Thursday, February 05, 2009

ထိပ်တန်း အစိုးရ ရာထူးအပြောင်းအလဲ

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 04 2009 16:54 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ၀န်ထမ်းရွေးချယ်လေ့ကျင့် ဥက္ကဌရာထူးအပါအ၀င် ထိပ်တန်း ရာထူးအချို့ အပြောင်းအလဲ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရပ်ကွက်များက ပြောသည်။

ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာ သန်းညွှန့်နှင့် ပညာရေး ဒုဝန်ကြီး ဦးမျိုးညွှန့်တို့ ရာထူးမှ အနားယူ သွားပြီဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သည်။ ဤရာထူးမှာ ၀န်ကြီးရာထူးနှင့် တန်းတူအဆင့်ဖြစ်သည်။

ဦးကျော်သူသည် သမတဟောင်း ဦးမောင်မောင်၏ သားဖြစ်ပြီး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌလည်းဖြစ်သည်။ နာဂစ် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီထောက်ပံ့ရေးနှင့် နိုင်ငံတကာ အထောက်အပံ့များ ကွပ်ကဲရေး အတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ဖြစ်လာနိုင်သည့် ၀န်ကြီးအဖွဲ့အပြောင်းအလဲနှင့် ပတ်သက်၍ မဇ္ဈိမက ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သလို ယခုလက်ရှိ အချိန်တွင် နှုတ်ထွက်ပြီးသွားသူ အချို့ကို စတွေ့ လာရသည်။

ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောလွင်တို့ ရာထူးမှ နှုတ်ထွက်ပြီးဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့