Tuesday, December 16, 2008

သတင်းမီဒီယာ နှိပ်ကွပ်မှုအတွက် မြန်မာစစ်အစိုးရ ဝေဖန်ခံရ

16 December 2008

ကမ္ဘာ့ ၁၀၂ နိုင်ငံက သတင်းစာတိုက်ကြီး ၁၈,၀၀၀ ကျော်ပါဝင်တဲ့အဖွဲ့က မြန်မာပြည်မှာ သတင်းသမားတွေ၊ လွတ်လပ်စွာ သဘောထား ထုတ်ဖော်ခွင့် လှုံ့ဆော်သူတွေကို ထောင်ချနေတာ ရပ်ပါလို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့သတင်းစာတိုက်ကြီးများအသင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ တနင်္လာနေ့က စည်းဝေးပွဲလုပ်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်ထဲမှာ မြန်မာပြည်မှာ စစ်အစိုးရ ကျင့်သုံးနေတဲ့ ၀ါဒလမ်းစဉ်တွေဟာ ကမ္ဘာပေါ်မှာ အဖိနှိပ်ဆုံး၊ အနှိပ်ကွပ်ဆုံးတွေထဲမှာ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံတကာ သဘောထား လွတ်လပ်ခွင့်၊ ဖော်ထုတ်ခွင့် စံနှုန်းများ ကျင့်သုံးလာရေး ၀ိုင်းဝန်းဖိအားပေးကြပါလို့လည်း မြန်မာ့အိမ်နီးနားချင်း အရှေ့တောင် အာရှနိုင်ငံများကို ကမ္ဘာ့ သတင်းစာတိုက်ကြီးများ အသင်းက တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်မှာ ထောင်သွင်းအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်ထဲမှာ သတင်းသမားတွေ၊ လွတ်လပ်စွာ သဘောထား ဖော်ထုတ်ခွင့် လှုံ့ဆော်သူတွေ ပါဝင်ကြတယ်လို့လည်း ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။ မြန်မာပြည်မှာ နာဂစ် ဆိုင်ကလုန်း လေမုန်တိုင်းဒုက္ခသည်များနဲ့ ပတ်သက်ပြီး သတင်းဓာတ်ပုံ ရိုက်ခဲ့လို့ အမျိုးသမီးသတင်းထောက် အိမ့်ခိုင်ဦး မကြာသေးခင်ကပဲ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့