Thursday, February 05, 2009

နိုင်ငံရေးအကျဉ်းသား ကူညီသူများ ခြိမ်းခြောက်ခံရ

NEJ/ ၄ ဖေဖော်ဝါရီ ၂၀၀၉

နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပါက ဖမ်းဆီးအရေးယူ ထောင်ချမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်နေကြောင်း ခြိမ်းခြောက်ခံရသူ၏ ဇနီးတဦးက ပြောသည်။

၎င်းက “ကျမယောက်ျားဟာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းတုန်းက ဒါရိုက်တာ ကိုသူရခေါ် ဇာဂနာ ဦးဆောင်တဲ့ သံဃာတော်တွေကို ဆွမ်းကွမ်း ကပ်လှူရေးအဖွဲ့မှာ တတပ်တအား ပါဝင်ခဲ့တယ်။ အဓိက ငွေလှူတာပါ။ နောက်ပိုင်း ကိုသူရကို ဖမ်းဆီးပြီးနောက် ကျမယောက်ျားလည်း ခေါ်ယူစစ်ဆေးခံရတယ်။ ဒါပေမယ့် အဖမ်းတော့ မခံရပါဘူး။ ခု ကိုသူရကို ထောင် (၅၉) နှစ်ချ၊ မြစ်ကြီးနားထောင်ကို ပို့လိုက်ပြီးနောက်ပိုင်း ခေါ်ခေါ်ပြီး စစ်ပြန်တယ်။ အခု အဓိက စစ်တာက ကိုသူရ မိသားစုကို ငွေကြေး ရုပ်ဝတ္တု ကူညီတာ ရှိသလားပေါ့။
ကူညီခဲ့တယ်ဆိုရင် အရင် ၂ဝဝ၇ ခုနှစ်က ဆွမ်းကပ်ရာမှာ ပါတဲ့ အမှုနဲ့ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချတာ ခံရမယ်။ လောလောဆယ် ဗီဒီယို ရိုက်တာ၊ ရုပ်ရှင်ရိုက်တာ၊ ကြော်ငြာရိုက်တာ စတဲ့ လုပ်ငန်းတွေမှာလည်း ကန့်သတ်တာ ခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒါနဲ့ ကျမတို့ မိသားစု ကိုသူရတို့ မိသားစုနဲ့ ဘယ်လောက်ရင်းနှီးရင်းနှီး ကိုသူရ သတင်းကိုမေးဖို့ ဖုန်းတောင် မဆက်ရဲဘူး” ဟု ပြောသည်။

အဆိုပါကိစ္စ ကိုသူရနှင့် ရင်းနှီးသည့် ရုပ်ရှင်ဗီဒီယိုနယ်မှ လုပ်ဖော်ကိုင်ဖက် အချို့ကို ဆက်သွယ်ကြည့်ရာ မှန်ကန်ကြောင်း ပြောပြသည်။

ရုပ်ရှင်သရုပ်ဆောင် တဦးကမူ ၎င်းကို ခြိမ်းခြောက်ရုံမက ကိုသူရ မိသားစု၏ လှုပ်ရှားမှုများကို သတင်းပေးရန် စည်းရုံးခြင်းမျိုးလည်း ခံရကြောင်း၊ သို့သော် ၎င်းအနေဖြင့် တသက်လုံး အဆိုပါကိစ္စမျိုး လုပ်မည် မဟုတ်ကြောင်း ပြောသည်။

နိုင်ငံရေးပြစ်မှုဖြင့် နှစ်ရှည်ပြစ်ဒဏ် ခံခဲ့ရဖူးသည့် ဝါရင့်သတင်းစာဆရာကြီး တဦးကမူ “နအဖ စစ်အစိုးရဟာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ကိုသူရခေါ် ဇာဂနာ အပါအဝင် နာဂစ်အရေး ကူညီ ကယ်ဆယ်သူတွေကို မတရားသဖြင့် ဖမ်းဆီးပြီး နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း အဲဒီ တက်ကြွ လှုပ်ရှားသူတွေနဲ့ မိသားစုဝင်တွေဟာ ဦးကျိုးမသွားဘဲ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ခဲ့ကြတဲ့အတွက် နယ်စွန်နယ်ဖျား ထောင်တွေကို ပို့ခဲ့ပြန်ကြောင်း၊ ဒါလည်း မိသားစုဝင်တွေ ကြောက်ရွံ့ နောက်တွန့်တာ မရှိသေးတဲ့အတွက် ထောင်ဝင်စာ ပိတ်ပင်တဲ့အထိ ညစ်ပတ်မိုက်မဲစွာ လုပ်ဆောင်လာကြောင်း၊ အခု အကူအညီပေး သတင်းမေးတဲ့ လူတွေကို ခြိမ်းခြောက်တာအထိ ကမ်းကုန်အောင် လုပ်လာကြောင်း၊ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်တွင်းပြည်ပ ပြည်သူတွေအားလုံးက အခုလို မတရား အကျဉ်းချခံထားရတဲ့ နိုင်ငံရေး သမားတွေကို အဖက်ဖက်က အားပေး ကူညီထောက်ပံ့သင့်ကြောင်း” ဝေဖန်ပြောဆိုသည်။

အန်အယ်လ်ဒီ ပါတီကမူ ပြီးခဲ့သည့်အပတ်က ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် တောင်းဆို လှုပ်ရှားကြရန် ပန်ကြားချက် ထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့