Wednesday, December 03, 2008

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်ကို ဆိုက်ဘာဆုအတွက် RSF လျာထား

ဇာနည်
ဒီဇင်ဘာလ 03 2008

နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသော လူငယ် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်နှင့် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာတို့ကို နယ်စည်းမခြား သတင်းသမားများအဖွဲ့ - RSF မှ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံဆု ချီးမြှင့်ရန် လျာထားသည်။

ကိုယ်ကျိုးစွန့်ပြီး ပြည်သူများကို သတင်းမှန်များ ပေးသော နိုင်ငံတကာ သတင်းဌာနများ၊ အဖွဲ့အစည်းများနှင့် သတင်းသမားများကို ပြင်သစ်အခြေစိုက် RSF မှ နှစ်စဉ်နှစ်တိုင်း ချီးမြှင့်သော ယခုဆုအတွက် နောက်ဆုံး စိစစ်သည့် ၁၇ ဦး စာရင်းတွင် ပါရှိနေခြင်း ဖြစ်သည်။

"သူတို့နှစ်ယောက်ဟာ ဖိနှိပ်ခံနေရတဲ့ကြားက ပြည်တွင်းက ပြည်သူတွေကိုရော ပြည်ပက လူတွေကိုရော မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်ခဲ့တာတွေကြောင့် ဆုပေးဖို့ ရွေးချယ်ခံရတဲ့ စာရင်းမှာ ပါရတာပါ" ဟု RSF အာရှပစိဖိတ်ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် ဗင်းဆင့် ဘရော့စ်ဝဲလ်က မဇ္ဈိမကို ပြောသည်။

၁၉၉၂ ခုနှစ်မှ စတင်ကာ RSF သည် ရဲရင့်သော သတင်းထောက်ဆု၊ မီဒီယာသတင်းဌာနဆု၊ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်သော ဆုနှင့် ဆိုက်ဘာ အတိုက်အခံဆုတို့ကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။

ကိုနေဘုန်းလတ်နှင့် ကိုဇာဂနာတို့ကို အဖွဲ့၏ ၁၇ ကြိမ်မြောက် ဆိုက်ဘာ အတိုက်အခံဆုအတွက် လျာထားခြင်း ဖြစ်သည်။

ဆုရသူများ စာရင်းကို နိုင်ငံတကာမှ ထင်ရှားသော ၀ါရင့် သတင်းစာဆရာ ၃၅ ဦး ပါဝင်သည့် ဆုရွေးချယ်ရေး အဖွဲ့မှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်ကာ၊ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပမည့် ဆုပေးပွဲတွင် ဆုများကို အီရန်မှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ရှီရန် အဘာတီက ပေးအပ်မည် ဖြစ်သည်။

၂၀၀၇ ခုနှစ်က RSF ၏ ၁၆ ကြိမ်မြောက် မီဒီယာသတင်းဌာန ဆုကို နော်ဝေးနိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာနဖြစ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ရရှိခဲ့သေးသည်။

ရန်ကုန်မြို့တွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်ခဲ့သော ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်အား နိုင်ငံတော် လုံခြုံရေးကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဗီဒီယို အက်ဥပဒေနှင့် အီလက်ထရောနစ် အက်ဥပဒေများဖြင့် ပြီးခဲ့သည့် လအတွင်း အာဏာပိုင်များက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

အလားတူပင် ဟာသ သရုပ်ဆောင် ကိုဇာဂနာအား အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်စေသည်ဟု ဆိုပြီး အီလက်ထရောနစ် အက်ဥပဒေ အပါအ၀င် ပုဒ်မများဖြင့် ထောင်ဒဏ် ၅၉ နှစ် အထိ ချမှတ်ခဲ့သည်။

ကိုဇာဂနာသည် ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ချီးမြှင့်သော၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆု၊ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ လွတ်လပ်စွာ ဖော်ထုတ်မှုအတွက် ချီးမြှင့်သည့် Lillian Hellman and Dashiel Hammett Award နှင့် လန်ဒန် အခြေစိုက် Art Venture အဖွဲ့မှ ချီးမြှင့်သော Art Venture's Freedom to Create ဆုတို့ကို ရရှိခဲ့သေးသည်။

Ref: မဇ္ဈိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့