Friday, November 21, 2008

ဟာသ သရုပ်ဆောင် ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံရ

နိုဝင်ဘာလ 21 2008

နယူးဒေလီ။ ။ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာခေါ် ကိုသူရအား အင်းစိန်ထောင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်။

''ကျမအကိုအတွက် ဂုဏ်ယူပါတယ်။ နာဂစ် ကယ်ဆယ်ရေးလုပ်လို့ အဖမ်းခံရတာပါ။ အစိုးရက သူတို့လုပ်ချင်သလို လုပ်လိုက်တာပါ။ သူ့ကို အမိန့်ချတော့ အကိုက ရီစရာ ပြောသေးတယ်။ ကျနော့်ကို I (အိုင်) သုံးလုံးနဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်တဲ့'' ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

မိသားစုဝင်များက တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့် မရဘဲ၊ ထောင်ဗူးဝ၌သာ စောင့်နေရသော်လည်း ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ် တဦးတည်းသာ ၀င်ရောက်ခွင့်ရခဲ့သည်။ ဒေါ်ခင်ဌေးကြွယ်သည် ယခုအမှုအတွက် ယခင်က ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့နှင့် တွဲဖက်ကာ အမှုကို လိုက်လံ အကျိုးဆောင်ခဲ့သူ ဖြစ်သည်။

ကျန်ရှိသည့် အမှု ၅ မှုအတွက် ယခုလ ၂၇ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားရုံးက အမိန့်ချမှတ်သည်။

အမှုအတွက် အယူခံဝင်ရေး၊ မ၀င်ရေးကိုမူ မိသားစုနှင့် ရှေ့နေမှ မဆုံးဖြတ်သေးဘဲ၊ တနင်္ဂနွေနေ့တွင် ကိုဇာဂနာထံ မိသားစုက ထောင်ဝင်စာ တွေ့ဖြစ်သည့်အခါ ဆွေးနွေးမည်ဟု သိရသည်။

အလားတူ အင်းစိန်ထောင် တရားရုံးကပင် ယနေ့တွင် နာဂစ် လေဘေး ဒုက္ခသည်များအား အကူအညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးနှင့် အမှုတွဲတူ ကိုသန့်ဇင်အောင်အား ထောင်ဒဏ် ၁၅ နှစ်စီနှင့် ကိုတင်မောင်အေး (ခ) ကိုဂတုံး အား ၂၉ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။

"ကိုဂတုံးက အပြီးသတ်ချလိုက်တာ ဒီနေ့။ အင်းစိန်ထောင် တရားရုံးကပေါ့။ ကျန်တဲ့သူတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင်တို့ကိုတော့ ဆက်ပြီး စစ်ဆေးသွားမယ်လို့ ပြောတယ်။ နောက်ထပ် နှစ်တွေ တိုးလာမယ့်သဘော ရှိတယ်" ဟု ကိုဇာဂနာ မိတ်ဆွေတဦးဖြစ်သည့် ကိုမင်းဆွေက ပြောသည်။

သူက "ကိုဂတုံးက ကိုဇာဂနာနဲ့ တအိမ်ထဲနေကြတာ။ ရိုက်ကွင်းတွေ ဘာတွေရှိရင် ခေါ်သွားလေ့ရှိတယ်။ ကိုသန့်ဇင်အောင်ကလည်း လုပ်ဖော်ဆောင်ဘက်တွေလို့ ပြောလို့ရတယ်" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်စဉ် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဟာသအနုပညာရှင် ကိုဇာဂနာက အာဏာပိုင်များအပေါ် ဟာသပြက်လုံးများထုတ်ကာ ပြောဆိုခဲ့သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို သူ၏ အနုပညာလုပ်ပိုင်ခွင့်များပါ ပိတ်ပင် တားမြစ်ခံခဲ့ရသည်။

လွတ်လပ်စွာ ထုတ်ဖော် ရေးသားသဖြင့် ခြိမ်းခြောက်ခံရ၊ အကျဉ်းကျခံရသည့် စာရေးဆရာများထဲတွင် ကိုဇာဂနာသည် ရဲစွမ်းသတ္တိနှင့် မှန်ကန်ဖြောင့်မတ်မှု ရှိသူတဦးဖြစ်သည်ဟုဆိုကာ ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆုကို ချီးမြှင့်ခဲ့သည်။

Ref: မဇ္ဇျိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့