Tuesday, October 21, 2008

ဆင်ဆာကြောင့် ဟာသမဂ္ဂဇင်း ထုတ်ဝေမှု ရပ်ဆိုင်း

နန်းဒေဝီ
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စာပေစိစစ်ရေးဌာနက ၂၃ ရာခိုင်နှုန်းကို ဖြတ်တောက်လိုက်သဖြင့် လစဉ်ထုတ် ဟာသမဂ္ဂဇင်းတခု အောက်တိုဘာတွင် အချိန်မှီ မဖြန့်ချီနိုင်တော့ဘဲ ရပ်ဆိုင်းထားလိုက်ရသည်။

ရန်ကုန် အခြေစိုက် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှ ဖောင်အရေအတွက်ပေါင်း ၂၆ ဖောင်အနက် ၆ ဖောင်အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးမှ ဖြုတ်ချလိုက်သဖြင့် ထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းရခြင်း ဖြစ်သည်။

"ဖြုတ်တာများတော့ စာအုပ်ထုတ်ဖို့ မဖြစ်လောက်ဘူး။ ကဗျာနဲ့ ဝတ္ထုတွေ အဖြုတ်များတယ်။ ဒါကြောင့် ၂ လလောက် ရပ်ထားရမယ့် သဘော ရှိနေတယ်" ဟု မဂ္ဂဇင်းတိုက်နှင့် နီးစပ်သူတဦးက ပြောသည်။ မဂ္ဂဇင်းတိုက်တော့ ထပ်မံ အရေးယူမှု ပြုမှာစိုး၍ သတင်းထုတ်ပြန်ရန် ငြင်းဆန်လိုက်သည်။

စာပေ ကင်ပေတိုင်ဟု ဂျပန်ခောတ် ဂျပန် စစ်ထောက်လှမ်းရေးများ ရက်စက်မှုနှင့် တင်စားခြင်းခံရသော စာပေစိစစ်ရေးမှ မဂ္ဂဇင်းတိုက်အား တစုံတရာ အကြောင်းပြချက် မပေးသော်လည်း အာဏာပိုင်များအနေဖြင့် ကဗျာအဓိပ္ပာယ် နားမလည်သည့် အတွက် မူဝါဒနှင့် မညီဟု အကြောင်းပြကာ ဖြုတ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ အသိုင်းအဝိုင်းမှ ဝေဖန်ပြောဆိုကြသည်။

"ကဗျာတွေ ဆိုတာက လျှို့ဝှက် ရေးသားရတာ များတယ်။ အဲဒါ အာဏာပိုင်တွေက အဓိပ္ပာယ် ကောင်းကောင်း နားမလည်ဘူး။ သူတို့စိတ်ထဲမှာ ဖြုတ်ချင်ရင် ဖြုတ်လိုက်တာပဲ။ လျှောက်ဖြုတ်ချနေတာလေ။" ဟု ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

အလားတူပင် ယခုလထုတ် ကလျာ၊ ချယ်ရီ၊ မြန်မာသစ်၊ မဟေသီ စသည့် ရသစုံ မဂ္ဂဇင်းများတွင် ထည့်သုံးမည့် ကဗျာများ ဆင်ဆာ အဖြတ်ခံရသည့် အတွက် စာအုပ်ထုတ်ဝေရာတွင် ကဗျာ အပုဒ်ရေ နည်းသွားသည်။

"ကဗျာတွေက တော်တော် အဖြတ်ခံရတာ ဆိုးတယ်။ ဒီလဆို ကလျာမဂ္ဂဇင်းကဆို ၄ ပုဒ်ပဲ ထုတ်နိုင်တယ်။ မဟေသီက ၁၁ ပုဒ်တင်တာ ၅ ပုဒ်ပဲ ရတယ်။ မြန်မာသစ်က ၂ ပုဒ်ပဲ ထုတ်နိုင်တယ်။ အရင်ကဆို ရသစုံ မဂ္ဂဇင်းတွေမှာ အနဲဆုံး ၇ ပုဒ်တော့ ပါခဲ့တာပဲ" ဟု ရသစုံ မဂ္ဂဇင်းတိုက်တခုမှ စာရေးသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ချယ်ရီ မဂ္ဂဇင်းတိုက်မှ ထုတ်ဝေခဲ့သည့် ကဗျာဆရာ ခင်မောင်သန်း ရေးသားသည့် “ဒီပရင်္ဂ” ကဗျာကြောင့် မဂ္ဂဇင်းတိုက်အား အာဏာပိုင်များက ဖိအားပေးခဲ့သဖြင့် အယ်ဒီတာ ဦးဌေးအောင်သည် အလုပ်မှ ထွက်ခဲ့ရပြီး နောက်ပိုင်း မဂ္ဂဇင်းများတွင် ထည့်သုံးသည့် ကဗျာများအား သေချာ စိစစ်လာကြောင်း ရန်ကုန် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

"အခုလို ဖြတ်တာများတော့။ စာအုပ်အင်္ဂါရပ် မမီတော့ဘူးပေါ့၊ ဖြတ်တာများရင်။ ဈေးကွက်ပါ ပျက်လာတယ်။ ဈေးကွက်က တဖြည်းဖြည်း ကျဉ်းလာနေတယ်" ဟု ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးက သုံးသပ် ပြောဆိုသည်။

ref: မဇ္ဈိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့