Wednesday, December 03, 2008

ကိုဒီငြိမ်းလင်းကို အမှုသစ်တခုဖြင့် တရားစွဲဆိုပြန်

သန်းထိုက်ဦး အင်္ဂါနေ့၊ ဒီဇင်ဘာလ 02 2008
ချင်းမိုင် (မဇ္ဈိမ)။ ။ ထောင် ၁၀ နှစ်ကျော် ကျခံထားရပြီးသားဖြစ်သူ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုဒီငြိမ်းလင်းကို တောင်ဒဂုံမြို့နယ် ရဲစခန်းမှူးက တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယနေ့ ထပ်မံ တရားစွဲဆိုထားသည်ဟု သူ၏ မိခင်က ပြောသည်။

ကိုဒီငြိမ်းလင်း (အသက် ၂၁ နှစ်) အား တောင်ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဆန်းဌေးက တရားလိုပြုလုပ်၍ တရားစွဲဆိုထားခြင်းဖြစ်ပြီး တောင်ဒဂုံတရားရုံးတွင် အမှုထပ်မံ ရင်ဆိုင်ရမှာ ဖြစ်သည်။

"ဒီကျောင်းသား သမဂ္ဂဖွဲ့တယ်ဆိုပြီးတော့ စွဲထားတာ" ဟု ဒေါ် ဌေးဌေးဝင်းက မဇ္ဈိမ သို့ ပြောသည် ။

ယမန်နေ့က ဒဂုံမြို့နယ်တရားရုံးက အလားတူအမှုကို ပယ်ဖျက်လိုက်ပြီးနောက် ယခုကဲ့သို့ ထပ်မံတရားစွဲဆိုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် လူငယ်များကို ဦးဆောင်ပါဝင်ခဲ့သည့် နိုင်ငံရေး အစဉ်အလာရှိသော မျိုးရိုးမှ မွေးဖွားလာသူ ကိုဒီငြိမ်းလင်းကို စစ်အစိုးရက ထောင်ဒဏ် ၁၀ နှစ်ခွဲ ချမှတ်ခဲ့ပြီ ဖြစ်သော်လည်း ယခုတဖန် အမှုသစ်တခု တိုးလာခြင်း ဖြစ်သည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီ တိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။

ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာတော်များ ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီး ပေါ်ပေါက်နေချိန်တွင် ကိုဒီငြိမ်းလင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ပြန်လည် ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။

သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသူဖြစ်ကာ အဖိုးဖြစ်သူမှာ သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့ရသော ထီးလင်းမဲဆန္ဒနယ် လွှတ်တော်အမတ် ဦးစောဝင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့