Tuesday, December 02, 2008

မော်လမြိုင် အောက်ဈေးကြီး မီးလောင်

01 December 2008

မော်လမြိုင်မြို့က အောက်ဈေးကြီး မီးလောင်နေတာ အခုအချိန်အထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။ မီးသတ်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။ မြို့ခံတယောက်ကတော့ မီးလောင်နေတဲ့ အခြေအနေကို အခုလို
ပြောပြပါတယ်။

"မော်လမြိုင် အောက်ဈေးကြီး မီးလောင်တာပါ။"


ဘယ်အချိန်လောက်က စလောင်တာပါလဲ။

"လောင်တာကတော့ ၆ နာရီ၊ ၆ နာရီခွဲလောက်ကထင်တယ်။ အခု မီးတော့ မသေသေးဘူး။ ဒါပေမယ့် တခြား ဘယ်တွေ၊ ညာတွေတော့ မလောင်တော့ဘူး။"

လူအသေအပျောက်၊ အထိအခိုက်ရော ရှိလား။

"အဲဒါတော့ မကြားသေးဘူး။ ကျမတို့တော့ ဒီမှာ ကြည့်နေတုန်းပဲ။ မီးကတော့ မငြိမ်း
သေးဘူး။ လောင်နေတုန်းပဲ။"

တခြား လူနေအိမ်တွေကို ကူးတာရော ရှိလား။

"မကူးပါဘူး။"

မီးညွန့်က အခုအနေအထား ဘယ်လိုရှိပါသလဲ။

"နည်းနည်း လောင်စရာများတော့ မီးညွန့်တော့ နည်းနည်းရှိသေးတာပေါ့။ အပေါ်ကြီးကိုတော့ မတက်တော့ဘူး။ မီးတော့ နိုင်သွားပါပြီ။"

မီးလောင်တာ ဘယ်လိုစလောင်တယ်လို့ ကြားလဲ။

"မကြားသေးပါဘူး။ ကျမတို့လည်း အခုမှ မီးစွယ်ကျိုးသွားပြီဆိုလို့ လာကြည့်တာ။"

ဆိုင်တွေ၊ ပစ္စည်းတွေရော အကုန်ပါသွားပြီလား။

"တချို့တွေလည်း လွတ်ကြတယ်။ တချို့တွေဆိုတာက စလောင်တဲ့ဘက်မဟုတ်ဘူး၊ ဒီဘက်အခြမ်းပေါ့။"
မော်လမြိုင်မြို့ အောက်ဈေးကြီး မီးလောင်နေတဲ့ အခြေအနေကို မြို့ခံတယောက်ကပြောပြခဲ့တာဖြစ်ပါတယ်။

Ref:

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့