Monday, February 09, 2009

ၾသစေတးလ် တောမီးကြောင့် လူ ၁၀၀နီးပါး သေဆုံး

08 February 2009

သြစတေးလျနိုင်ငံ တောင်ပိုင်းမှာ တောမီးလောင်မှုကြောင့် သေဆုံးသူ ၈၄ယောက် ရှိသွားပြီး ဒါဟာ နိုင်ငံ သမိုင်းမှာ လူအသေအပျောက် အများဆုံး တောမီးလောင်မှု ဖြစ်ပါတယ်။ ဗစ်တိုးရီးယား ပြည်နယ်တ၀ှမ်း လောင်ကျွမ်းနေတဲ့ တောမီးတွေမှာ လူတွေ သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပျက်အစီးပုံတွေကြားမှာ လိုက်လံ ရှာဖွေမှုတွေ လုပ်နေတာနဲ့အမျှ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။ တချို့က မီးဘေးလွတ်ရာ ပြေးကြရင်းနဲ့ ကားထဲမှာ ပိတ်မိသေဆုံး တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မဲဘန်းမြို့မှာ မီးပေါင်း ၄၀၀ လောက် လောင်ခဲ့လို့ ၁၈ယောက်ထက် မနည်း ဒဏ်ရာရခဲ့ပြီး အိမ်ပေါင်း ရာပေါင်းများစွာလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။

မနားမနေ မီးငြိမ်းသတ်နေကြရတဲ့ အရံ မီးသတ်သမားတွေကို အကူအညီ ပေးဖို့ စစ်သားတွေကို စေလွှတ်ပေးမယ်လို့ သြစတေးလျ ၀န်ကြီးချုပ် ကယ်ဗင် ရက် က ပြောပါတယ်။ အခု လောင်ကျွမ်းနေတဲ့ မီးဟာ ဒေသတွင်းမှာ အဆိုးရွားဆုံး ဖြစ်ပြီးတော့ တချို့က ရှို့မီးဖြစ်တယ်လို့ ဗစ်တိုးရီးယား ပြည်နယ် အကြီးအကဲက ပြောပါတယ်။ သြစတေးလျမှာ တောမီးကြောင့် လူ့အသတ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာက ၁၉၈၃ခုနှစ်တုန်းက ဗစ်တိုးရီးယား ပြည်နယ်နဲ့ တောင်သြစတေးလျ ပြည်နယ်တွေမှာ ဖြစ်ပြီးတော့ အဲဒီတုန်းက သေဆုံးခဲ့သူဟာ ၇၅ယောက်ဖြစ်ပါတယ်။

Ref: VOA News

...

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့