Tuesday, October 28, 2008

ရုပ်သေးအရပ်သားအစိုးရသစ် ဖွဲ့လျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတရာထူး ယူမည်

၂၇ အောက်တိုဘာ ၂၀၀၈
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ရုပ်သေး အရပ်သား အစိုးရသစ်တွင် သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ယူမည်ဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ခန့်ထားမည်ဟု နေပြည်တော် နအဖ အတွင်းရေးမှူး ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဒုတိယ သမ္မတအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို လျာထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီး ရာထူးတိုးပေးပြီး ကိုင်ခိုင်းမည် ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ရုပ်သေးအရပ်သား အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတဖြစ်မည်ဆိုသည့် သတင်းမှာ ယခုရက်ပိုင်းအတွင်း နေပြည်တော် တွင် ပျံ့နှံ့နေသည်။

၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ကို စစ်အစိုးရ မကြေညာသေး သော်လည်း နေပြည်တော်၌ ဆောက်လက်စ သမ္မတအိမ်တော်နှင့် ဒုသမ္မတ အိမ်တော်နှစ်လုံးမှာ ခေါင်းမိုး အနီရောင်များဖြင့် ပြီးသလောက်ဖြစ်နေပြီဟု နေပြည်တော် အင်ဂျင်နီယာတဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတဦးဖြစ်သူ အသက် (၇၂) နှစ်ရှိ ၀န်ကြီး ဦးအောင်သောင်းကမူ မန္တလေးတိုင်းကို အခြေခံပြီး တိုင်းဒေသကြီး လွှတ်တော်အဆင့် ၀န်ကြီးချုပ်အဖြစ် လွှတ်တော် သက်တမ်း နှစ်ကြိမ် (၈) နှစ်တိတိ ဆက်ပြီး အရွေးခံမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်း ကြံ့ဖွံ့များနှင့်တွေ့ဆုံရာတွင် ၀န်ကြီး ဦးအောင်သောင်းက ပြောခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့