား အသစ်တွေသာ ပေါ်ပေါက် လာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အတွင်းပိုင်းအထိ ထိခိုက်မှု မရှိနိုင် ကြောင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင်အထည် မပေါ်လာ နိုင်ခဲ့ပါဘူး။ တလောကတော့ နအဖအနေနဲ့ ဒီကေဘီအေ ဗုဒ္ဓဘာသာ ကရင်အဖွဲ့ကို နယ်ခြားစောင့် တပ်အနေနဲ့ ဖွဲ့စည်း အသွင်ပြောင်းမယ်လို့ ကြားလိုက် ရတာဟာ ဒီသဘောမျိုး ပါလားလို့ပဲ ထင်မြင်မိပါတယ်။

တရုတ်ပြည်နဲ့ပတ်သက်လို့ သုံးသပ်ရလျှင် လွတ်လပ်ရေး ရပြီးနောက် ကေအမ်တီ တရုတ်ဖြူအရေး ပေါ်ပေါက် ခဲ့ရတာ၊ ကေအမ်တီကို စီအိုင်အေက ထောက်ပံ့ပေးခဲ့တာ၊ တပ်မတော်က ဗိုလ်ချုပ် ထွန်းတင် ဦးစီးပြီး ကွမ်းလုံ ရက် (၄၀) ဟိုက်ကမ်းပါး တိုက်ပွဲ အပါအ၀င် အပြင်းအထန် ခုခံတိုက်ခိုက်ပြီး နိုင်ငံတော်ကို ကာကွယ် ခဲ့ရတာတွေကို အားလုံး မှတ်မိကြမှာပါ။ သမိုင်းတင်ခဲ့တဲ့ အချက်တွေပါ။

ဒီဖြစ်စဉ်ကို ဆက်သုံးသပ်ရင် အဲဒီအချိန်က မြန်မာပြည်ရဲ့ လူဦးရေဟာ သန်း (၂၀) မပြည့်သေးပါ။ အဲဒီ အချိန်က အင်္ဂလန်နိုင်ငံ လန်ဒန်တိုင်းမ် သတင်းစာကနေ ဆောင်းပါးတပုဒ် ပါလာပါတယ်။ တရုတ်ပြည် အနေနဲ့ မြန်မာပြည်ကို သိမ်းချင်ရင် စစ်ဝင်တိုက်ဖို့ မလိုပါဘူး။ တရုတ်ပြည်က အချောဆုံး၊ အလှဆုံး အမျိုးသမီးငယ် သန်း (၂၀) လောက် မြန်မာပြည်ထဲ ပို့လိုက်ရင် မြန်မာလူမျိုး ပျောက်သွား ပါလိမ့်မယ်တဲ့။ တနည်းတော့ တရုတ်ပြည် ဖြစ်သွားလိမ့်မယ် ဆိုလိုတာပါ။ ဒါဟာ အင်မတန်မှပင် စဉ်းစားဖွယ် အချက်တချက်ပါ။

ယှဉ်တွဲစဉ်းစားနိုင်ဖို့ သမိုင်းဖြစ်ရပ်လေး တခုကို ခြုံပြီး တင်ပြပါရစေ။ ဒီနေ့ အစ္စရေးလို့ ရပ်တည်နေတဲ့ ဂျူးလူမျိုး တွေဟာ တချိန်တုန်းက တနည်းပြောရရင် အစ္စရေး နိုင်ငံရယ်လို့ မပေါ်ပေါက် လာခင်က နိုင်ငံမဲ့တွေ ဖြစ်ခဲ့ ကြဖူးပါတယ်။ သမိုင်းမှာ သူတို့ လူမျိုးတွေကို တခြားလူမျိုးတွေက တိုက်ခိုက် သိမ်းပိုက်ပြီး နှင်ထုတ်လိုက် ကြတာပါ။ အဲဒီနောက် ကမ္ဘာ့ နေရာအနှံ့ ရောက်ရှိသွား ကြပါတယ်။ သူတို့အနေနဲ့ မိမိနိုင်ငံ၊ မိမိမြေကို အခြေချ ပြန်လည် ထူထောင်ဖို့ အရေး မမေ့ခဲ့ကြပါဘူး။ ကိုးကွယ်တဲ့ ဟီဘရှု (ရဟူဒီ) ဘာသာ ကျမ်းစာမှာပင် ဇီယွန်တောင်ခြေမှာ ပြန်ဆုံကြပါစို့ ဆိုတဲ့ စာသားကို ထည့်သွင်း ခဲ့ကြပြီး အမြဲရွတ်ဆို ခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ဟာ ရောက်ရာအရပ်မှာ ကြိုးစားခဲ့ကြလို့ ကြီးပွား ခဲ့ကြပါတယ်။ ပေါက်မြောက် ခဲ့ကြပါတယ်။ တဖက်ကလည်း သူတို့မြေကို ပြန်ဖို့အရေးကို သားစဉ်မြေးဆက် မမေ့ခဲ့ကြပါဘူး။ တကယ်တော့ သူတို့ရဲ့ သမိုင်းကြောင်း ကလည်း ရှည်လျားလွန်းလှပါတယ်။ ၂၀ ရာစု အစောပိုင်းတွေ ရောက်တော့ ကမ္ဘာအနှံ့က ဂျူးတချို့ ယခု အစ္စရေးလို့ ခေါ်တဲ့ ပါလက်စတိုင်း ဒေသကို ပြန်ဝင်လာပါတယ်။ ပါလက်စတိုင်း တွေဆီက မြေယာတွေကို ဈေးကောင်း ပေးဝယ်ပါတယ်။ ပါလက်စတိုင်း တွေကလည်း ဈေးကောင်းရတော့ ရောင်းတယ်။ ဒီတော့ တဦး အခြေကျတော့ နောက်ထပ်တဦး ထပ်ခေါ်တယ်။ ပြည်ပမှာရှိနေတဲ့ သူတွေကလည်း ငွေကြေး ထောက်ပံ့မှုတွေ ပြုတယ်။ ဒီလိုနဲ့ပဲ ထပ်ထပ်ပြီး ဈေးမြှင့်ပြီး ဈေးကြီး ပေးဝယ်တယ်။ ဒီလို တဖြည်းဖြည်း တိုးချဲ့ လာ လိုက်တာ ပါလက်စတိုင်းတွေ သိလာတဲ့ တနေ့မှာ သူတို့မြေ အများစုဟာ ဂျူးတွေလက်ထဲ ပါသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ ဂျူးတွေ ခြေကုပ် ရသွားခဲ့တာပါ။ တနည်းပြောရရင်တော့ ကုလားအုပ် ပုံပြင်လိုပါပဲ။ သမိုင်းအရလည်း သူ့မြေလို့ ဆိုလိုတာက တပိုင်းပေါ့။ ကျနော် တင်ပြလိုရင်းက ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်လေးကိုပါ။

ဒီတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း ကိုယ့်မြေကို ကာကွယ်နိုင်ဖို့နဲ့ ပြည်ပရောက် မြန်မာ များကလည်း ကိုယ့်ပြည်ကို မမေ့ကြဖို့ပါ။ ဒီဖြစ်စဉ်ကို အပေါ်က လန်ဒန်တိုင်းမ် သတင်းစာရဲ့ ဆောင်းပါးနဲ့ ယှဉ်တွဲရင်း ကျနော်တို့ နိုင်ငံနဲ့ တရုတ်ပြည်ရဲ့အခြေအနေ၊ တနည်း လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေကို တစေ့ တစောင်း အကဲခတ် ကြည့်ရအောင်ပါ။

ကျနော် သဘောပေါက်မိတာကတော့ မြန်မာနိုင်ငံလည်း အပေါ်က အဖြစ် အပျက်နဲ့ ခပ်ဆင်ဆင်ပါပဲ။

၁၉၈၀ ကျော်မှာ မန္တလေး မီးအကြီးအကျယ် အလောင်ခံရပြီး နောက် မြန်မာမင်း ရုံးစိုက်ခဲ့တဲ့ မင်းနေပြည်တော် ဟောင်း မန္တလေးမြို့ အချက်အချာ နေရာအားလုံးမှာ တရုတ်တွေ ဖြစ်ကုန်ကြပါပြီ။ ဈေးကောင်းပေးဝယ်ပြီး ၀င်သွား ကြတာပါ။ အစိုးရအနေနဲ့ တားဆီးမှု မပြုခဲ့သလို မီးဘေးသင့် သူတွေ အပေါ်မှာ ကူညီစောင့်ရှောက်မှု မပြုခဲ့ပါဘူး။ ဒီနေရာကစပြီး ကျနော် တင်ပြလိုရင်းသည် မြန်မာပြည်ဖွား တိုင်းရင်းသား မြန်မာ(တရုတ်) များကို မဆိုလိုပါ ခင်ဗျား။ ဒီကနေ့ မန္တလေးမှာ မုန့်တီ စားချင်ရင်တောင် ဆိုင်ရှာရ ခက်သွားပါပြီ။ အလွယ်တကူ တွေ့ရမှာ ကတော့ ခေါက်ဆွဲ ဆိုင်တွေချည်း ပါပဲ။ ဒါက ပထမ တချက်ပါ။

၁၉၈၈ ခုနှစ် န၀တ တက်လာပြီးတဲ့နောက် တဖြည်းဖြည်းချင်းနဲ့ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် ဘက်ကနေ တရုတ် လူမျိုးတွေ ထိုးဖောက် ၀င်ရောက်လာကြတာ ကွတ်ခိုင်၊ လားရှိုးကနေ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မေမြို့လွန်ပြီး မန္တလေး အဆုံး တရုတ်တွေ အခြေကျ သွားပါပြီ။ တခါ မြစ်ကြီးနား၊ ဗန်းမော်ဘက်နေ နည်းမျိုးစုံနဲ့ မန္တလေး တိုင်အောင် အဲဒီကမှ ရန်ကုန်မြို့တော် အထိ အနယ်နယ် အရပ်ရပ် မြန်မာပြည် တနံတလျား နှစ်ပေါင်း (၂၀) အတွင်း အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါပြီ။ စီးပွားရေးက လွဲလို့ “၀”တို့ ဘာမှ မမြင်ဘူး ဆိုတဲ့ တရုတ်လူမျိုးတွေနဲ့ အာဏာ တည်မြဲရေးနဲ့ ဆွေမျိုးတစု ကောင်းစားရေးကို အဓိက ထားကြတဲ့ နအဖ ခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ ပေါင်းစည်း သွားကြရာကနေ ပေါ်ထွက်လာတဲ့ ရလဒ် ဆိုရင်လည်း လွန်အံ့မယ် မထင်ပါ။

