Tuesday, November 11, 2008

နေပြည်တော်မှာ အရေးပေါ်အစည်းအဝေးလုပ် တပ်လှန့်ထား မြန်မာဘင်္ဂလားဒက် နယ်စပ်တလျှောက် စစ်ရေးတင်းမာနေ

၁၀ နိုဝင်ဘာ ၂၀၀၈

မြန်မာ ဘင်္ဂလားဒက် အရေးအခင်းနှင့် ပတ်သက်၍ ယနေ့မနက် ၁၀ နာရီက နေပြည်တော်မှာ ထိပ်သီး စစ်ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး နေပြည်တော်တခုလုံး တပ်လှန့်ထားသည့် အတွက် နေပြည်တော် ၀န်ထမ်းများ စိုးရိမ်နေကြသည်။

နေပြည်တော် အရေးပေါ် အစည်းအဝေးမှ အသေးစိပ် ဆုံးဖြတ်ချက်များကို မသိရသေးသော်လည်း မြန်မာ ဘင်္ဂလားဒက်နယ်စပ်သို့ မြန်မာဘက်မှ စစ်အင်အား အမြန်ဖြည့်တင်းရေး ပါဝင်နိုင်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဘင်္ဂလားဒက်နိုင်ငံကလည်း စစ်တကောင်းတိုင်း ကောက်ဘဇားခရိုင် ရာမူးခရိုင်ခွဲမှ ထောင်ပေါင်းများစွာရှိ စစ်သည်များကို မြန်မာနယ်စပ်သို့ ပို့ထားသည်ဟု The Daily Star သတင်းစာက ရေးသည်။ မြန်မာဘက်က ဘင်္ဂလားဒက်နယ်စပ်တွင် စစ်အင်အား တိုးမြှင့်သည့် အတွက် ဘင်္ဂလားဒက်ဘက်မှ ယခုကဲ့သို့ စစ်အင်အား ထပ်မံ တိုးချရခြင်းဖြစ်သည်ဟုပါ ဖော်ပြသည်။

အခြေအနေ ပိုပြီးတင်းမာလာလျင် ကောက်ဘဇားထိ စစ်အင်အား တိုးမြှင့်ချထားမည်ဟု စစ်တကောင်း သတင်း ရပ်ကွက်များကို ကိုးကားပြီး အဆိုပါ သတင်းစာက ရေးသည်။

နယ်စပ်စစ်ရေး တင်းမားမှုကြောင့် ကောက်ဘဇားခရိုင် တက်ခနတ်မှာလည်း အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားသည်။

Ref: ခေတ်ပြိုင်


0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့