Wednesday, January 14, 2009

၂၀၀၈-၂၀၀၉ စစ်အစိုးရ ဘတ်ဂျက် ကျပ်ငွေဘီလီယံ (၇၀၀) ကျော် လိုငွေပြ

NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရဘတ်ဂျက်မှာ သုံးစွဲငွေများနေသည့်အတွက် ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော် လိုငွေပြနေသည်ဟု နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ၀န်ခံသွားသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ၀င်ငွေမှာ ကျပ်ငွေဘီလီယံ (၄,၈၂၄) ရှိသော်လည်း သုံးစွဲငွေမှာ ကျပ်ငွေ (၅,၅၅၇.၈၆) ရှိသည့်အတွက် စုစုပေါင်း လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ (၇၀၀) ကျော်ရှိသည်ဟု ၀န်ကြီးအဖွဲ့အစည်းအဝေး အမှတ် ၃၈/၂၀၀၈ တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ယခုကဲ့သို့ ပြောသွားခြင်း ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။


မြန်မာစစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးမှာ (၂.၈) ရာခိုင်နှုန်းရှိသည်ဟုလည်း အဆိုပါ (လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုသည့်) ၀န်ကြီးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် စစ်အစိုးရထုတ်ပြန်သည့် ဂျီဒီပီတန်ဖိုးသည့် အမှန်တကယ်ထက် အဆများစွာ များနေသည့်အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောသည့် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးကို အမှန်ဟု ယူဆရန်ခက်ကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။

ဝန်ကြီးဌာနပေါင်းစုံ၏ ပိုသုံးသည့်ငွေပမာဏမှာ ကျပ်ငွေဘီလီယံ (၉၀၀) ကျော်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား (၁) ၀န်ကြီးဌာန၊ စက်မှု (၁) ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန စသည့် ငွေရှာပေးသည့် ၀န်ကြီးဌာနများက အများဆုံး ပိုသုံးထားသည်။ (အောက်ပါ ပုံတွင် အသေးစိတ်ကြည့်နိုင်သည်)။



မြန်မာစစ်အစိုးရသည် စီးပွားရေးဆိုင်ရာ အချက်အလက်များကို တိုင်းပြည်သို့ မထုတ်ပြန်ဘဲ ထားသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။ စစ်အစိုးရထုတ်ပြန်ခဲ့သည့် စီးပွားရေး ကိန်းဂဏန်းများသည်လည်း ယုံကြည်လောက်သည့် အနေအထားမရှိကြောင်း ရန်ကုန် အနောက်တိုင်း သံတမန်များက ယူဆသည်။

တိုင်းပြည်၏ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်မှ ကျပ်ငွေများ ရိုက်ထုတ်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့် အတွက် ငွေဖောင်းပွမှုများပြီး မတ်ခရိုစီးပွားရေးမတည်မငြိမ် ဖြစ်စေသည်ဟု အေဒီဘီ အာရှဖွဲ့ဖြိုးရေးဘဏ်က ထောက်ပြသည်။

စီးပွားရေးပြုပြင်မှုလုပ်ရာတွင် ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရာ၌ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း စီးပွားရေးပေါ်လစီများ ရှေ့နောက်ညီရန်နှင့် ကြိုတင်တွက်ဆ၍ရသည့် စီးပွားရေးပေါ်လစီမျိုးများဖြင့် တိုးတက်အောင်လုပ်ရန်လိုသည်ဟု အေဒီဘီက အကြံပေးခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့