Tuesday, February 10, 2009

မြန်မာနှင့် ဆက်သွယ်မည့် ကားလမ်း ရထားလမ်း မြန်မာ နယ်စပ်အနီးထိ ဘင်္ဂလာဒေ့ခ်ျ အစိုးရမှ ဖေါက်လုပ်မည်

မောင်ရမ္မာ (နိရဉ္စရာ)
ဘင်္ဂလာဒေ့ခ်ျ လက်ရှိ အစိုးရအနေဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အရှေ့တောင်ပိုင်း မြန်မာနှင့် နယ်စပ်ချင်း ထိနေသော ခေါင်းတုံးမြို့ အထိ ကားလမ်းနှင့် ရထားလမ်းကို ဖေါက်လုပ်သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ ကတိအတိုင်း အဆိုပါ လမ်းကို ဖေါက်လုပ်ရန် လက်ရှိ အစိုးရမှ စီစဉ်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဝန်ကြီး ဆာယတ် အဘူလ်ဟူစိန်က “နိုင်ငံရဲ့ အရှေ့ တောင်ဖက် ကော့စ်ဘာဇား ခရိုင်က နေပြီးတော့ တရုတ်၊ မြန်မာ၊ ဘင်္ဂလာဒေ့ခ်ျ သုံးနိုင်ငံ ချစ်ကြည်ရေး အဝေးပြေး ကားလမ်းမနဲ့ ရထားလမ်းကို ဖေါက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ခုလောလောဆယ်မှာ မြန်မာနယ်စပ် ခေါင်းတုံးအထိ ရထားနဲ့ ကားလမ်း ဖေါက်လုပ်ဖို့ အစီအစဉ်ရှိတယ်” ဟု ပြောသည်။

အဆိုပါ ကားလမ်းနှင့်ရထားလမ်းဖေါက်လုပ်ရေးအတွက် ဘင်္ဂလာဒေ့ခ်ျ အစိုးရ အနေဖြင့် မြန်မာ အစိုးရကို အဆိုပြုလွာ ပို့ထားပြီ ဖြစ်ကြောင်းနှင့် မြန်မာ စစ်အစိုးရထံမှ တုံ့ပြန်မှု ရရှိလျှင် စတင် အကောင် အထည်ဖေါ် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက သတင်းထောက်များကို ပြောသည်။

အဆိုပါစီမံကိန်းမှာ အာဝါမီလိဂ်လက်ထက် လွန်ခဲ့သော နှစ်ပေါင်း ၁၀ ကျော်ကပင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ အိုကီးယားနှင့် မြန်မာနိုင်ငံ တောင်ပြို မြို့ အထိ ဆက်သွယ်ရေး လမ်းဖေါက်လုပ်ရန် အစီအစဉ် ရှိနေခဲ့သည်။

အဆိုပါ ဒေသအတွင်း ဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်းများ အတွက် တာကာငွေ ကုဋေ ၂၀၀၀ ကုန်ကျရန် ခန့်မှန်းထားသည်။

ဘင်္ဂလာဒေ့ခ်ျအစိုးရအနေဖြင့် ယခုကဲ့သို့ ကားလမ်း၊ ရထားလမ်း ဖေါက်လုပ်ခြင်းသည် အဆိုပါ ဒေသတွင် လူသား အချင်းချင်း ဆက်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ရည်ရွယ်ကာ လုပ်ဆောင် သည် သာမက ကုန်သွယ်ရေးဇုံ အသစ်တခု ဖွင့်လှစ်ရန် လမ်းသစ် ရှာဖွေခြင်းနှင့် အရှေ့ဘက် တရုတ်နိုင်ငံသို့ စီးပွားရေး ချဲ့ထွင်ရန် ဖြစ်သည်။

စီးပွါးရေးဇုံ သစ်တခုကိုသာ ဖွင့်လှစ် နိုင်ပါက သုံးနိုင်ငံ စလုံး အတွက် အကျိုးရှိမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

Ref: နိရဉ္စရာ
....

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့