Monday, February 02, 2009

ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေသည်ဟု အေပီ ပြော

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ 02 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီတို့ တွေ့ဆုံ ဆွေးနွေးနေပြီ ဖြစ်ကြောင်း အစိုးရ အရာရှိတဦး အပြောကို ကိုးကား၍ အေပီသတင်းက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီတို့ မတ်လ ၂၀၀၈ ခုနှစ်က ဆွေးနွေးစဉ် ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေး နေခြင်းဖြစ်သည်ဟု ဆိုသည်ဟု ရန်ကုန်မှလာသော အေပီသတင်းက ဖော်ပြထားသည်။

ကြားဝင်စေ့စပ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ စားပွဲဝိုင်းဆွေးနွေးရေး ဖြစ်ပေါ်အောင် မစွမ်းဆောင်နိုင်သေးသဖြင့် ကုလကိုယ်စားလှယ်သည် ပြင်းပြင်းထန်ထန် ဝေဖန်နေခဲ့ရသည်။

သောင်မတင်ရေမကျဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း၏ အထူးသံတမန်သည် ယခုအကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့