ဒါကို တာဝန်ရှိသူများအနေနဲ့ မသိမဟုတ် သိရှိကြပါတယ်။ ဒါပေမယ့် ကာကွယ် တားဆီးရေး မပြုလုပ် ခဲ့ကြပါ ဘူး။ အမတ်ကြီး ဦးပေါ်ဦး လျှောက်တင်တဲ့ နောင်အနှစ် (၆၀) ကြာရင် ဘုရင်ကြီးရော၊ ဆင်ကြီးရော၊ အမတ်မင်းတို့ရော ဘယ်သူမှ ရှိကြတော့မှာ မဟုတ်တာ ဆိုတဲ့ ဆင်ဖြူ၊ ဆင်မဲ အဖြေမျိုးကို လက်ရှိ ပုဂ္ဂိုလ်များ လက်ကိုင်ထား အသုံးပြု နေကြတာပါ။ နယ်စပ်ကနေ တိုင်းတပါးသားတွေ ဖြတ်ကျော် ၀င်ရောက်ရာမှာ လာဘ်ပေး လာဘ်ယူမှုတွေ အမျိုးမျိုးနဲ့ အတူ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း တို့ကို ငွေပေး လုပ်ခဲ့တာတွေ အဆုံး။ နည်းမျိုးစုံသုံးပြီး လှိမ့်ဝင်လာခဲ့ကြတာပါ။ ဒီနေရာမှာ ပြည်တွင်းက သားချင်းတွေ ကတဆင့် ကြိုတင် စီစဉ်ပေးခဲ့ တာတွေလည်း ပါဝင်ပါတယ်။

၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွေမှာ ရန်ကုန်လို နေရာမျိုးမှာပဲ မြန်မာစကား လုံးဝမတတ်တဲ့ တရုတ်တွေ အခြေခံပြီး လူကုန်ကူးမှုတွေ ရှိခဲ့ကြသလို မြန်မာ ပတ်စပို့ကို နည်းမျိုးစုံနဲ့ ရယူခဲ့ကြတာတွေ။ ရန်ကုန်က တဆင့်ပဲ သံရုံးကြီး တွေမှာ ဗီဇာရယူပြီး နိုင်ငံရပ်ခြား ဆက်လက် ထွက်ခွာသွားကြ သူတွေ အကြောင်းလည်း ကြားသိ တွေ့မြင်ခဲ့ရပါ တယ်။

တလောလေးကပဲ ပြည်ပရောက် မိတ်ဆွေတဦးက သူတိုရဲ့ ရန်ကုန်က ဘိုးဘွားပိုင်ခြံကို မြန်မာကျပ်ငွေ သိန်း (၁) သောင်းကျော်နဲ့ ရောင်းချ လိုက်ကြောင်း ပြောပြပါတယ်။ သူတို့ အနေနဲ့ ဈေးကောင်းရလို့ ၀မ်းသာနေ တဲ့ပုံပါ။ ကျနော့်အတွေးမှာတော့ အမိမြေ ပဲ့ပါသွားပြန်ပါလား လို့ပဲ မြင်လိုက် မိပါတယ်။ သေချာတာ တခုကတော့ ၀ယ်ယူသွားသူဟာ မြန်မာတိုင်းရင်းသား မဟုတ်တာတော့ အသေအချာပါပဲ။

တကယ်တော့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းပါ။ သူတို့ အဆိုအရ တဘက်ခြံက ကြက်တွန်သံကို ဒီဘက်ခြံက ကြားနေရ လောက်အောင်ကို နီးစပ်တယ် ဆိုပါတယ်။ လူဦးရေအရ ကမ္ဘာ့ လူဦးရေရဲ့ လေးပုံတပုံ နီးပါး ရှိသလို အဏုမြူ ပိုင်ဆိုင်တဲ့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ အတွက် ကျနော်တို့ အနေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ လိုအပ်သလို ကိုယ့်ရဲ့ အချုပ်အခြာ အာဏာအတွက်လည်း အင်မတန်မှ သတိ ထားဖွယ်ပါ။ နိုင်ငံတွေမှာဖြစ်ဖြစ်၊ မိသားစုတွေ ပိုင်ဆိုင်တဲ့ အိမ်တွေမှာ ဖြစ်ဖြစ်၊ မိမိရဲ့ လုံခြုံရေးအတွက် မိမိခြံစည်းရိုးကို လုံအောင် ကာကြရပါတယ်။

ဒီအတွက် နိုင်ငံမှာ တည်ငြိမ်တဲ့ စနစ်တခု၊ ခိုင်မာတဲ့ အစိုးရတရပ် ရှိဖို့ လိုအပ်သလို အဲဒီ အစိုးရမှာ တောင့်တင်း ခိုင်မာတဲ့ အင်အားရှိတဲ့ ခေတ်မီ တပ်မတော်တရပ် ရှိဖို့လည်း အထူး လိုအပ်နေပါတယ်။ ဒီထက် ပိုအရေးကြီးတာ ကတော့ ဒီ (၂) ဖွဲ့စလုံး အနေနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ထောက်ခံမှု အပြည့်အ၀ ရရှိ ထားဖို့က အရေးကြီးဆုံး လိုအပ် နေပြန်ပါတယ်။ ဒီကနေ့ ကျနော်တို့ နိုင်ငံမှာ ဒီ အခြေခံအချက်တွေ ကင်းမဲ့ နေပါတယ်။

