Wednesday, October 15, 2008

ပုဂ္ဂလိကဘဏ်တွေရဲ့ အစုရှယ်ယာတွေကို အမေရိကန်အစိုးရ ၀ယ်ယူ

ဘဏ္ဍာငွေကြေး ဈေးကွက်ကို ပြန်ကယ်တင်ရေး ကြိုးပမ်းမှုတွေထဲက နောက်ဆုံး လုပ်ရပ်တခုမှာ ပုဂ္ဂလိကဘဏ်တွေကနေ ဒေါ်လာ သန်း ၂၅၀,၀၀၀ ခွဲဖိုး အစုရှယ်ယာတွေကို အမေရိကန် အစိုးရက ၀ယ်ယူနေပြီး ချေးငွေတွေနဲ့ အပ်နှံငွေတွေအပေါ် အစိုးရ အာမခံကြေး တွေကို တိုးမြှင့်လိုက်ပါတယ်။

ဒီအစီအစဉ်ဟာ ဘဏ္ဍာရေး စနစ်ထဲမှာ ယုံကြည်မှု ပြန်တည်ဆောက်ပေးပြီး ဘဏ်တွေအနေနဲ့ ငွေပြန်ချေးအောင် အားပေးလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း အမေရိကန်သမ္မတဘုရှ် (Mr. Bush) က အိမ်ဖြူတော်မှာ ဒီကနေ့ပြောပါတယ်။ ရပ်တန့်နေတဲ့ ငွေချေး ဈေးကွက်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်ပျက်ပြားမယ့် အရေး ခြိမ်းခြောက်နေတယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောပါ တယ်။

ဘဏ်တွေမှာ အစိုးရက၀င်ပြီး စွက်ဖက်တာဟာ လွတ်လပ်တဲ့ဈေးကွက်ကို ထိန်းချုပ်ဖို့မဟုတ်ဘဲ ထိန်းသိမ်းဖို့သာ ဖြစ်ပါတယ်လို့မစ္စတာဘုရှ်က ပြောပါတယ်။ ဒီလုပ်ရပ်ကို အစိုးရဟာ မလုပ်ချင်ဘဲ လုပ်ရတာသာဖြစ်ပြီးစားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ငွေကြေးအရ အထောက်အပံ့ မပြုဘဲပစ်ထားတဲ့ တခြားနည်းလမ်းဟာ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူးလို့ ဘဏ္ဍာရေး ၀န်ကြီး ဟန်နရီပေါလ်ဆန်က (Henry Paulson) ပြောပါတယ်။

ဥရောပ အစိုးရတွေက သူတို့ရဲ့ဘဏ်တွေကို ကယ်တင်ဖို့ ဒေါ်လာကုဋေ ၂၀,၀၀၀ အသုံးပြုမယ် လို့ ပြောလိုက်ပြီးတဲ့နောက် အမေရိကန်ကလည်း အလားတူ လုပ်ဆောင်တာပါ။

ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့