Thursday, February 12, 2009

နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့

NEJ / ၁၁ ဖေဖော်ဝါရီ ၂၀၀၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ဒုတိယဆင့် ဌာပနာလှူဒါန်းပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြနေသော်လည်း အဆိုပါ စေတီတော်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပေါင်းလပြည့်နေ့ ထီးတင်ပြီးသည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ ကျဆုံးမည့်နေ့ ဖြစ်သည်ဟု ဆရာတော် ရှင်ပညာသာမိက ဟောကိန်း ထုတ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရ ကျဆုံးမည့် အကြောင်းကို ဗေဒင်ကိန်းခန်းအရ တွက်ချက်ပြောရုံ သက်သက် မဟုတ်ဘဲ စေတနာ မပါဘဲ ဥပ္ပါတသန္တိဂါထာကို အလွဲသုံးစား လုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရောက်ရှိနေသည့် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ အဖွဲ့အစည်း အထွေထွေ အတွင်းရေးမှူး ဆရာတော် ဦးပညာသာမိက ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်သက္ကရာဇ်မှာ စစ်အစိုးရ ကျဆုံးခန်းရှိတာမို့ အဓိကကတော့ သန်းရွှေကို မောင်အေး သတ်ပါလိမ့်မယ်။ ဥပ္ပါတသန္တိဆိုတဲ့ တနင်္ဂနွေဘုရားကို အကြောင်းပြုပြီးတော့ သန်းရွှေပဲ ထီးတင်တင်၊ မောင်အေးပဲတင်တင် တပေါင်း လပြည့်နေ့မှာသာ တင်ပါစေ။ တင်တဲ့နေ့ဟာ စစ်အစိုးရ ကျဆုံးတဲ့ နေ့ပဲလို့ ဦးဇင်းက မြင်တယ်။ ၂၀၀၉ ခုနှစ်မကုန်မီ မြန်မာ့နိုင်ငံရေး သေချာပေါက် အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတာ ဦးဇင်းပြောချင်တယ်” ဟု ဆရာတော်က ဆက်လက် အမိန့်ရှိသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာ ပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာညီပြီး ကျန် (၂) ဖက်က မညီသည့် အတွက် ပေါင်းလောင်း ကွက်သစ်ဘက် ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည် ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ်စေတီလုံးအတွက် မကွေး ကုမ္ပဏီ၊ ညောင်ရမ်း ကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်း အတွက် ရွှေဗိမာန် ဆောက်လုပ်ရေးနှင့် မြန်မာမှု အဖွဲ့တို့က တာဝန်ယူ ဆောက်လုပ်နေပြီး အမြန်ပြီးစီး နိုင်ရေးအတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည် ဖြစ်သည့်အတွက် ငှက်ပျောဖူး အတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့