Friday, February 13, 2009

ခပ်ညံ့ညံ့ မြန်မာဆန် ကမ္ဘာ့ဈေးကွက် အရောင်းသွက်

NEJ / ၁၃ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာ့ဆန်မှာ အရည်အသွေးညံ့သည့်တိုင် အာဖရိကမှ အ၀ယ်လိုက်နေသည့် အတွက် ဇန်န၀ါရီလမှ စပြီး တန်ချိန် (၄၀၀,၀၀၀) ထိ အရောင်းသွက် နေသည်ဟု အာရှဒေသတွင်းရှိ ဆန် ကြိုရောင်း ကြိုဝယ်သမားများက ပြောသည်။

ဗီယက်နမ်ဆန်က တတန်ကို ကန်ဒေါ်လာ (၃၄၈) မှ (၃၅၃) ဒေါ်လာထိ ရောင်းနေချိန်တွင် ဆန်အကျိုး (၂၅) ရာနှုန်းပါသည့် မြန်မာဆန်ကို တတန် ကန်ဒေါ်လာ (၂၇၀) မှ (၂၈၀) ထိ ချရောင်းသည့်အတွက် ယခုကဲ့သို့ အရောင်း တက်လာခြင်း ဖြစ်သည်ဟု ဆို၏။ ၂၀၀၈ ခုနှစ် နာဂစ် မတိုင်ခင် ဧပြီလ မြန်မာဆန် ပြည်ပရောင်းသည့် ပမာဏမှာ တန်ချိန် (၁၀၀,၀၀၀) ၀န်းကျင်ရှိသည်။

ထိုင်းဆန်ပြည်ပပို့သည့်နှုန်း လျှော့ချရန်ပြင်နေချိန်တွင် မြန်မာနှင့် အိန္ဒိယက ပြည်ပဆန် တင်ပို့မှုကို တိုးရန် လျာထားနေသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ ဆိုလျှင် ၂၀၀၉ ခုနှစ် အတွက် ကမ္ဘာ့ ဆန်ရောင်းဝယ်မှု ပမာဏမှာ တန်ချိန် (၂၉.၅) သန်းသာရှိသည့် အတွက် ၂၀၀၇ ခုနှစ်က မှန်းထားချက်ထက် (၈) ရာနှုန်း ကျဆင်းသွားသည်။

ဆန်ဈေးတက်လာသည့်အချက်၊ ဆန်တင်ပို့မှု ထိန်းချုပ်လာသည့် အချက်တို့ကြောင့် ၂၀၀၇ ခုနှစ်မှစပြီး ကမ္ဘာ့ ဆန်ရောင်းဝယ်မှု ပမာဏ ကျဆင်းလာသည်။

ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အမေရိကန် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန အစီရင်ခံစာအရ ထိုင်းနိုင်ငံမှ ပြည်ပ ဆန်တင်ပို့မှုကို တန်ချိန် (၅၀၀,၀၀၀) လျှော့ချခဲ့သည်။ အဓိက အချက်မှာ ပြိုင်ဘက် ဗီယက်နမ်က ဆန်တိုးပြီး တင်ပို့လာမှာ စိုးရိမ်သည့် အတွက် ဖြစ်သည်။

အမေရိကန်ကလည်း ၂၀၀၉ ခုနှစ်အတွက် ဆန်တင်ပို့မှု (၅၀,၀၀၀) လျှော့ချသည်။ သို့သော် ထိုလျှော့ချသည့် ပမာဏမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၃၀၀,၀၀၀) တိုးပြီး တန်ချိန်စုစုပေါင်း (၅၀၀,၀၀၀) ထိ တင်ပို့မည့် အချက်၊ အိန္ဒိယကလည်း ဆန်တိုးပြီး တင်ပို့မည့်အချက် တို့ကြောင့် ပြန်ထေမိ သွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့