နိုင်ငံရေးသိပ္ပံမှာ ဆိုရိုးစကားတခု မှတ်သားဖူးပါတယ်။ ကိုယ့်ခြံထဲကို လုံခြုံဖို့ အတွက် ပတ်ဝန်းကျင် ခြံထဲမှာ ပြဿနာ ဖော်ထားပေးဖို့ လိုအပ်ပါတယ်။ သူ့ဖာသာ ပြဿနာ ပေါ်နေတာ ဆိုရင်တော့ ထပ်ပြီးတော့ မြှောက်ပေး လိုက်ရုံပါပဲ။ တနည်းပြောရရင်တော့ တခြားသူ ကောင်းကောင်း မအိပ်နိုင်အောင် အိပ်ရာထဲ ကြမ်းပိုး ထည့်ပေးထားလိုက် သလိုပါပဲ။ တညလုံး လူးရင်း လှိမ့်ရင်းနဲ့ ကောင်းကောင်း မအိပ်ရဘဲ မိုးလင်းနေရ တာပါ။

ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းပြဿနာတွေက လွတ်လပ်ရေး ရပြီးကတည်းက ပြန်ကြည့်ရင် မငြိမ်း သွားတဲ့အပြင် အသစ်အသစ်တွေ ပွားနေရတာပါ။ သတိထား ကြည့်ကြပါ။ ဘာကြောင့်ပါလဲ။ အဖြေကတော့ ကိုယ် အ လို့ ကိုယ်ခံရတာပါ။ တရားခံကတော့ မိမိတို့ ကိုယ်တိုင်ပါပဲ။ ဒါ့အပြင် မိမိတို့ ကိုယ်ကို ကြမ်းပိုး ဖြစ်မှန်း မသိ နေကြတဲ့ ပုဂ္ဂိုလ်တွေကြောင့်လည်း ပါပါတယ်။ နောက်တချက်ကတော့ အကျိုးအပြစ်ကို မမြင်တဲ့ ဆင်ခြင် စဉ်းစားဥာဏ်နည်းတဲ့ တလွဲ ဆံပင်ကောင်းတဲ့ စိတ်ဓာတ် လေးတွေကြောင့်လည်း တိုင်းပြည် ဒုက္ခများ နေရတာပါ။ တိုင်းပြည်ကို ဒုက္ခပေးတဲ့ အဖြစ် ရောက်နေကြတာပါ။ ဒီမှာ ထိပ်ဆုံးက ဒီကနေ့ တပ်မတော် ခေါင်းဆောင်များ ပါဝင်နေပါတယ်။

ကျနော့်အနေနဲ့တော့ ဘယ်လိုအခြေအနေ ရောက်ရောက်၊ ကျနော်တို့ မြန်မာတွေ “၀ယ်မအ” ကြပါနဲ့ လို့ပဲ သတိပေး ပါရစေ။ မြင်လွယ်တဲ့ အချက်တခု ကလည်း မြန်မာပြည်ဟာ တရုတ်ပြည် အတွက် ပင်လယ်ထွက် ပေါက် တခုပါ။ တဖက်မှာလည်း ယူနန်ပြည်နယ်ရဲ့ စားဝတ်နေရေး တချို့ကို မြန်မာပြည်က ပံ့ပိုး ပေးထားရ သလို ပါပဲ။ ကျနော်တို့ဆီက ကုန်ကြမ်း အမျိုးမျိုး စားသောက်ကုန် အပါအ၀င် ပေးလိုက်ရပြီး တဘက်က ပြန်လာတော့ အသုံးမလို၊ စွန့်ပစ်တော့မယ့် ပစ္စည်းအဟောင်းတွေ ဒလဟော ၀င်ရောက် နေတာပါ။ ကျနော်တို့ သွေးနဲ့ ချွေးနဲ့ ရင်းနှီးအားထုတ် လုပ်ကိုင်ထား ရသမျှ တရုတ်ပြည်ကို ပံ့ပိုးနေရ သလိုပါပဲ။ တိုင်းပြည်ရဲ့ အခြေအနေ အရ မြန်မာလူမျိုးတွေ ပြည်ပထွက်ရပြီး ဒုက္ခ ဝေနေရချိန်မှာ ပြည်တွင်းက ကိုယ့်နေရာ တွေမှာလည်း တိုင်းတပါးသားတွေ ၀င်ရောက် နေရာယူပြီး ကျန်ခဲ့တဲ့ ကိုယ့်သားချင်း တွေလည်း ဒုက္ခရောက် နေရပါပြီ။ တကယ်တော့ အရူးမီးဝိုင်း အဖြစ် တပူပေါ် နှစ်ပူဆင့် အဖြစ် ဖြစ်နေရတာပါ။

ဒီလိုပါပဲလေ။ တခြားသော နယ်စပ်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော ဒေသတွေမှာလည်း လူဝင်မှု ပြဿနာတွေ ဒုနဲ့ဒေးပါ။ လတ်တလော လူသိများလာတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာက အကြီးအကျယ် ခြိမ်းခြောက် နေပြန်ပါပြီ။ ဒီတော့ ဒီအချက်တွေကို ခြုံငုံ သုံးသပ်ရင်ပဲ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာဟာ တ၀က်လောက်တော့ ဆုံးရှုံးသွားပြီဆိုရင် မှားမယ်မထင်ပါ။

