Wednesday, October 15, 2008

အပစ်အခတ်ရပ်အဖွဲ့များကို စစ်တိုင်း လက်အောက်ခံအဖြစ် ထားရှိမည်

2008-10-14

၂ဝ၁ဝခုနှစ်ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းပြီး စစ်အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ထားရှိမယ်လို့ စစ်အစိုးရ တာဝန်ရှိ သူတဦးက စက်တင်ဘာ လကုန်ပိုင်းမှာ အသိပေး ပြောကြားတယ်လို့ စုံစမ်း သိရှိရပါတယ်။

ရှမ်းပြည်နယ်တခုလုံးကို တာဝန်ယူထားတဲ့ က-စ-ထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကျိုင်းတုံအရှေ့က မုန်းလားအဖွဲ့၊ ဝနယ်တောင်ပိုင်းအဖွဲ့ စတဲ့အဖွဲ့တွေကို ကျိုင်းတုံမြို့ကို ခေါ်ယူ တွေ့ဆုံ အသိပေးတာလို့ တရုတ်-မြန်မာနယ်စပ်က အပစ်ရပ်အဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းတွေ အရသိရပါတယ်။
ဒီလိုခေါ်တွေ့ရာမှာ တပ်တွေကို လက်နက်ချခိုင်းတာ မဟုတ်ပဲ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ တိုင်းအောက်က တပ်ဖွဲ့တွေအဖြစ် ပြန်လည် ဖွဲ့စည်းမည့် အကြောင်း အသိပေးတာလို့ သိရပါတယ်။
ဒီလို အသိပေးပေမဲ့ တပ်တွေကို ဘယ်တော့ ပြန်ဖွဲ့စည်းမယ် ဆိုတာကို ပြောတာမဟုတ်ပဲ ဒီကိစ္စအတွက် ပြင်ဆင်ထားဖို့၊ အချင်းချင်း နားလည်မှုရှိရှိနဲ့ ဆွေးနွေး ညှိနှိုင်းထားကြဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မှာကြားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်တွေကို ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ နိုင်ငံတော်ရဲ့ တပ်မတော်အောက်မှာ ရှိတဲ့အတွက် နိုင်ငံတော် တပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ ညီညွတ်တဲ့၊ အရည်အချင်း အဆင့်အတန်း ပြည့်မီတဲ့ တပ်တတပ် ဖြစ်ဖို့ လိုတယ်လိုလည်း ပြောပါတယ်။ ဒီိအတွက် ငြိမ်းချမ်းရေး ယူထားတဲ့ တပ်တွေကနေ ပါလာတဲ့ အဆင့်မမီတဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူး နေရာတွေမှာ လိုအပ်ရင် မြန်မာ့တပ်မတော်က လူတွေကို အစားထိုးပြီး အုပ်ချုပ်သွားမယ်လို့ ပြောကြားသွားတယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးကို မေးမြန်းဖို့ အဆက်သွယ်လုပ်တဲ့ အခါမှာ အဆက်အသွယ်လုပ်လို့ မရပါဘူး။
တရုတ်မြန်မာနယ်စပ် လေ့လာစောင့်ကြည့်နေသူတွေကတော့ က-စ-ထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အခုလို စစ်အစိုးရရဲ့ ၂ဝ၁ဝရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေကို ပြောဆိုသွားတာ ဖြစ်တယ်လို့ အဆက်အသွယ်တွေကတဆင့် သိရကြောင်း RFA ကို ပြောပါတယ်။
အကယ်၍သာ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စစ်အစိုးရ တပ်တွေရဲ့ လက်အောက်ကို ရောက်သွားခဲ့မယ် ဆိုတာနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နားဆင်ရန်
ref: RFA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့