Saturday, February 07, 2009

စီးပွားဦးမော့ရေးအစီအစဉ် အထက်လွှတ်တော်မှာ ယာယီသဘောတူ

07 February 2009

ငွေ အကြီးအကျယ် သုံးစွဲမယ့် အမေရိကန် စီးပွားရေးဦးမော့လာရေး အစီအစဉ်ကို အထက်လွှတ်တော်အတွင်း အခြေအတင် ဆွေးနွေး နေကြတာ အပေးအယူတည့်ပြီး ကနဦး သဘောတူညီမှု ရရှိသွားပြီ ဆိုတဲ့သတင်းများ ထွက်ပေါ်လာပါပြီ။ ဒေါ်လာ ဘီလီယံ ၇၈၀ သုံးစွဲရေး အပေးအယူ တည့်သွားတာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ ဒီမိုကရက်တစ် သတင်းရပ်ကွက်ကို ကိုးကားကာ သောကြာနေ့ ညနေပိုင်းက အဲဒီလို သတင်းထွက်လာတာပါ။

သောကြာနေ့ အစောပိုင်းမှာ သမ္မတ ဘားရက် အိုဘားမား က အမေရိကန်တွေ အလုပ်ပြုတ်နေကြတဲ့အချိန် ဒီ စီးပွားရေး ဦးမော့စေမယ့် ဥပဒေကြမ်း အတည်ပြုရေး အချိန်ဆွဲနေတာ ခွင့်မလွတ်နိုင်သလို တာဝန်မဲ့ရာလည်း ကျတယ်ဆိုပြီး ခပ်မြန်မြန် အတည်ပြုရေး တိုက်တွန်း ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွားရေး စတင်ကျဆင်း ကတည်းက အလုပ်က ထွက်ရသူ သုံးသန်းခြောက်သိန်း ရှိသွားပြီ။ အဲဒါကြောင့် အကျပ်အတည်းကလည်း ကြီးထွားလာနေပြီ၊ ကပ်ဆိုက်မယ့် အခြေအနေကို ဦးတည်သွားနေပြီ၊ အဲဒါကြောင့် အလျင်အမြန် လုပ်ဆောင်ကြရမယ်လို့ သောကြာနေ့က အိမ်ဖြူတော်မှာ တိုက်တွန်းခဲ့ပါတယ်။

သဘောထား ပျော့ပြောင်းတဲ့ ရီပါပလစ်ကန် အမတ်များက ဒီမိုကရက်တစ် အမတ်များနဲ့ စေ့စပ် ဆွေးနွေးကြပြီး အပေးအယူ တည့်သွားတာဖြစ်လို့ မဲခွဲတဲ့ အခါမှာ ရီပါပလစ်ကန် ဘက်က ကန့်ကွက်မဲ နည်းသွားလိမ့်မယ်လို့ ဆိုကြပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့