Tuesday, January 13, 2009

မြန်မာအပေါ် အနောက်နဲ့မတူတဲ့ ချဉ်းကပ်မှု ထိုင်းဝန်ကြီးချုပ် ကျင့်သုံးမည်

13 January 2009

ထိုင်းဝန်ကြီးချုပ်သစ်က အိမ်နီးချင်း မြန်မာပြည်မှာ အပြောင်းအလဲတွေ မြင်တွေ့ချင်ပါတယ်၊ ဒါပေမယ့် ထိုင်းနိုင်ငံကတော့ အနောက်တိုင်းက စီးပွားရေးအရ ဒဏ်ခတ်အရေးယူတာမျိုး မဟုတ်ဘဲ ချဉ်းကပ်ရမယ်လို့ ပြောပါတယ်။

မြန်မာနဲ့ပတ်သက်လို့ အနောက်နိုင်ငံအစိုးရများလိုပဲ ရည်မှန်းချက် ထားရှိပါတယ်၊ ဒါပေမယ့် ယဉ်ကျေးမှုနဲ့ ပထ၀ီဝင် အနေအထားအရ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်း ကွဲပြားဖို့ လိုအပ်တာပါလို့ တနင်္လာနေ့မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit Vejjajiva) က ရှင်းလင်းပြီး မြန်မာပြည်မှာ အပြောင်း အလဲတွေ ဖြစ်ပေါ်လာအောင် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ တိတိ ကျကျ ပြောမသွားပါဘူး။

အရင်လက ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ် ဖြစ်လာပြီးကတည်းက မြန်မာစစ်အစိုးရအပေါ် မစ္စတာအဘီဆစ် ပထမဆုံးအကြိမ် ပြောဆိုတာပါ။

တနင်္လာနေ့မနက်မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယွန် (Kasit Piromya) က ဧည့်သည် မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနဲ့ တွေ့ဆုံပြီး နာဂစ်လေဘေး ကူညီရေးကိစ္စနဲ့ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ကိစ္စကို ဆွေးနွေးကြပါတယ်။

Ref: VOA News

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့