လက်ရှိအခြေအနေမှာ တပ်မတော် တရပ်တည်းနဲ့ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါကို တပ်မတော်သားများ ရှင်းရှင်းလင်းလင်း သိရှိနားလည်ဖို့ လိုအပ်ပါတယ်။

တပ်မတော်ဟာ လက်တွေ့မှာ မိမိရဲ့ မူလ တာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးကို ကျေပွန်စွာ ထမ်းဆောင် နိုင်စွမ်း မရှိသလို ဘယ်သူကမှ အပ်နှင်း ထားတာ မဟုတ်တဲ့ ကိုယ့်ဘာသာ တာဝန်ယူထားတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး တာဝန်တွေ ကိုလည်း ကျေပွန်ဖို့ ခက်ခဲနေပါတယ်။ တကယ်တော့ လက်တွေ့မှာ မအောင်မြင် တာတွေက အထင်အရှား သက်သေခံ နေပါတယ်။ ပြည်တွင်းမှာလည်း တိုင်းရင်းသား တွေရဲ့ အရေးကို ကာကွယ်ပေးဖို့ ပျက်ကွက်နေသလို အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ နှိပ်စက် ခံနေရတာတွေ၊ ဗိုလ်ကျခံနေရတာ၊ သတ်ဖြတ် ခံနေရတာတွေဟာ မကြားချင် အဆုံးပါ။ တည့်တည့် ပြောရရင် တပ်မတော် ဘယ်လောက် အင်အားရှိပါတယ် ပြောပြော လက်ရှိ အခြေအနေမျိုးကို ထိုင်းနိုင်ငံက နည်းနည်း လေးမှ ဂရုမစိုက်ပါ။ ဒါကြောင့်လည်း စော်ကားရဲတာပါ။ ခေတ်အဆက်ဆက် တဦးချင်းစီရဲ့ အကျိုး စီးပွားတွေ ရှိနေကြလို့သာ တနည်းပြောရရင် အချောင် စီးပွား ဖြစ်နေကြလို့သာ ချော့ပေါင်း နေကြတာပါ။

တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံက မကြာသေးခင်က ရေပိုင်နက် အကြောင်းပြုပြီး တိတိလင်းလင်း စော်ကား ခဲ့တာတွေဟာ လူမျိုး သိက္ခာကျလှပါတယ်။ ယခု ထပ်မံ ပေါ်ပေါက်လာတဲ့ ရိုဟင်ဂျာဆိုတဲ့ အရေးက လည်း အမိနိုင်ငံကို ချစ်တတ်ရင် ၀ိုင်းဝန်း ကာကွယ်ကြဖို့ လိုအပ်နေပါပြီ။ တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ်စဉ် နိုင်ငံတကာကို လက်ဖြန့် တောင်းနေရပြီး နိုင်ငံတကာရဲ့ ပေးကမ်းစာ၊ လှူဒါန်း ထောက်ပံ့တာ တွေနဲ့ အဓိက ရပ်တည်နေရတာပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာ ကျနော်တို့ နိုင်ငံအနေနဲ့ ဒီနိုင်ငံနဲ့ တပ်မတော်ချင်း မယှဉ်နိုင် ဖြစ်နေရပါပြီ။

ကျနော်တို့ လူမျိုးများ မညံ့ကြပါ။ အရည်အသွေး ကောင်းတွေ ရှိကြပါတယ်။ အခုလို ကမ္ဘာ့ လူဦးရေ အထူ ထပ်ဆုံး နိုင်ငံကြီး (၂) နိုင်ငံရဲ့အကြား နှစ်ပေါင်းများစွာ သမိုင်းတင် ရပ်တည် နေနိုင်ခဲ့တာ ကိုက ကျနော်တို့ မညံ့ကြောင်း အထင်အရှား ပြသခဲ့ပြီးပါပြီ။ တကယ်တော့ အဖြေရှာကြည့်ရင် ကျနော်တို့ အချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲနေတာက အဓိက အကြောင်းအရင်းပါ။ အမှန်မှာ တပ်မတော်ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး သမားပဲ ဖြစ်ဖြစ်၊ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပညာရှင်အသီးသီးနဲ့ နောက်ဆုံး ရဟန်း သံဃာတော်များ အဆုံး မိမိတို့ရဲ့ မူလနေရာတွေမှာ ပြန်လည် ရပ်တည်ကြပြီး မိမိအလုပ် မိမိလုပ်ကြဖို့ပဲ လိုအပ်တာပါ။

ဒီကနေ့ တပ်မတော်ခေါင်းဆောင်များအနေနဲ့ မိမိတို့ နေရာကို မစွန့်လွှတ် နိုင်သေးရင်တောင် အနိမ့်ဆုံး အနေနဲ့ တပ်မတော်ကို သူ့ရဲ့ မူလတာဝန်ကို လွတ်လွတ်လပ်လပ် ပြန်လည် ထမ်းဆောင်ခွင့် ပေးလိုက်ပါ။ တပ်မတော်ကို ပြန်ပြီး အာဏာ သိမ်းထားခြင်း မလုပ်ကြ ပါနဲ့တော့။ ဒါအင်မတန် အရေးကြီးပါတယ်။ ပြီးရင် မိမိတို့ ဦးစီးဦးဆောင် ပြုနေတဲ့ အစိုးရ အဖွဲ့ထဲကို အတိုက်အခံ အန်အယ်လ်ဒီကို ထည့်သွင်းပေးပြီး အတူတကွ လက်တွဲ ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒါမှလည်း လူထု လက်ခံနိုင်တဲ့ ခိုင်မာတဲ့ အစိုးရတရပ် အနေနဲ့ တိုင်းပြည်ကို ကာကွယ် သွားနိုင်မှာပါ။ အန်အယ်လ်ဒီ အနေနဲ့လည်း တိုင်းပြည်အတွက် ဆိုရင် အားလုံးကို သင်ပုန်းချေပြီး လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာ နှစ်ပေါင်းများစွာ ကတည်းက ပြောကြားထား၊ လက်ကမ်း ထားတာပါ။

