Monday, February 09, 2009

ဘန်ကီမွန်းရဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက် အန်အယ်ဒီ ထောက်ခံ

ဇာနည်
ဖေဖေါ်ဝါရီလ 07 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရအနေဖြင့် အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးမှုကို ချက်ချင်း ပြုလုပ် သင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ တိုက်တွန်းချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံလိုက်သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ကနယူးယောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတရပ်တွင် ကုလ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့် ရှိသူ မီရှယ်လ် မွန်တာ့စ်က ''မြန်မာအစိုးရနှင့် အတိုက်အခံများ အနေဖြင့် ထိရောက်သော တွေ့ဆုံ ဆွေးနွေးမှုအား နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ ပြုလုပ်သင့်ကြောင်း" ဟု ပြောကြားချက်အပေါ် ထောက်ခံလိုက်ခြင်း ဖြစ်သည်။

"ဒါက ကောင်းတဲ့ အကြံပြုချက်ပဲ။ ကျနော်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးဖို့က အမြဲ အဆင်သင့်ပါပဲ။ နအဖ အနေနဲ့ကလည်း အဆင်သင့် ဖြစ်နေဖို့ လိုတယ်" ဟု အန်အယ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ကုလအထူးသံတမန် မစ္စတာ ဂမ်ဘာရီသည် ယခုလ ၂ ရက်နေ့က မြန်မာပြည် ခရီးစဉ် အဆုံးသတ်ပြီး၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံပြီးသည့်နောက် သဘောထား ထွက်ပေါ်လာခြင်းဖြစ်သည်။

"အခု ခရီးစဉ်ဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် တိုးတက်မှုကို တည်ဆောက် ပေးသွားနိုင်မယ်လို့ အထွေထွေ အတွင်းရေးမှူးချုပ်က မျှော်မှန်းပါတယ်" ဟု မွန်တာ့စ်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

မစ္စတာ ဂမ်ဘာရီသည် သူ၏ ၄ ရက်ကြာ မြန်မာပြည် ခရီးစဉ်တွင် ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီး သိန်းစိန် အပါအ၀င် အခြားသော ၀န်ကြီးများ၊ နေအိမ်အကျယ်ချုပ် ကျခံနေရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

သူ့ခရီးစဉ်တွင် တိုးတက်မှု တစုံတရာ မတွေ့ရသောကြောင့် အောင်မြင်သည်ဟု မပြောနိုင်သော်လည်း ကုလသမဂ္ဂ အနေဖြင့် မြန်မာ့အရေး ကြိုးပမ်းမှုကို လက်မလျှော့ဘဲ ဆက်လုပ်သွားစေလိုကြောင်း အန်အယ်ဒီက ဆိုသည်။

ဦးဉာဏ်ဝင်းက "ကျနော်တို့ ဘာတိုးတက်မှုမှ မတွေ့ရဘူး။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ကြိုးပမ်း ပေးတာတွေကို အမြဲ ကျေးဇူးတင်နေပါတယ်။ ကုလသမဂ္ဂ အနေနဲ့ သူတို့ လုပ်နေတဲ့ အလုပ်တွေကို သူတို့ တတ်နိုင်သမျှ ဆက်လုပ်သွားဖို့ ကျနော်တို့ အနေနဲ့ တိုက်တွန်းချင်ပါတယ်" ဟု ဆိုသည်။


Ref: မဇ္ဈိမ

...

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့