Tuesday, October 28, 2008

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်

၂၇ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သား အစိုးရသစ်အတွက် ရည်ရွယ် ဆောက်လုပ်နေသည့် နေပြည်တော် လွှတ်တော် အဆောက်အဦးတွင် ၂၀၀၉ ခု စက်တင် ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင် ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေး သော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော် လွှတ်တော်မှာ ရုံးအဖွဲ့ စတင် ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့ တွင် တာဝန်ပေးနိုင်ရေး အတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ် နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

တည်ဆောက်နေဆဲ လွှတ်တော် အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့