Wednesday, November 05, 2008

ဘင်္ဂလား-မြန်မာနှစ်နိုင်ငံအငြင်းပွားနေသည့် နေရာအတွင်း ဂတ်(စ်)ရှာဖွေမှုကို မြန်မာဘက်မှ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြား

11/4/2008

ဘင်္ဂလား-မြန်မာနှစ်နိုင်ငံ အငြင်းပွားနေသည့် ပင်လယ်ပြင်တွင် မြန်မာဘက်မှ ဆက်လက် ဂတ်(စ်)ရှာဖွေ တူးဖော်မှုကို ပြုလုပ်သွားမည်ဟု မြန်မာဘက်မှ ပြောကြားလိုက် ကြောင်း သိရသည်။

ယခု မြန်မာဘက်မှာ ဂတ်(စ်)တူးဖော်နေသည့် နေရာကို ဘင်္ဂလားဒေ့ နိုင်ငံပိုင်ဖြစ်ကြောင်း ဘင်္ဂလားအစိုးရ ပြောကြားချက်ကို မြန်မာဘက်မှ အသိအမှတ်မပြုဟု ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ဦးဖေသန်းဦးမှ ယနေ့တွင် အတည်ပြုပြောဆိုသည်။
အဆိုပါနေရာမှာ မြန်မာနိုင်ငံ၏ စီးပွားရေးဇုန်ဖြစ်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်စရာမလိုဘဲ ဆက်လက် ရှာဖွေသွားမည်ဟု မြန်မာ ထိပ်တန်းအရာရှိတဦးမှ ပြောကြားသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေးရာအတွင်းဝန် တိုးဟေးဟူစိန်ကဆင့်ခေါ်ပြီး ဘင်္ဂလာရေပိုင် နက်ကို ကျူးကျော်ဝင်ရောက်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေမှုကို ကန့်ကွက်ကြောင်းနှင့် ချက်ချင်းထွက်ခွာ သွားရန် တောင်းဆို ထားသည့် စာတစောင်ကို မြန်မာသံအမတ်သို့ ပေးအပ်ခဲ့သည်။

ဘင်္ဂလာဒေ့ခ်ျဘက်မှလည်း ရေတပ်သင်္ဘောများကို အငြင်းဖြစ်ပွား နေသည့် နေရာသို့ စေလွတ်ထားပြီး အဆိုပါ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဘင်္ဂလား ဒေ့ခ်ျဘက်မှ ရေတပ်အရာရှိများအပါအ၀င် သံတမန်တဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ထားသည်။
နယ်နိမိတ်အငြင်းပွားမှု ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလား- မြန်မာ နှစ်နိုင်ငံအနေဖြင့် အလျော့ပေးမည့် ပုံမရှိကြောင်းနှင့် ဆက်လက်တင်းမာလာမည့် အခြေအနေ ရှိကြောင်း လေ့လာစောင့်ကြည့်နေသူများက သုံးသပ်နေကြသည်။

Ref: သျှင်ထွီးခိုင် (နိရဉ္စရာ)

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့