Tuesday, February 10, 2009

မြောက်ကိုရီးယား ဝါဒဖြန့်သတင်း ဖော်ပြ

NEJ/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉

စာပေစိစစ်ရေး၏ ညွှန်ကြားချက်ကြောင့် မြောက်ကိုရီးယား ဝါဒဖြန့်သတင်းတပုဒ် ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြပေးခဲ့ရကြောင်း အပတ်စဉ်ထုတ် ဖလားဝါးနယူးဂျာနယ်မှ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “စိစစ်ရေးက ဒီအပတ် အဲဒီသတင်း သတင်းကဏ္ဍမှာ ထည့်ပေးပါဆိုတော့ ထည့်ပေးရတယ်။ ဘယ်လို ရည်ရွယ်ချက်လဲတော့ မသိရဘူး။ ဝါဒဖြန့်ချိရေး ဆောင်းပါးတပုဒ် အပြင် ထပ်ပြီး ထည့်ပေးရတာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါသတင်းကို “တော်လှန်ရေးအရှိန်အဟုန်၏ အစဉ်အလာ အမွေအနှစ်များ” ဟု ခေါင်းစဉ် တပ်ထားပြီး ဖေဖော်ဝါရီ (၁ဝ-၁၆) ရက်နေ့ထုတ် ဖလားဝါးနယူး ဂျာနယ် အတွဲ(၅) အမှတ် (၆) စာမျက်နှာ (၁၂) တွင် ဖော်ပြထားခြင်း ဖြစ်သည်။

သတင်းထဲတွင် မြောက်ကိုရီးယား သမ္မတကြီး ကင်ဂျုံအီက လာမည့် ၂ဝ၁၂ ခုနှစ်သည် ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် (၁ဝဝ) ပြည့် မွေးနေ့ဖြစ်သည်နှင့် အညီ အဆိုပါနှစ်၌ နိုင်ငံတော်ကို ချမ်းသာကြွယ်ဝ၍ အင်အားရှိသော နိုင်ငံတော်ကြီးအဖြစ် ပေါ်ပေါက်လာစေရန် သမိုင်းပေးတာဝန်ကို မီးကုန်ယမ်းကုန် ထမ်းဆောင် ကြရန် Chollima သံမဏိစက်ရုံ လုပ်သားများကို တိုက်တွန်းသည့် သတင်းဖြစ်သည်။

ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဝါဒဖြန့် သတင်းများ၊ ဆောင်းပါးများ၊ ကင်အီဆွန်း၏ အတွေးအခေါ်များကို မြောက်ကိုရီးယားသံရုံး ရန်ကုန်မြို့တွင် ရုံးစိုက်စဉ် ၁၉၈၃ ခုနှစ် မတိုင်မီက မြန်မာဘာသာဖြင့် အမြောက် အမြား ထုတ်ဝေခဲ့ဖူးသည်။

၁၉၈၃ ခုနှစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် တောင်ကိုရီးယား သမ္မတ မစ္စတာ ချွန်ဒူးဝှမ်နှင့် ဝန်ကြီး အဖွဲ့ကို မြောက်ကိုရီးယား သူလျှိုများက ဗုံးထောင် လုပ်ကြံ သတ်ဖြတ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု တွင် သမ္မတ ချွန်ဒူးဝှမ် ထိခိုက်မှု မရှိသော်လည်း အဖွဲ့ဝင် (၂၁) ဦးသေဆုံးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံက မြောက်ကိုရီးယားကို သံအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

၂ဝဝဝ ခုနှစ် ဝန်းကျင်နှင့် နောက်ပိုင်းကာလများ၌လည်း မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယားမှ စစ်လက်နက် ပစ္စည်းများ လျှို့ဝှက် ဝယ်ယူနေသည် ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလအတွင်းတွင်မူ မြန်မာ- မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်အတွင်း နှစ်နိုင်ငံကြား သံတမန်နှင့် ဝန်ထမ်း၊ အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သည့် သူများ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွှတ်ပေးရေး ဆိုင်ရာ အထူး သဘောတူညီချက် စာချုပ် ချုပ်ဆို ခဲ့ကြသည်။

ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်အတွင်းကလည်း ရုရှဖက်ဒရေးရှင်း ရန်ကုန်သံရုံးသည် ဝါဒဖြန့် သတင်းနှင့် ဆောင်းပါးများကို မြန်မာတိုင်းမ်ဂျာနယ်တွင် ကြော်ငြာခ ကျပ်သိန်း ဆယ်နှင့်ချီ ပေးပြီး ထည့်သွင်း ဖော်ပြစေခဲ့ဖူးသည်။

Ref: ခေတ်ပြိုင်
...

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့