Thursday, October 23, 2008

အန်အယ်လ်ဒီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ မကျန်းမမာဖြစ်နေ

အေးလဲ့ | အောက်တိုဘာ ၂၂၊ ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အတွင်းရေးမှူး ၃ ဦးထဲမှ တဦးဖြစ်သူ ဦးလွင် အသက် ၈၆ နှစ်သည် ကျန်းမာရေးမကောင်း၍ တုတ်ကောက်ဖြင့် လမ်းလျှောက်နေရပြီး ရုံးမတက်နိုင်ကြောင်း အန်အယ်လ်ဒီ က ပြောကြားသည်။
အလားတူ ဥက္ကဌ ဦးအောင်ရွှေ အသက် ၉၁ နှစ်သည်လည်း မကျန်းမမာ ဖြစ်နေသဖြင့် ယနေ့အထိ ရုံးမတက်နိုင်သေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

“လွန်ခဲ့တဲ့ သုံးပတ်လောက်က အန်အယ် ဦးအောင်ရွှေက တုပ်ကွေး မိတယ်၊ အဆုတ် အအေးမိတာပါတယ်။ အသက်ကြီးတော့ နလန် မထူနိုင်သေးဘူးပေါ့။ အန်ကယ် ဦးလွင်ကတော့ အရင်က လေဖြတ်ထားတဲ့ ခြေထောက်တဘက်က သိပ်မလျှောက်နိုင်လို့ တုတ်ကောက်နဲ့ လျှောက်ရတော့ နည်းနည်း ခက်ခက်ခဲခဲဖြစ်နေတယ်။ ရုံးမတက်နိုင်တာ နှစ်ပတ် လောက်တော့ ရှိပြီ”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယခု ကျန်းမာရေး အခြေအနေအရ ဦးလွင်သည် ပါတီတာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်ရန် မလွယ်ကူကြောင်းလည်း သိရသည်။
လက်ရှိ အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေမှူး ဦးလွင်တို့သည် ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးနေဝင်း၏ အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးသူများ ဖြစ်ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ(မဆလ)အဖွဲ့ဝင်များလည်း ဖြစ်သည်။

ဦးအောင်ရွှေသည် ၁၉၆၁ခုနှစ်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချူပ်တိုင်းမှူး တာဝန် ထမ်းဆောင် နေရာမှ အနားယူခိုင်းခံခဲ့ရပြီး ၁၉၆၁ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ သြစတေးလျ၊ ပြင်သစ်၊ စပိန်၊ အီဂျစ်၊ နယူးဇီလန် နိုင်ငံများတွင် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးလွင်သည် ဦးနေဝင်း၏ မဆလ ပါတီ လက်ထက် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကောင်စီဝင် တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် အန်အယ်လ်ဒီနှင့် မျိုးချစ်ရဲဘော် ဟောင်းများအဖွဲ့ချူပ် တို့တွင် ခေါင်းဆောင်များဖြစ် လာကြသည်။

၁၉၈၈ခုနှစ် အရေးအခင်း ကာလအတွင်း တပ်မှူးဟောင်း ၈၀ ကျော်နှင့်စတင် ဖွဲ့စည်းခဲ့သည့် မျိုးချစ်ရဲဘော် ဟောင်များအဖွဲ့ချူပ်ကို တရားဝင် ပါတီအဖြစ်မှ ၁၉၉၀ နောက်ပိုင်းတွင် စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ပါတီမှ နုတ်ထွက်ရန် ဖိအားပေးခဲ့သည့် အချိန်မှစပြီး ဦးအောင်ရွှေသည် အန်အယ်လ်ဒီ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။

ဦးအောင်ရွှေသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဌ တဦးလည်းဖြစ်သည်။

၎င်းတို့သည် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များတွင် အသက်အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြောင်း ဦးအောင်ရွှေ နှင့် ဦးလွင်တို့ က ပြောသည်ဟုလည်း သိရသည်။

Ref: ဧရာဝတီ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့