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးကြည်မောင် ပြောကြားခဲ့တဲ့ စကားကို ကောက်ရရင် ကိုယ့်နိုင်ငံသားတွေ အချင်းချင်း ဘယ်လိုမှ ညှိနှိုင်း မရနိုင်စရာ မရှိပါဘူး။ တွေ့ဆုံဆွေးနွေး လိုက်ရင် အဖြေတခု ထွက်လာရမှာပါ။ ဒီမိုကရေစီ နိုင်ငံတော်ကို လျှောက်လှမ်း နေကြတယ် ဆိုထားကြတဲ့ အတွက် တူညီသောလမ်းပေါ် ရောက်နေကြတာပါ။ နှစ်ဖက်စလုံးက တိုင်းပြည် မျက်နှာကြည့်ပြီး အလျှော့ပေး လျှောက်လာကြရင် နှစ်ဦး ဆုံနိုင်တဲ့ ဆုံရပ်တခု ရှိကို ရှိပါတယ်။ အရေးကြီးတာက စပြီး လျှောက်လာကြဖို့ ပါပဲ။

အန်အယ်လ်ဒီဘက်ကတော့ အလျှော့ပေး လျှောက်လာတာ ကမ်းကုန် နေပါပြီ။ လက်ရှိ အစိုးရ ဘက်ကပဲ လျှောက်ဖို့ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် လျှော့ပေးဖို့ လိုနေတာပါ။ တိုင်းပြည်အပေါ် တကယ် သစ္စာရှိရင် နေ့စဉ် ရွတ်ဆိုနေကြတဲ့ သစ္စာဓိဋ္ဌာန် မစူး စေချင်ရင်ပေါ့။ တပ်မတော်သားများလည်း ခေါင်းဆောင်များကို အမြန်ဆုံး နားချပေးဖို့ လိုအပ်နေပါပြီ။

တဖက်မှာလည်း ပြည်ပရောက် အတိုက်အခံများလည်း အချင်းချင်းစည်းလုံးမှုကို အမြန်တည်ဆောက်ပါ။ တဖက်ကို စောင့်မနေပါနဲ့။ ကိုယ်ကိုယ် တိုင်လုပ်နိုင်တာ၊ လျှော့နိုင်တာ မှန်သမျှ အမြန် ဆောင်ရွက်ပေးပါ လို့ပဲ တိုက်တွန်း ချင်ပါတယ်။ တိုင်းပြည်မျက်နှာ တခုတည်း ကြည့်လိုက်ရင် အားလုံး အဆင်ပြေ သွားလိမ့်မယ်လို့ ယုံကြည် မိပါတယ်။

တဆက်တည်း လူထုက လေးစားနိုင်တဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ ကိုယ်ရည် ကိုယ်သွေး ကောင်းများကို မွေးမြူကြပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်လိုမျိုး ကိုယ်ကျိုးစွန့် အနစ်နာ ခံနိုင်ဖို့လည်း အထူး လိုအပ်ပါတယ်။ အနိမ့်ဆုံး အနေနဲ့ ပြည်တွင်းမှာ အဖမ်းဆီး၊ အထိန်းသိမ်းခံ၊ ဆွေစဉ်မျိုးဆက် အနှိပ်စက် ခံနေရတဲ့ အချိန်မှာ မိမိတို့ကလည်း အခြေခံကျတဲ့ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုလေးတွေလောက် ပြသဖို့ လိုအပ်ပါတယ်။ အများက လေးစား ယုံကြည်လာဖို့၊ မိမိတို့ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့၊ ယုတ်စွအဆုံး နိုင်ငံ ရေးနဲ့ ပတ်သက်တဲ့ ပွဲလေးတွေ လောက်မှာပဲ ဖြစ်ဖြစ်၊ အသောက်အစားတွေ ကင်းပြီး တိုင်းပြည် အကျိုးကို ဆောင်ကျဉ်း နိုင်ကြပါစေ။ အသောက်အစား ကုန်ကျမယ့် ငွေတွေကို စုဆောင်းပြီး အဖမ်းဆီးခံ၊ နိုင်ငံရေး အကျဉ်းသား မိသားစုများထံ ထောက်ပံ့မှု ပေးမယ်ဆိုရင်တောင် အများလေးစား နိုင်ကြမှာပါ။ ထိပ်ဆုံး NCGUB အဖွဲ့ လိုမျိုးက စပြီး ပြုပြင် နိုင်ကြစေဖို့ တိုက်တွန်း တောင်းဆိုပါတယ်။ အလွဲသုံးစားမှု လေးတွေလည်း ကင်းပြီး ရိုးသားဖြူစင် နိုင်ကြပါစေ။ နမူနာကောင်းတွေ ပြနိုင်ကြပါစေ။

