Monday, December 15, 2008

ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်

၁၄ ဒီဇင်ဘာ ၂၀၀၈


ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားငယ် ဗိုလ်ကြီး စောနေစိုးမြ ခေါ် မောင်တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ မှတဆင့် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ထွက်ခွာသွားရာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိသွားသည်ဟု မိသားစုက ပြောသည်။



ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်သို့ ရောက်ရှိသွားသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲဘက် အတွင်းရေးမှူး(၁) ပဒိုစောလှငွေက "နေပြည်တော်ကို ရောက်သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ သူနဲ့အ တူ ပဒိုတူးတူးလေး ပါသွားတယ်လို့ပြောတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါမှာကျတော့ ပဒိုတူးတူးလေးမပါဘူး။ မောင်တေးလေး တယောက်ပဲ နေပြည်တော်ကို ရောက်သွားတယ်။ သူ့အမေဆီကိုတော့ ဖုန်းပြန်ဆက်တယ်လို့ သိရတယ်။ ဘာကြောင့်သွားတယ်၊ ဘယ်သူနဲ့ သွားတယ်ဆိုတာကတော့ ကျနော်တို့ အသေးစိပ် စုံစမ်းတုန်းပဲရှိသေးတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ကြီးစောနေစိုးမြသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၂)၏ တပ်ခွဲမှူးဖြစ်ပြီး ၎င်းတပ်၏တပ်ရင်း မှူးမှာ ဒုတိယဗိုလ်မှူးကြီး စောဒေးဂေဖြစ်သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဇနီး ဆရာမ နော်လားဖိုး တို့တွင်သား လေးဦး၊ သမီးသုံးဦးရှိပြီး စောနေစိုးမြသည် ခြောက်ဦးမြောက်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း စောဘိုမြ၏ ဇနီးနော်လားဖိုးသည် လက်ရှိ ကရင်အမျိုးသမီးအစည်းအရုံး (KWO)အဖွဲ့တွင်ဥက္ကဌဖြစ်သည်။

ညီအစ်ကိုမောင်နှမ ခုနှစ်ဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးဖြစ်သူ ယခင်တပ်ရင်း (၂၀၂)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောနေကော်မြသည် ယခုနှစ်ဆန်း ပိုင်းက ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့