Monday, January 12, 2009

ရန်ကုန် ဒီပီအေ သတင်းထောက်အား အရေးယူရန် အတိုက်အခံများ ဒီပီအေသတင်းဌာနကို ဖိအားပေးပြီ

NEJ/ ၁၂ ဇန်န၀ါရီ ၂၀၀၉



ဦးဝင်းတင်နှင့် အန်အယ်လ်ဒီအား သိက္ခာကျစေရန် ရေးသားခဲ့သည့် ဒီပီအေ ရန်ကုန်သတင်းထောက်အား အရေးယူပေးရန် ဘန်ကောက် ဒီပီအေသတင်းဌာနကို ဖိအားပေးရေး အတိုက်အခံများက နိုင်ငံတကာ ကမ်ပိန်းအနေဖြင့် စည်းရုံးနေကြောင်း ဒေါက်တာ လွဏ်းဆွေဘလော့ဆိုက်တွင် ဖော်ပြထားသည်။

၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက်နေ့ထုတ် ရန်ကုန် ဒီပီအေသတင်းထောက်၏ သတင်းတွင် အန်အယ်လ်ဒီနှင့် ဆရာ ဦးဝင်းတင် သိက္ခာကျစေမည့် မမှန်မကန် အချက်အလက်များဖြင့် သတင်းရေးသားခဲ့ကြောင်း ရန်ကုန်ရှိ နိုင်ငံ ခြားသတင်းထောက်များအသင်းသို့ ဦးဝင်းတင်ပေးပို့ခဲ့သည့် ကန့်ကွက်စာ အင်္ဂလိပ်ဘာသာပြန်ကိုပါ အဆိုပါ ဘလော့ဆိုက်တွင် ဖော်ပြထားသည်။


အဆိုပါ အင်္ဂလိပ်ဘာသာပြန် ဦးဝင်းတင်၏စာကို ဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် အန်အယ်လ်ဒီနှင့် နီးစပ်သည့် သတင်းရပ်ကွက်က အတည်ပြု ပြောကြားသည်။ ထို့ပြင် အဆိုပါစာဖြင့် ဒီပီအေ သတင်းဌာနကို ၎င်း၏ ရန်ကုန်သတင်းထောက်အား အရေးယူရန် အတိုက်အခံများက ဆောင်ရွက်ပေးစေ လိုကြောင်း ဦးဝင်းတင်၏ မိတ်ဆွေများကလည်း ပြောသည်။

ဂျာမနီအခြေစိုက် ဒီပီအေသတင်းဌာနကို အသုံးချပြီး အန်အယ်လ်ဒီကို စနစ်တကျ ပြိုကွဲအောင် ကြံစည်ရေးသား နေသည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား ဒီပီအေမှ ဖြုတ်ပြီး နအဖနှင့် မပတ်သက်သည့် သတင်းထောက်အသစ် ခန့်ရေးကိစ္စအတွက် ဒီပီအေသတင်းဌာနအား ၀ိုင်းဝန်းကန့်ကွက် ဖိအားပေးရန်လည်း အဆိုပါ ဘလော့ဆိုက် (http://www.drlunswe.blogspot.com/) တွင် တိုက်တွန်းထားသည်။

ဒီပီအေသတင်းဌာနသို့ ကန့်ကွက်စာ ပေးလိုလျှင် အလွယ်တကူဖြစ်စေရန် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာနမူနာပါ ထည့်သွင်းဖော်ပြထားပြီး အဆိုပါ စာများကို Managing Editor: mccormack.eva-maria@dpa.com နှင့် ဘန်ကောက် ဒီပီအေအယ်ဒီတာ bangkok@dpa.com တို့ထံ ပေးပို့ရန်လည်း ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်းကွဲနေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက်နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေ သတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည်လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များအသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကလည်း ဦးဝင်းတင်က ရွေးကောက်ပွဲဝင်လိုသည့်ဆန္ဒရှိသယောင်၊ အန်အယ်လ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီး တခုဖြစ်သော်လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကတွင် လူသိများသည့် ကိုကို (စက်မှုတက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း စုံစမ်းသိရသည်။




Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့