Thursday, October 09, 2008

တပ်မှူးကြီး/ငယ်များသို့ ပေးစာ

တပ်မတော်သားအပေါင်းတို့ခင်ဗျား ……..

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိုက်မဲမှု၊ ယုတ်မာမှု မုန်တိုင်းကို ကြိုတင်ကာကွယ်ဖို့အတွက် ယနေ့ နိုင်ငံတကာက စီစဉ် ဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ် ကို ကာကွယ် စောင့်ရှောက်ဖို့ပါ။ တကယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ ဆက်လက် မိုက်မဲနေမည် ဆိုရင် ရက်ပိုင်းအတွင်း ခင်ဗျားတို့ထံ နိုင်ငံတကာက ကူညီရေး အဖွဲ့အစည်းများ ရောက်ရှိလာပါလိမ့်မည်။

ကျနော်တင်ပြချင်တာက ၎င်းတို့ရောက်တဲ့အခါ ပူးပေါင်းပြီး အကူအညီပေးပါ အန္တရာယ်မပြုပါနှင့်။ ခင်ဗျားတို့ရဲ့ မိတ်ဆွေများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် လာရောက် ကူညီသူများ ဖြစ်ပါသည်။ ဒါကလည်း ခင်ဗျားတို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဖယ်ရှားမပစ်နိုင်လို့ နိုင်ငံတကာက ၀င်ရောက်ကူညီတာပါ။ ခင်ဗျားတို့ကို အန္တရာယ်ပေးဖို့ မဟုတ်ပါဘူး။ ကယ်တင်ရှင် တွေလို့မှတ်ပါ။

တကယ်လို့ အန္တရာယ်ပြုဖို့ ဗိုလ်ချုပ်မှူးကြီးတွေက အမိန့်ပေးရင် မလိုက်နာကြပါနဲ့ ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျားတို့ရဲ့မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြလိမ့်မည်။ ၁၉၉၉ ခုနှစ်က kosovo အရေးအခင်းကြောင့် ဆာဗီးယား သမတ မီလိုဆိုဗစ်ရဲ့ ဘဲဂရိတ်မြို့ ဘယ်လိုဒုက္ခမျိုးနဲ့ ကြုံခဲရတယ်ဆိုတာကို သတိပေးလိုတယ်။ အခုဘဲ “နေပြည်တော် ”ဖွတ်ဖွတ်ညက်ညက် ကြေသွား လိမ့်မယ်။

ဒါ့ကြောင့် မတရားတဲ့ အမိန့်ကို မနာခံဖို့ တပ်မတော်သားများနဲ့ တပ်မှူးကြီး၊ ငယ် အပေါင်းကို မေတ္တာ ရပ်ခံ လိုတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့