Sunday, November 09, 2008

တပ်ဆင်ဇနီးမောင်နှံ၏ အင်္ဂလန်နိုင်ငံဝင်ခွင့် ဗီဇာများကို ဗြိတိသျှအစိုးရ ပယ်ဖျက်

၈ နိုဝင်ဘာ ၂၀၀၈

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့်ဇနီးဖြစ်သူအား ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာများကို တရားမ၀င်တော့ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်သည်။

မစ္စတာ တပ်ဆင်နှင့် ဇနီးဖြစ်သူတို့ အင်္ဂလန်နိုင်ငံပြင်ပ ခရီးသွားနေစဉ် ၄င်းတို့ ကိုင်ဆောင်ထားသည့် ထိုင်းပတ်စ်ပို့များ၌ ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာများ တရားမ၀င်တော့ကြောင်း ဗြိတိသျှအစိုးရက ကြေငြာလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မစ္စတာ တပ်ဆင်နှင့် ဇနီးဖြစ်သူတို့ အနေနှင့် အင်္ဂလန်နိုင်ငံသို့ ထိုင်းပတ်စပို့ ကိုင်ဆောင်ပြီး ၀င်ရောက်ခွင့် ရှိတော့မည် မဟုတ်ပေ။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ဗြိတိသျှသံရုံးမှ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့် ဇနီးဖြစ်သူအား ထုတ်ပေးထားသည့် အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာကို ပယ်ဖျက်လိုက်ခြင်းဖြစ်ပြီး မစ္စတာ တပ်ဆင်နှင့်ဇနီးဖြစ်သူတို့အား အင်္ဂလန်နိုင်ငံသွားမည့် ခရီးသည်အဖြစ် လက်မခံရန် သက်ဆိုင်ရာ လေကြောင်းလိုင်းများကိုပါ ဘန်ကောက်အခြေစိုက် ဗြိတိသျှသံရုံးမှ အကြောင်းကြား ထားသည်။

မည်သည့်အတွက် မစ္စတာ တပ်ဆင်ဇနီးမောင်နှံ၏ အင်္ဂလန်နိုင်ငံ လည်ပတ်ခွင့် ဗီဇာများကို ဖျက်သိမ်းကြောင်းကိုမူ သံရုံးမှ လေကြောင်းလိုင်းများသို့ ပေးပို့သည့်အီးမေး၌ ဖော်ပြထားခြင်း မရှိပေ။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့