ကျနော့်ရဲ့ တင်ပြချက်ကို အဆုံးသတ်ရရင် နောက်ဆုံးမှာ နိုင်ငံရဲ့ အပြောင်းအလဲကို တကယ်တမ်း ဖော်ဆောင်ရမှာ၊ အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုပါ။ ပြည်သူလူထုလို့ ဆိုရာမှာ တိုင်းရင်းသား အားလုံး၊ ၀န်ထမ်းများ၊ ဒီအထဲမှာ တပ်မတော်သား များလည်း ပါဝင်နေပါတယ်။ ဒီတော့ အားလုံးကို ဘ၀တူတွေလို့ ရှုမြင်ပေးပါ၊ စည်းရုံးကြပါ၊ စည်းလုံးကြပါ။

လူထုမှာ ဘေးကျပ်နံကျပ်ရောက်နေပါတယ်။ အခြေခံ အကျဆုံး အချက် ငယ်လေးတွေက စပြီး ညီညွတ်မှုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ ကြိုးစားပေးကြပါ။ အထူးသဖြင့် ပြည်ပရောက် ၀န်ထမ်းများကိုလည်း အထူး စည်းရုံးပေးပါ။ တပ်မတော်သား တွေဟာလည်း ပြည်သူက ပေါက်ဖွားလာတာပါ။ သူတို့ကိုလည်း တိုက်ရိုက်ရော၊ သူတို့ရဲ့ မိဘဆွေမျိုး နီးစပ်ရာ တွေကတဆင့် နားဝင်အောင် ပြောဆို စည်းရုံးကြပါ။ လူတိုင်း ၀ိုင်းပြီး စည်းရုံးရေး ဆင်းကြရင် အမြန်ညီညွတ် လာမှာပါ။ ဒါဟာ မလွဲမသွေ ဆောင်ရွက် သင့်တဲ့ သမိုင်းပေး တာဝန်တရပ်ပါပဲ။

ပြည်ပရောက်အဖွဲ့ အစည်းတွေ အနေနဲ့လည်း လူကြား ကောင်းရုံ၊ စားကောင်း သောက်ကောင်းရုံ၊ အလုပ်ဖြစ်တယ် ဆိုရုံလောက် ပြောဆို လုပ်ကိုင်နေကြမယ့် အစား ကျယ်ပြန့်တဲ့ လူထု လူတန်းစား အသီးသီး ပါဝင်နိုင်မယ့် ပြည်တွင်း အပြောင်းအလဲကို အမှန်တကယ် တွန်းအားပေးနိုင်တဲ့ အခြေခံအကျဆုံး၊ အရိုးဆုံး အရှင်းဆုံး နည်းဗျူဟာငယ်တွေ သုံးပြီး စဉ်းစား ဆောင်ရွက်ပေးကြပါ။ ရိုးသားကြပြီး တိုင်းပြည်နဲ့ လူမျိုး အပေါ် အမှန်တကယ် သစ္စာရှိကြဖို့ကို အနူးအညွတ် တိုက်တွန်းပါရစေ။ ပြည်ပရောက် နိုင်ငံရေး ခေါင်းဆောင်များ အပေါ် မယုံကြည်နိုင်ကြလို့ ဘေးရောက်နေကြတဲ့ အင်အားတွေ ဒုနဲ့ဒေးပါ။ မိမိတို့ကိုယ်တိုင် နမူနာပြနဲ့ စတင် ဆောင်ရွက်နိုင်ကြရင် အင်အားစုတွေ စည်းလုံးမိကြမှာပါ။ ဒီလိုနဲ့ပဲ ပြည်တွင်းပြည်ပမှာ ပြည်သူ့အားတွေ တစည်း တလုံးထဲ ပေါင်းစည်း မိသွားရင် ငြိမ်းချမ်းတဲ့ အပြောင်းအလဲ တရပ် အမြန် ပေါ်ပေါက်လာရမှာပါ။

ကျနော့်အနေနဲ့ တင်ပြလိုရင်းဆန္ဒသည် မည်သည့် ပုဂ္ဂိုလ် တဦးတယောက်ကိုမှ ပျက်စီးစေရန် မရည်ရွယ်ပါ။ တပ်မတော် အပါအ၀င် ရှိရှိသမျှသော မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံး ညီညွတ်မှုကို အမြန်ဆုံး တည်ဆောက်ပြီး ရှေးဘိုးဘွား အစဉ်အဆက် တည်ဆောက် ထိန်းသိမ်းလာခဲ့တဲ့ အမိ မြန်မာပြည်ရဲ့ မြေပုံကို အသွင် သဏ္ဌာန်အရရော၊ အနှစ်သာရ အနေနဲ့ပါ ပြောင်းလဲမှု မရှိအောင် လက်ဆင့်ကမ်း ထိန်းသိမ်းနိုင် ကြဖို့ အတွက် ကျနော်တို့အားလုံး “အရေးကြီးနေပြီ သွေးနီးကြပါစို့” လို့ အလေးအနက် တိုက်တွန်းတောင်းဆို လိုက်ရပါတယ်။

အမိမြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာ၍ ကမ္ဘာ့အလယ် ၀င့်ဝင့်ထည်ထည်နှင့် အမြန်ဆုံး ရပ်တည် နိုင်ပါစေကြောင်း ဆုမွန် တောင်းလိုက်ပါတယ်။

Ref: ခေတ်ပြိုင်

Read more...

