Wednesday, December 03, 2008

ထိုင်းဝန်ကြီးချုပ်နုတ်ထွက်၊ ဆန္ဒပြမှု အဆုံးသတ်

02 December 2008

ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) က သူ့ကို နိုင်ငံရေး ၅ နှစ် မလုပ်ရ၊ သူ့ရဲ့ နိုင်ငံရေးပါတီလည်း ဖျက်သိမ်းရမယ်လို့ ထိုင်းနိုင်ငံတော် ဖွဲ့စည်းပုံရေးရာ တရားရုံးရဲ့ စီရင်ချက်ကို လက်ခံကြောင်း ဘန်ကောက် အဓိက လေဆိပ်များကို သိမ်းပိုက်ကတည်းက ချင်းမိုင်မြို့မှာ ရုံးထိုင်နေရာက သတင်းထောက်များကို ပြောကြားပါတယ်။

ဆွန်ချိုင်း ဝေါင်ဆာဝတ်ရဲ့ ညွန့်ပေါင်းအစိုးရထဲက အဓိကနိုင်ငံရေးပါတီကြီး ၃ ခု မဲမသမာမှုများ ရှိခဲ့ကြောင်း တွေ့ရှိရလို့ ဖျက်သိမ်းရမယ်လို့ ဖွဲ့စည်းပုံရေးရာရုံးက ဒီနေ့စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။

မစ္စတာဆွန်ချိုင်း အပါအ၀င် ပြည်သူ့အာဏာပါတီ၊ ချတ်ထိုင်းပါတီနဲ့ မတ်ချီမာ သီပါတရာပါတီ ခေါင်းဆောင်များ နိုင်ငံရေး ၅ နှစ်မလုပ်ရလို့ ရုံးတော်က ပိတ်ပင်လိုက်ပါတယ်။

တရားရုံးစီရင်ချက် ထွက်လာလာခြင်းမှာပဲ အစိုးရပြောခွင့်ရပုဂ္ဂိုလ်က ညွန့်ပေါင်းအစိုးရထဲ ပါဝင်တဲ့ ၆ ပါတီ စလုံးက ပါတီသစ်များနဲ့ ၀န်ကြီးချုပ်လောင်းတယောက် ရွေးချယ်ရေးအတွက် လုပ်ဆောင်နေပြီလို့ ပြောဆိုပါတယ်။

ပီအေဒီ ဒီမိုကရေစီရရှိရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များက ဘန်ကောက် ၀န်ကြီးချုပ်ရုံးဝင်း သိမ်းပိုက်ထားမှု အဆုံးသတ်လိုက်ပြီ၊ လေဆိပ်သိမ်းပိုက်ထားတာကိုလည်း ဗုဒ္ဓဟူးနေ့မနက် ၁၀ နာရီမှာ အဆုံးသတ်မယ်လို့ ကြေညာပါတယ်။ လေဆိပ်တာဝန်ခံများကတော့ ခရီးသည်တင်လေယာဉ်ပျံသန်းမှု ဒီဇင်ဘာလ ၁၅ ရက်ထက်စောပြီး ပြန်မစနိုင်သေးဘူးလို့ ပြောဆိုကြပါတယ်။

အခုလထဲ ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး မတ်လကြမှ ကျင်းပတော့မယ်လို့ ဆိုပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့