Wednesday, November 19, 2008

ဆိုမာလီ ကမ်းလွန် ပင်လယ်ဓါးပြ သင်္ဘော အိန္ဒိယ ရေတပ် နှစ်မြုပ်

19 November 2008

ဆိုမားလီယား ကမ်းရိုးတန်းမှာ ရှိနေတဲ့ ပင်လယ် ဓားပြတွေ သိမ်းပိုက်ထားတယ်လို့ ယူဆထားရတဲ့ သင်္ဘော တစင်းကို အိန္ဒိယ ရေတပ် သင်္ဘော တစင်းက ဖျက်ဆီး နှစ်မြုပ်ပစ် လိုက်တယ်လို့ အိန္ဒိယ ရေတပ်က ပြောကြားလိုက်ပါတယ်။ စပိဘုတ် ၂စင်း ခြံရံထားတဲ့ ပင်လယ်ဓားပြတွေ သိမ်းထားတယ်လို့ ယူဆရတဲ့ သင်္ဘောနဲ့ အိန္ဒိယ ရေတပ် သင်္ဘော တာဘာ တို့အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီနေ့ အိန္ဒိယ စစ်အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် ပင်လယ် ဓားပြတွေက စစ်သင်္ဘောကို စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး စစ်တပ်က သူတို့ သဘောင်္ကို နစ်မြုပ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။

ဒီ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အီဒင် ပင်လယ်ကွေ့မှာ အင်္ဂါနေ့က သင်္ဘော ၃ စင်းကို ပင်လယ် ဓားပြတွေက အပိုင်စီးခဲ့တယ်လို့ ရေကြောင်း အရာရှိတွေက ပြောပါတယ်။ ဒါဟာ သင်္ဘောသား ၁၆ဦး အပါ ထိုင်း ငါးဖမ်းသင်္ဘော တစင်း၊ သင်္ဘောသား ၂၅ ဦးပါ အီရန် ကုန်တင် သင်္ဘောနဲ့ သင်္ဘောသား ၂၃ဦး အနဲဆုံး ပါတဲ့ ဂရိ သင်္ဘောတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ သင်္ဘောသား ၂၅ဦး ပါ ဆော်ဒီ ရေနံတင် သင်္ဘောကို ပင်လယ်ဓားပြတွေ ခြေကုတ်ယူထားတဲ့ ဆိုမာလီ ဆိပ်ကမ်း ဟာရာရာဆီကို ပင်လယ်ဓားပြတွေက မောင်းနှင်ပြီး ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့