Friday, February 13, 2009

တရုတ်များ မိုင်ဂျာယန်ကို စွန့်ခွာ

ဆော်လမွန်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ မိုင်ဂျာယန် မြို့လေးသို့ တရုတ်နိုင်ငံက ပေးဝေနေသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်း လိုင်းများကို ဖြတ်တောက် လိုက်သဖြင့် တရုတ်စီးပွားရေး သမားများ ထောင်နှင့်ချီ၍ မြို့ကို စွန့်ခွာကာ တရုတ်ပြည်မကြီး ဘက်သို့ ယခုရက်ပိုင်းအတွင်း ထွက်ခွာသွားကြသည်။

ယခုလဆန်းပိုင်းမှစတင်၍ လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း တရုတ်လူမျိုး စီးပွားရေးသမား ထောင်ပေါင်း များစွာသည် မြို့ကို စွန့်ခွာကာ တရုတ်ပြည် ဒေသအနှံ့သို့ ထွက်ခွာသွားကြောင်း ဒေသတွင်း သတင်းရပ်ကွက် များက ပြောဆိုကြခြင်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးမြမောင်က "အနည်းဆုံး တရုတ်လူမျိုး ၇ဝဝဝ လောက် ဖေဖော်ဝါရီလ ၅ ရက်နေ့ ကတည်းက မြို့ကနေထွက်ပြီး တရုတ် ပြည်မကြီးထဲ ပြန်ဝင်သွားကြပြီ" ဟု ပြောသည်။

လျှပ်စစ်နှင့် တယ်လီဖုန်းလိုင်း ဖြတ်တောက် ခံရမှုကြောင့် လုပ်ငန်း ငယ်လေးများမှာ အခက်အခဲ တွေ့ကြရာ အထူးသဖြင့် ကာစီနို လောင်းကစား ဝိုင်းများမှာ အထိခိုက်ဆုံး ဖြစ်ကြောင်းနှင့် ကာစီနိုများ ပိတ်လိုက်ရသဖြင့် မြို့၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက် စေကြောင်း သူက ဆက်ပြောသည်။

"လျှပ်စစ်လည်းမရ၊ ဖုန်းလည်းပြတ်တော့ ကာစီနိုတွေက ဆက် မလုပ်နိုင်တော့ဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေလည်း ဒီလိုပဲ။ ဆက် မလည်ပတ် နိုင်တော့ဘူး။ ဒါကြောင့် ဒီကနေ ထွက်သွားကြတာ" ဟု ဦးမြမောင်က သူ့ထင်မြင်ချက်ကို ပြောသည်။

မိုင်ဂျာယန်မြို့သည် တိုင်းရင်းသား ကချင် သူပုန်အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု နယ်စပ် သတင်းရပ်ကွက်များက ပြောသည်။ သို့သော် မြန်မာ စစ်အစိုးရနှင့် အပစ်ရပ် KIO သည် ကာစီနို အပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးကို တရုတ် စီးပွားရေးသမား များနှင့် ကန်ထရိုက် စာချုပ်များ ချုပ်ဆိုကာ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားသည်။

KIO သည် တရုတ်စီးပွားရေးသမားများကို မိုင်ဂျာယန်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားသည့် အတွက် ၎င်းတို့ထံမှ အနည်းဆုံး တနှစ်လျှင် တရုတ်ယွမ်ငွေ ၆ သန်းအထိ ရရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

၁၉၉ဝ စုနှစ်များက လူဦးရေ ၁ဝဝဝ ခန့်သာရှိသော မိုင်ဂျာယန် ရွာကလေးမှာ KIO ထိန်းချုပ်ထားသည့် နေရာတွင် တည်ရှိပြီး၊ ဝေးလံ ခေါင်းပါးကာ ခေတ်နောက်ကျသော ဒေသတခုသာ ဖြစ်ခဲ့သည်။

သို့သော် ၁၉၉၄ ခုနှစ်၌ KIO က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက်၊ ဤ ရွာသိမ် ရွာငယ်လေးသည် ကာစီနိုဝိုင်းများ၊ အခြား စီးပွားရေး လုပ်ငန်းများနှင့် ပြည့်နှက်နေသည့် စီးပွားရေး ဗဟို အချက်အချာဒေသ ဖြစ်လာသည်။

"မိုင်ဂျာယန်မှာ ကာစီနိုလောင်းကစားဝိုင်းတွေက လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက် ကတည်းက စခဲ့တာ" ဟု ဦးမြမောင်က ပြောသည်။

တရုတ်အာဏာပိုင်များက လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ မည်သို့သောကြောင့် ဖြတ်ပစ်လိုက်သည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ ဦးမြမောင်က တရုတ် လူငယ်များကို ပြန်ပေးဆွဲကာ ကချင်ပြည်နယ် အတွင်းသို့ ခေါ်ဆောင်သွားသည် ဟူသော သတင်းများကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။

တရုတ်လူငယ်အချို့ ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်သွားကာ ပြန်ပေးငွေ တောင်းခံခဲ့သည်ဟု တရုတ် သတင်းစာများတွင် အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။ သို့သော် ဤသတင်းနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သည့် အတည်ပြုချက် မရရှိသေးပါ။

Ref: မဇ္ဈိမ

Read more...

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့