Saturday, February 07, 2009

KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ

မျိုးကြီး
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 06 2009

ရွှေလီ (မဇျွိမ) ။ ။ ကချင် လွတ်မြောက်ရေး တပ်မတော် KIA ထိန်းချုပ်ရာ တရုတ်နယ်စပ်ရှိ မိုင်ဂျာယန်မြို့သည် ယမန်နေ့ကစ၍ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းအချို့ ပြတ်တောက်နေသည်။

ယခင်က ကျေးလက်တောရွာလေး အဖြစ်မှ ယခုအခါ မြို့ငယ်အဆင့်အထိ ဖွံ့ဖြိုးလာခဲ့သည့် KIA တပ်မဟာ (၃) ဌာနချုပ် ထိန်းချုပ်ရာ မိုင်ဂျာယန်သည် တရုတ်ပြည် ယူနန်ပြည်နယ် ကျန်းဖုန်းမြို့နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး တရုတ်ဘက်မှ လျှပ်စစ်မီးကို ရယူသုံးစွဲနေခြင်း ဖြစ်သည်။


မကြာသေးခင်က ၎င်းမြို့တွင် ဖွင့်ထားသည့် လောင်းကစားဝိုင်းများသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံသား လူငယ်များအား ပြန်ပေးဆွဲ ခံထားရကြောင်း သတင်းများ ထွက်လာအပြီး ယခုလို ဖြတ်တောက်ခံရခြင်း ဖြစ်သည်။

"တရုတ်အစိုးရက ပြန်လွှတ်ပေးဖို့ လာရှာရင်းနဲ့ တချို့ဟာက မတွေ့ဘူး ဖြစ်သွားတာ။ လာရှာတဲ့သူ မတွေ့ဘူး ဆိုတော့ အဲဒါလိုက်ရှာပြီး အမြန် လုပ်ခိုင်းထားတာ။ အဲဒါ မရတော့ မီးတွေဘာတွေ ဖြတ်မယ်ဆိုတော့၊ မနေ့ကမှ စဖြတ်တာ'' ဟု ဒေသခံတဦးက ပြောသည်။

ပြန်ပေးဆွဲမှုဖြစ်ချိန်တွင် မြန်မာစစ်တပ်က မြို့တွင်းသို့ ထိန်းချုပ် စောင့်ကြပ်ခဲ့သော်လည်း လွန်ခဲ့သည့် တပတ်ခန့်က ပြန်ထွက်သွားကာ၊ မိုင်ဂျာယန်နှင့် ၅ မိုင်ခန့် ဝေးသည့်နေရာတွင် စခန်းချထားသည်။

ပြန်ပေးဆွဲဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် လောင်းကစားဝိုင်းများအား အာဏာပိုင်များက ပိတ်ပစ်ခဲ့သည်။

အပိတ်ခံထားရသည့် ဖုန်းလိုင်းအချို့ ဆိုသည်မှာ လောင်းကစားရုံများနှင့် ဆက်စပ်နေသည့် တရုတ်ပြည်တွင်းပြော နံပတ် ၁၁ လုံးပါ လက်ကိုင်ဖုန်း အချို့ဖြစ်သည်။

Ref: မဇျွိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့