Tuesday, January 20, 2009

ဆိုင်ကယ်ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေ

NEJ/ ၁၉ ဇန်န၀ါရီ ၂၀၀၉

နေပြည်တော်တွင် ယာဉ်စည်းကမ်း ပညာပေးမှု နည်းပါးသည့်အတွက် မော်တော်ဆိုင်ကယ် ထိခိုက်မှုဖြင့် သေဆုံးသူ ပျမ်းမျှ တနေ့ (၈) ဦးနှုန်းရှိသည်ဟု နေပြည်တော် တရားရုံးသတင်းရပ်ကွက်က ပြောသည်။

မော်တော်ဆိုင်ကယ် ထိခိုက်မှုကြောင့် နေပြည်တော်တွင် တနေ့ လူ (၈) ဦးနှုန်းသေနေသည်မှာ ယာဉ်စည်းကမ်းကို နားမလည်ခြင်း၊ ယာဉ်ထိန်းကြီးကြပ်မှု နည်းပါးခြင်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ချပေးရာ စီးသူများလာခြင်း၊ မော်တော်ဆိုင်ကယ် တက္ကစီ မောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း နားမလည်ခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု နေပြည်တော် တရားရေး ၀န်ထမ်းတဦးက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို လိုင်စင်ချပေးပြီးနောက် ဆိုင်ကယ်တစီးကို တလ တသိန်းဖြင့် ငှားပြီး ဆိုင်ကယ်တက္ကစီ မောင်းသူ များလာသည့် အပြင် ကျွမ်းကျင်မှု မရှိသည့် ဆိုင်ကယ် တက္ကစီများက ကားကို ၀င်တိုက်သည့် အမှုများလည်း မကြာခဏ ရှိနေသည်ဟု နေပြည်တော် ခရီးသွားများက ပြောသည်။

နေပြည်တော်ဝန်ထမ်းများမှာလည်း ပျဉ်းမနား ကားလိုင်းများ ကြပ်သည့်အတွက် အဆိုပါ ဆိုင်ကယ်တက္ကစီ များကိုသာ အားထား စီးနေရသည်။ ထို့ကြောင့် နေပြည်တော် ဆိုင်ကယ် ထိခိုက်သေဆုံးမှုတွင် နေပြည်တော် ၀န်ထမ်းများလည်း ပါဝင်သည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

နေပြည်တော် ဆိုင်ကယ်တက္ကစီ မောင်းသူများသည် တနေ့ ကျပ်ငွေ (၃,၀၀၀) ဆိုင်ကယ်ပိုင်ရှင်ကို ပြန်ပေးရန် ရှာရသည့်အတွက် အလုအယက် အမြန်မောင်းရာမှ ထိခိုက်မှုများ ကြုံရသည်ဟုသည်း တရားရုံး သတင်းရပ်ကွက် က ပြောသည်။ နေပြည်တော် ကုတင် (၃၀၀) ဆေးရုံရှိ လူနာအများစုမှာ ဆိုင်ကယ်တိုက်မှုကြောင့် ရောက်လာသည့် လူနာက အများစုဖြစ်နေသည်ဟု စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့