Tuesday, January 20, 2009

ကမ္ဘာ့ခေါင်းဆောင်များကို သမ္မတဘုရှ် နောက်ဆုံးနှုတ်ဆက်

20 January 2009

အမေရိကန်သမ္မတအဖြစ် ဒီနေ့ သက်တမ်းကုန်ဆုံးတော့မယ့် ဂျော့ခ်ျဘုရှ်က သူ့ရဲ့သက်တမ်း ၈ နှစ်တာကာလအတွင်း ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ ကမ္ဘာ့ခေါင်းဆောင် အများအပြားကို မနေ့က တယ်လီဖုန်းဆက် ကျေးဇူးတင်စကား ပြောဆိုပါတယ်။

ရုရှားဝန်ကြီးချုပ် ဘလာဒီမာ ပူတင် (Vladimir Putin)၊ ရုရှားသမ္မတ ဒီမီထရီ မက်ဗီ ဒက်ဗ် (Dmitri Medvedev)၊ အစ္စရေးလ်သမ္မတ ရှီမွန် ပီရက်စ် (Shimon Peres)၊ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy)၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာ မာကဲ (Angela Merkel) တို့ထံ သမ္မတဘုရှ်က ကျေးဇူးတင်စကား ပြောကြားပါတယ်။

မစ္စတာဘုရှ်ဟာ အမေရိကန်သမ္မတအဖြစ် နောက်ဆုံးနေ့မှာ ဘရာဇီးသမ္မတ၊ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ခ် (Lee Myung-bak)၊ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown)၊ ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso)၊ ဒိန်းမတ်ဝန်ကြီးချုပ်တို့ အပြင် ယခင် မက္ကဆီကိုသမ္မတ ဗင်းဆင့်တေး ဖော့က်စ် (Vicente Fox) တို့ထံ တယ်လီဖုန်းဆက် နှုတ်ခွန်းစကား ပြောဆိုပါတယ်။

ဘရက်ခ် အိုဘားမား အမေရိကန်သမ္မတအဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုအပြီး အိမ်ဖြူတော်ကို ပြောင်းလာတော့မှာမို့ မစ္စတာဘုရှ်လည်း ဒီနေ့ပဲ အိမ်ဖြူတော်ကဆင်းပြီး တက္ကဆက်ပြည်နယ်မှာ သွားနေမှာဖြစ်ပါတယ်။

လေးနာရီစောကာ မစ္စတာအိုဘားမားရဲ့ပစ္စည်းများ သယ်ဆောင်လာမှာဖြစ်သလို မစ္စတာဘုရှ်ရဲ့ ပစ္စည်းများကိုလည်း သယ်ဆောင်သွားကြ ပါလိမ့်မယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့