Monday, October 27, 2008

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့လမ်းပိုင်း ကန့်သတ်ချိန်အတွင်းပြန်ဖြတ်ခွင့်ပေး

၂၇ အောက်တိုဘာ ၂၀၀၈

ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းထိပ် ပိတ်ထားသည့် အတားအဆီးအချို့ကို ဖယ်ရှားလိုက် သော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ လမ်းပိုင်းကိုမူ ယခင်အတိုင်း ကန့်သတ်ချိန်ဖြင့် ပိတ်ထားဆဲ ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ ဖယ်ရှားလိုက်သည့် အတားအဆီးများမှ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းကာလ ကထဲက တက္ကသိုလ် ရိပ်သာလမ်း ထိပ်မှာ မကြာခဏ ချထားခဲ့သည့် အတား အဆီးများ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းပိုင်းကိုမူ မနက် ၆ နာရီ မတိုင်မီနှင့် ညနေ ၆ နာရီ နောက်ပိုင်း ပုံမှန်ပိတ်ထားဆဲ ဖြစ်သည်ဟု စုံစမ်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချသည့် အချိန်မှစ၍ အိမ်ရှေ့ လမ်းအပိုင်းကို မနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖွင့်ပေးထားလေ့ ရှိပြီး ရန်ကုန်မြို့တွင်း လုံခြုံရေး တင်းကျပ်သည့် အချိန်မျိုးတွင် တက္ကသိုလ်ရိပ်သာ လမ်းထိပ်ကို မကြာခဏ ပိတ်လေ့ရှိသည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်များက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းထိပ် ပိတ်ထားသည့် အတားအဆီးများကို ဖယ်ရှားလိုက်သော်လည်း စစ်အစိုးရ ဘက်မှ ဒေါ်အောင်ဆန်း စုကြည်နှင့် ဆွေးနွေးမည့်အရိပ်အယောင် မတွေ့ရကြောင်း၊ စက်တင်ဘာ အရေးအခင်း နှစ်ပတ်လည်မတိုင်မှီက ၀န်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ ဆွေးနွေးတော့မယောင် မြန်မာတိုင်းဂျာနယ်က သတင်းရေးခဲ့သော်လည်း ဆွေးနွေးပွဲ မဖြစ်ခဲ့ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့