Monday, October 13, 2008

မုန်တိုင်းသင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ အကူအညီလိုအပ်နေသေး

2008-10-12

နာဂစ်မုန်တိုင်းတိုက်ပြီးတာ ၅ လကျော်လာပြီးတဲ့နောက်မှာ မုန်တိုင်းသင့် ပြည်သူတွေအနေနဲ့ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး အဲဒီထဲမှာ ကိုယ်လက်အင်္ဂါ မသန်စွမ်း သူတွေလည်း ပါဝင်ပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ် ၁၈ ရပ်ကွက်ရှိ မုန်တိုင်းသင့် ဒုက္ခသည်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မလာရောက်မှီ အာဏာပိုင်များက မိုးကာစ ၁ဝ ကိုက်စီ ဝေငှပေးပြီးနောက် ကာရံထားသည့် တဲများကို အာအက်ဖ်အေ သောတရှင်တဦးက မေလ ၂၁ ရက်နေ့တွင် ရိုက်ကူးပြီး အာအက်ဖ်အေသို့ ပေးပို့ထားသောပုံဖြစ်ပါသည်။

သူတို့ရဲ့ ချိုင်းထောက်တွေ၊ ဘီးတပ်ကုလားထိုင်တွေ၊ ခြေတု၊ လက်တုတွေ စတဲ့ပစ္စည်းတွေ မုန်တိုင်းမှာမျောပါ ပျောက်ဆုံးသွားသလို အများအပြားဟာ စိတ်ဒဏ်ရာ အကြီးအကျယ် ရခဲ့ကြပါတယ်။ ခုချိန်မှာ သူတို့ဟာ စိတ်ဓါတ်ရေးရာနဲ့ လူမှုရေးရာ ကူညီဖေးမမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ မုန်တိုင်းမတိုင်ခင်ကာလ စာရင်းဇယားတွေအရ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ ၃ သောင်းဝန်းကျင်ရှိပါတယ်။ မုန်တိုင်းနောက်ပိုင်းမှာတော့ ၃ ထောင် ကနေ ၅ ထောင်ထိ ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

Handicap International France အဖွဲ့က ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေနဲ့ အရေးပေါ် ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Thomas Calvot က လေဘေးသင့်ဒေသကို လေ့လာစမ်းစစ်ရာမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေရဲ့ ဒုက္ခကို သတိမမူခဲ့ကြဘူးလို့ ပြောပါတယ်။

မုန်တိုင်းလွန် ပူးတွဲလေ့လာ အကဲဖြတ်ရေးအဖွဲ့က အကူအညီတွေပေးတဲ့နေရာမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေရဲ့အကြောင်းကို ထည့်သွင်းပြောဆိုရုံမကပဲ အကူအညီပေးရာမှာလည်း သူတို့ကို ထည့်တွက်သင့်တယ်လို့ ပြောပါတယ်။

ref: FRA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့