Wednesday, January 14, 2009

အစ္စရေးလ်ကြည်းတပ် ဂါဇာစီးတီးမြို့ထဲ ၀င်တိုက်

14 January 2009

အင်္ဂါနေ့က ဂါဇာစီးတီးမြို့တွင်း အစ္စရေးလ် မြေပြင်တပ်ဖွဲ့များဟာ ပါလက်စတိုင်း စစ်သွေးကြွများနဲ့ လမ်းများပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက် နေကြတဲ့ အချိန် အစ္စရေးလ် စစ် တိုက်လေယာဉ် များကလည်း အီဂျစ်-ဂါဇာ နယ်စပ်တလျှောက်ကို ဗုံးကြဲ တိုက်ခိုက် နေပါတယ်။

အစ္စရေးလ်တပ်ဖွဲ့များဟာ အမြောက်တင် ရဟတ်ယာဉ်များ ကျောထောက် နောက်ခံပြုလျက် ဂါဇာ စီးတီးရဲ့ လူနေထူထပ်တဲ့ သယ်လ်အာ ဟာဝါအရပ်အတွင်း ရောက်ရှိနေပေမယ့် ဂါဇာစီးတီးရဲ့ မြို့လယ်ကိုတော့ မရောက်သေးပါဘူး။

ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းမှာတော့ ကဲ ခေါ် နိုင်ငံတကာ ထောက်ပံ့ရေး အေဂျင်စီ တာဝန်ခံတဦးဖြစ်သူ ဂျာဝပ်ဟပ်က အီဂျစ်နယ်စပ်ကနေ မီတာ ၁၀၀ လောက်သာ ဝေးကွာတဲ့ ရာဖာက နေအိမ်တွေကို အစ္စရေးလ် လေကြောင်းက တိုက်ခိုက်နေကြောင်း ပြောဆိုပါတယ်။ အဲဒီအရပ်မှာ အီဂျစ်ဘက်မှ မြေအောက် လိုဏ်ခေါင်းများမှတဆင့် ဟားမတ်စ်တို့ ပစ္စည်းများ ခိုးသွင်းနေလို့ ပစ်မှတ်ထား တိုက်ခိုက်ရတာလို့ အစ္စရေးလ်တို့ ဘက်က ဆိုပါတယ်။

ရာဖာရှိအိမ်တွေက လူ ၃၀၀ လောက်ကို ဘေးကင်းရာသို့ ကယ်တင်နိုင်ခဲ့ပေမယ့် အနီးရှိ ကုလသမဂ္ဂ ခိုလှုံရာ နေရာမှာလည်း နေစရာရှာမတွေ့ဘူးလို့ ကဲတာဝန်ခံက ဆက်ပြောပါတယ်။

အစ္စရေးလ်တို့ လေကြောင်းကနေ ပစ်မှတ် ၆၀ ကျော်ကို ညတွင်းချင်း တိုက်ခိုက်ခဲ့ပြီး ဂါဇာတလျှောက် ပါလက်စတိုင်း ၁၂ ယောက်ထက် မနည်း သေဆုံးသွားကြောင်း ဆေးဘက်တာဝန်ခံများက ပြောဆိုပါတယ်။ အစ္စရေုးလ်တို့ ၁၈ ရက်တာ တိုက်ခိုက်မှု
အတွင်း ပါလက်စတိုင်း ၉၀၀ ကျော်နဲ့ အစ္စရေး ၁၃ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဟားမတ်စ်တို့က အစ္စရေးလ်တောင်ပိုင်းရှိ အရပ်သားများကို ရော့ကက်များနဲ့ ဆက်လက်ပစ်ခတ်နေပြီး အဲဒီလို ပစ်ခတ်နေသ၍ အစ္စရေးလ်က ဆက်လက်ထိုးစစ် ဆင်နေမယ်လို့ အစ္စရေးလ်အစိုးရက ဆိုထားပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့