Wednesday, October 15, 2008

မကြာမီကာလတွင် စားရေရိက္ခာ ပြတ်လပ်မည်ကို မုန်တိုင်း ဒုက္ခသည်များက စိုးရိမ်

အောက်တိုဘာ ၁၄၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ရိက္ခာ ထောက်ပံ့နေမှုကို မကြာမီက လျှော့ချလိုက်သောကြောင့် နိုင်ငံတကာ အကူညီများ ရပ်ဆိုင်းသွား မည်ကို ဒေသခံများက စိုးရိမ်ပူပန်လျှက် ရှိကြောင်း သိရသည်။

လပွတ္တာဒေသခံ ကိုအေးကြူက“ဒုက္ခသည်တွေက (WFP) ထောက်ပံ့နေတဲ့ ဆန်၊ ဆီ၊ ပဲ စတဲ့ ရိက္ခာ ထောက်ပံ့မှုတွေ ရပ်ဆိုင်းသွားမှာ ပူပန်နေကြတယ်၊ တချို့ဆိုရင် ဟင်းသီးဟင်းရွက် စိုက်တာတို့၊ ငါး၊ ပုစွန်ဖမ်းတာတို့ ပြန်လုပ် ဖို့ ပြင်ဆင်နေကြတယ်၊ တကယ်သာ ရပ်လိုက်ရင်တော့ အားလုံး ဒုက္ခရောက်ကုန် မှာ အမှန်ပါပဲ” ဟု ဧရာဝတီ သို့ ပြောသည်။

ဘိုကလေးမှ ပြန်လည်ထူထောင်ရေး လုပ်သားတဦးကလည်း “(WFP) က ဒီဒေသမှာပေးနေတဲ့ အထောက်အပံတွေကို လျှော့ချ လိုက်တယ်၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက ကြီးကြပ်ဆောင် ရွက်နေတယ်၊ ဘိုကလေးမြို့နားက ရွှေပြည်အေးရွာမှာ ဆိုရင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ရွာသားတွေကို အာဏာပိုင်တွေက ဖိအားပေးတယ်၊ ငြင်းတဲ့ သူတွေကို ၂၀၀၀ ကျပ် ဒဏ်တပ်တယ်”ဟုပြောသည်။

(WFP) အနေဖြင့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ဒေသများ၏ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို ပြောင်းလဲ ဆောင်ရွက်သွားရန် အစီအစဉ် ရှိသောကြောင့် လက်ရှိအစားအစာ ဖြန့်ဝေပေးနေခြင်းကို အောက်တိုဘာလ အကုန်တွင် ရပ်တန့် နိုင်ဖွယ်ရာရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

ထောက်ပံပေးနေသည့် ရိက္ခာများ လျှော့ချလိုက်ကြောင်း ၀န်ခံခဲ့သော်လည်း အောက်တိုဘာလ အကုန်တွင် ရိက္ခာထောက်ပံမှု ရပ်တန့်မည့် အစီအစဉ်ကိုမှု (WFP) က အတည်ပြုပြောကြားခြင်း မရှိပေ။ (WFP) ပြောခွင့်ရ ပေါလ်ရစ္စလေက“လတ်တလောမှာတော့ ကျနော်တို့ဟာ အစားအသောက်တွေကို ဖြန့်ဝေ ပေးနေဆဲဖြစ်ပါတယ်၊ ရှေ့အစီအစဉ်နဲ့ ပတ်သက်လို့ကတော့ အသေးစိတ် ဘာမှ မပြောနိုင်သေး ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းပုဂ္ဂလိက အလှူရှင်များ လာရောက်မှုများကို အာဏာပိုင်များက တင်ကျပ်မှုများ ပြုလုပ်နေခြင်းသည်လည်း ဒုက္ခသည်များ စားရေးရိက္ခာ အကူအညီများ ရရှိရန် အခက်အခဲများ ဖြစ်ပေါ်ရကြောင်း သိရသည်။ “ပြည်တွင်းပုဂ္ဂလိက အလှူရှင်တွေကိုလည်း ဒုက္ခသည်တွေဆီကို မသွားနိုင်အောင် အာဏာပိုင် တွေက တင်း ကျပ်နေတယ်၊ လာလည်တဲ့ ဧည့်သည်တိုင်းကိုလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်” ဟု လပွတ္တာမြို့ခံတဦးက ပြောသည်။ ယခုအခါ ယင်းဒေသတွင် ၁၀ ရက်ခန့် မိုးရွာသွန်းမှု မရှိသဖြင့် သောက်သုံးရေ ရရှိရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရ ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရှေ့လာမည့် သီတင်းပတ်အတွင်း မြန်မာ့နိုင်ငံတွင် မိုးရာသီ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် မုန်တိုင်းဒဏ်သင့်ဒေသ များတွင် သောက်သုံးရေ ပြတ်လပ်သည့် ပြဿနာမှာ ပိုမိုဆိုးဝါးနိုင်ကြောင်း သိရသည်။ လပွတ္တာနှင့် ဘိုကလေးမြို့တို့သည် မေလ ၂ ရက်နှင့် ၃ရက်နေတွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဒေသများဖြစ်ပြီး မြန်မာ့ အာဏာပိုင်များ၏ တရားဝင် ထုတ်ပြန်ချက် များအရ သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း ၁၄၀,၀၀၀ ခန့် ရှိသည်။

ref: Irrawaddy News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့