Thursday, November 13, 2008

မဲဆောက်မြို့တွင် လွယ်ကထုံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မနေ့က ထိုင်းနိုင်ငံမဲဆောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ လွယ်ကထုံ (တန်ဆောင်တိုင် မီးမျှောပွဲတော်) ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

လွယ်ကထုံပွဲတော်တွင် မြန်မာနိုင်ငံ မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ခြားထားတဲ့ သောင်းရင်းမြစ်ထဲမှာ စုပေါင်း မီးမျှောကြပါတယ်။ ကြက်ပျံမကျ စည်းကားတတ်တဲ့ ဒီပွဲတော်ကို မဲဆောက်မြို့ရှိ စက်ရုံ အလုပ်ရုံများမှ မြန်မာနိုင်ငံသား အများအပြားက လာရောက် ဆင်နွဲကြပြီး စုံလင်လှတဲ့ ပွဲဈေးတန်းတလျှောက် လှည့်လည် ခဲ့ကြပါတယ်။

ထိုင်းဘာသာဖြင့် လွယ်ကထုံလို့ခေါ်တဲ့ တန်ဆောင်တိုင် မီးမျှောပွဲတော်ရဲ့ ထူးခြားချက်ကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေး မယ်ပြိုင်ပွဲ ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးနှင့် ထိုင်းအမျိုးသမီးတို့ရဲ့ အလှချင်းပြိုင်ကြတဲ့ ဒီပွဲကို မြန်မာပြည်သား အမြောက်အများက ကြည့်ရှုအားပေးကြပါတယ်။

စင်ပေါ်မှ နှစ်နိုင်ငံမယ်များ

မြန်မာအမျိုးသမီးတဦး ပြိုင်ပွဲဝင်နေစဉ်

မယ်ပြိုင်ပွဲကို လာရောက်အားပေးကြတဲ့ ပရိသတ်များ

ထိုင်းမယ်များကို တင်ဆောင်လာတဲ့ အလှယဉ်

ထိုင်းဘက်ခြမ်းရဲ့ မီးရောင်စုံများ ထိန်ထိန်လင်းနေတဲ့ သောင်းရင်းမြစ် ကမ်းနားတလျှောက်မှာ မြန်မာ ပြည်သားများနှင့် နယ်ခံ ထိုင်းလူမျိုးများ စည်ကားသိုက်မြိုက်စွာ မီးမျှောလာကြသလို မြန်မာဘက်ခြမ်းမှာလည်း မှိန်တုတ်တုတ် မီးရောင်အောက် အနည်းငယ် မီးမျှောကြတာရှိပြီး အများစုကတော့ ထိုင်းဘက်ခြမ်းက ပွဲတော်ကို အဝေးမှလှမ်းမျှော် ကြည့်ရှုကြပါတယ်။


0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့