Tuesday, January 13, 2009

ဂါဇာ ချက်ချင်း အပစ်အခတ်ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

13 January 2009

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ချက်ချင်း အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို လေးစား လိုက်နာကြဖို့ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တိုက်နေ ကြတာတွေကို ရပ်ပစ်ရမယ်၊ နှစ်ဖက်စလုံးကို အခုချက်ချင်း ရပ်ကြပါလို့ ပြောသွားပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသက လူနေထူထပ်တဲ့ ဒေသများဆီ အစ္စရေးမြေပြင် တပ်ဖွဲ့များ ချဉ်းကပ်သွားချိန် စစ် တိုက်လေယာဉ်များကလည်း ဟားမတ်စ်စစ်သွေးကြွ ပစ်မှတ်များနဲ့ မှောင်ခိုသွင်းတဲ့ ဥမင် လိုဏ်ခေါင်းများကို ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

တင့်ကားကြီးများ ကျောထောက်နောက်ခံပြုတဲ့ အစ္စရေးတပ်ဖွဲ့များ ဂါဇာစီးတီးမြို့အစပ်နားမှာ ဟားမတ်စ်တို့နဲ့ တိုက်ပွဲ ဖြစ်ပွားနေပြီး အစ္စရေးတို့ ဗုံးကြဲခဲ့တဲ့ ဗလီဝတ်ကျောင်း ထဲမှာ လက်နက်တွေဝှက်ထားတာ တွေ့လိုက်ရကြောင်း အစ္စရေးတို့က ပြောပါတယ်။

ဂါဇာမြို့ရဲ့ အကြီးဆုံးဆေးရုံ မြေအောက်ထပ်ကို ဟားမတ်စ်တို့က စစ်ဆင်ရေးစခန်း အဖြစ် အသုံးပြုနေတယ်လို့ သံသယဖြစ်ကြောင်း အစ္စရေး ထောက်လှမ်းရေးကပြောဆိုပါတယ်။

ဂါဇာမှာတိုက်ခိုက်နေတာတွေ ရပ်ဖို့ နီးစပ်လာပြီလို့ လေးပွင့်ဆိုင် ငြိမ်းချမ်းရေးအဖွဲ့ သံတမန် တိုနီ ဘလဲ (Tony Blair) က ကိုင်ရိုမြို့မှာ ပြောဆိုပါတယ်။

အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘုရှ်က ဟားမတ်စ်တို့ အစ္စရေးကို ရော့ကက်နဲ့ ပစ်နေတာတွေ ရပ်မှ၊ အီဂျစ်က ဂါဇာကို လက်နက် ခိုးသွင်းတာတွေ ရပ်မှ သာလျှင် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်မှာလို့ ပြောဆိုသွားပါတယ်။

အစ္စရေးတို့ ထိုးစစ်ဆင်ကတည်းက သေဆုံးသူ ပါလက်စတိုင်း ၉၀၀ ကျော်သွားပြီလို့ ဆေးဖက်ဆိုင်ရာများက ပြောဆိုကြပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့