Thursday, January 15, 2009

တပ်ပြေးစစ်သည် (၃)ဦးကို ဖမ်းပြီးပြန်ပို့ပေးရန် နအဖက ထိုင်းနယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံ

တနင်္သာရီတိုင်း ထိုင်းမြန်မာနယ်စပ်ရှိ နအဖတပ်စခန်းတခုမှ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးခဲ့ကြတဲ့ စစ်သည် (၃) ဦး ကို ရှာဖွေ ဖမ်းဆီးပြီး ပြန်ပို့ပေးဖို့ နအဖက ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့ကို အကူအညီ တောင်းထားကြောင်း စစ်ဘက် သတင်းတွေအရ သိရှိရပါတယ်။

လောင်းလုံ မြို့အခြေစိုက် ခလရ (၁ဝ၄) စစ်ကြောင်း(၂)မှ တပ်သား စိုင်းမျိုးမင်းဦး (၁၉)နှစ်၊ တပ်သား အောင်ဌေး (၂ဝ) နှစ် နဲ့ တပ်သား ရဲမင်းထွန်း (၂၃)နှစ် တို့ဖြစ်ပါတယ်။ သူတို့ရဲ့ တပ်ခွဲ(၄) တပ်ခွဲမှူး ဗိုလ်အောင်ဆွေလှ ရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တဲ့အတွက် သူတို့ တာဝန်ကျရာ မယ်ဖျာ နယ်စပ် တပ်စခန်းကနေ နိုဝင်ဘာလ (၆) ရက်နေ့ ညနေပိုင်းမှာ ထိုင်းနိုင်ငံထဲကို လက်နက်မဲ့ ထွက်ပြေး ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ်။

သူတို့ထွက်ပြေးပြီး နာရီပိုင်းအတွင်း နအဖစစ်ကြောင်းမှူးက ထိုင်းနိုင်ငံ နယ်ခြားစောင့်တပ်ကို ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။

ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ နအဖ ရှေ့တန်း ခြေလျှင်တပ်စခန်းတွေ၊ အမြောက်တပ် စခန်းတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတွေက အကြပ်စစ်သည်အများအပြားဟာ မကြာခဏ မိမိတို့ တပ်စခန်းတွေကို စွန့်ခွာပြီး ထိုင်းနိုင်ငံ အတွင်းကို ထွက်ပြေးလာလေ့ရှိကြောင်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်းမြန်မာ နယ်စပ် တလျှောက်မှာ လှုပ်ရှားနေတဲ့ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ ရှေ့တန်း ခမရ (၄ဝ၁) နဲ့ခမရ(၄ဝ၉)တို့က တပ်သား(၆)ဦးဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့အတူ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ခဲ့သေးကြောင်း သတင်းရရှိပါတယ်။

Ref: ဝိမုတ္တိ

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့