Monday, December 08, 2008

တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု

triangle view

နိုင်ငံတခုမှာ အစိုးရရယ်၊ ပြည်သူရယ်၊ စစ်တပ်ရယ်ဆိုတဲ့ တြိဂံပုံသဏ္ဍာန်ဖြစ်တည်မှု တခု ရှိတယ်။ အစိုးရဆီမှာ ပြည်သူ့အာဏာ သက်ဆင်းမှုရှိရတယ်။ စစ်တပ်ဆိုတာကတော့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ထားရှိရတဲ့ အဖွဲ့အစည်း တရပ်ဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်မှာကျတော့ ပြည်သူလူထုကို စောင့်ရှောက်ရမယ့် စစ်တပ်က ပြည်သူကိုသတ်ပြီး ပြည်သူ့ အာဏာသက်ဆင်းရမယ့် အစိုးရနေရာကို အတင်း လုယူထားတယ်။ ဒီတော့ တြိဂံပုံသဏ္ဍာန်ဟာ ပျက်ယွင်းသွားပြီ။ အာဏာသိမ်း စစ်အစိုးရနဲ့ ပြည်သူလူထုဆိုတဲ့ ဘက်နှစ်ဘက် ထိပ်တိုက်ဖြစ်နေပြီ။

အတိုက်အခံဆိုတာက ဖိနှိပ်ခံလူတန်းစားတွေရှေ့က ရဲရဲဝံ့ဝံ့ ရပ်တည်တိုက်ပွဲဝင်ဖို့ ပေါ်ထွက်လာသူတွေ ဖြစ်တယ်။ ဒါကြောင့် ဒီတိုက်ပွဲဟာ စစ်အစိုးရနဲ့ အတိုက်အခံများကြားက အားပြိုင်တဲ့ပွဲမဟုတ်ဘူး။ ဖိနှိပ်တဲ့ စစ်တပ်နဲ့ အဖိနှိပ်ခံ ပြည်သူများအကြားက တိုက်ပွဲတရပ်သာ ဖြစ်တယ်။ ဒီတော့ ကြားနေဆိုတာ မရှိဘူး။ ဖိနှိပ်တဲ့ စစ်တပ်ဘက်က ရပ်တည်မှာလား၊ အဖိနှိပ်ခံရတဲ့ ပြည်သူဘက်က ရပ်တည်မှာလားဆိုတဲ့ ရွေးချယ်မှုကိုသာ ရွေးချယ်ရတော့မှာ ဖြစ်တယ်။ အဖိနှိပ်ခံပြည်သူတွေကို မျက်ကွယ်ပြုပြီး ကြားနေတယ် ဆိုရင်တော့ ဖိနှိပ်တဲ့ စစ်တပ်ကို အားပေးရာကျနေလိမ့်မယ်။

ပြည်သူလူထုထဲမှာလည်း ဖိနှိပ်သူကိုမှ အားပေးအားမြှောက်လုပ်ပြီး အခွင့်အရေး ယူနေသူတွေရှိတယ်။ ဒီလူတွေဟာ လူထုသစ္စာဖောက်တွေဖြစ်တယ်။ တပ်မတော်သားတွေထဲမှာလဲ ပြည်သူနဲ့ ပူးပေါင်းပြီး၊ တြိဂံ ပုံသဏ္ဍာန် တည်ဆောက်ချင်သူတွေ ရှိနေမယ်။ ဒီလိုမျိုးချစ်သူရဲကောင်းတွေကို လူထုနဲ့ အမြန်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍဆိုတာ တြိဂံပုံသဏ္ဍာန်အနေနဲ့ အမြဲတည်ရှိနေပြီးသားပါ။ ဒီအခန်း ကဏ္ဍကို မြောင်းထဲရောက်အောင်၊ ပြည်သူ့ချဉ်ဖတ်ဘ၀ ရောက်အောင် ပြည်သူတွေဆီ သေနတ်ပြောင်းကို ဘယ်သူတွေ ချိန်ခိုင်းခဲ့တာလဲ။ ပြည်သူ့သားကောင်းပီသစွာ သေနတ်ပြောင်းတွေကို နောက်ပြန်လှည့် လိုက်ပါ။

သူ့နေရာနဲ့သူ လှပပြီး၊ အဓိပ္ပာယ်ပြည့်ဝနေတဲ့ တြိဂံပုံသဏ္ဍာန် ဖြစ်တည်မှုကို နိုင်ငံသစ်ဆီမှာ ပြန်လည် တည်ဆောက်ကြပါစို့။

ခင်မမမျိုး (၂၅၊ ၁၀၊ ၂၀၀၈)

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့