Tuesday, February 10, 2009

စုလွတ်မြောက်ရေး လူထုလှုပ်ရှားမှု ရန်ကုန်မှာစပြီ

မြင့်မိုးဇော်/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အန်အယ်လ်ဒီ၏ လူထုပန်ကြားချက်ကို ထောက်ခံသည့်အနေဖြင့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်မှ ဦးဆောင်ပြီး ဖေဖော်ဝါရီ လဆန်းပိုင်းက ရန်ကုန်မြို့ နေရာအနှံ့တွင် စာတန်းများ ကပ်ပြီး ပိုစတာများ ချိတ်ဆွဲခဲ့သည်။


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထုတ်ပြန် ကြေညာချက်ကို ထောက်ခံခြင်းနှင့် လူထုတရပ်လုံး ပါဝင်လာအောင် နှိုးဆော်ထားသည့် ထုတ်ပြန် ကြေညာချက်များကို လူထု တရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ရဲဘော်များက လမ်းဆုံ လမ်းခွများတွင် လိုက်လံ ကပ်ခြင်း၊ ကြဲချခြင်းများ လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်ဟု စုံစမ်းသိရသည်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်အဖွဲ့စည်း ကပဲ ဘာပဲ လုပ်လုပ် ပြည်သူများ အနေနဲ့ ပါဝင်ဆောင်ရွက်စေ ချင်ပါတယ်” ဟု အဆိုပါ မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ်တွင် ပါဝင်သူ လူငယ်တဦးက ပြောကြားသည်။

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ကို အကောင်းဆုံး မြေသြဇာအဖွဲ့ နှင့် လူထုတိုက်ပွဲ ဖော်ဆောင်ရေး ကော်မတီ (ရန်ကုန်တိုင်း) တို့ က ပူးပေါင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့ စည်းစဉ်ကပင် လူထုအား အသိပေး လှုံ့ဆော်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း အဆိုပါလူငယ်က ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီမှ ထုတ်ပြန်ထားချက်အရ ဒေါ်အောင်ဆန်းစုကြည်အား ချုပ်နှောင်သည့် ကာလများမှ- ပထမ အကြိမ်- ၁၉၈၉ ခု ဇူလိုင် (၁၉) ရက်မှ ၁၉၉၅ ခု ဇူလိုင် (၁၀) ရက်ထိ၊ ဒုတိယ အကြိမ်- ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ (၂၁) ရက်မှ ၂၀၀၂ ခု မေလ (၆) ရက်ထိ၊ တတိယ အကြိမ်- ၂၀၀၃ ခု မေ (၃၀) ဒီပဲယင်း အရေး အခင်းမှ ယနေ့ထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကို လက်ဖက်ရည်ဝိုင်းမှာ ထောက်ခံသည့် ပုံစံမျိုးမှ လူစုလူဝေးဖြင့် စစ်အစိုးရကို တောင်းဆိုသည့် ပုံစံမျိုးထိ နှစ်သက်ရာ ပုံစံမျိုးစုံဖြင့် ထောက်ခံနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောခဲ့သည်။

Ref: ခေတ်ပြိုင်
....

0 comments:

ဆောင်းပါး

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ

"တပည့်တော်တို့ သံဃာ့လှုပ်ရှားမှုတွေ စလုပ်နေပြီဘုရား။ တပည့်တော်တို့ ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ကို စတင်ဖွဲ့စည်းပြီး စနစ်တကျ ..ဆက်ဖတ်ရန်..

တတိယလှိုင်းခေတ် ပြောက်ကျားစစ် အပိုင်း (၂)

၂ဝဝ၂ ခု ကျူနီးရှားက ဂျူး ဘုရားကျောင်း တိုက်ခိုက်မှု၊ ၂ဝဝ၃ ခု တူရကီနိုင်ငံက ဗြိတိသျှ ကောင်စစ်ဝန်ရုံးနဲ့ ဘဏ်တိုက်ဗုံးခွဲမှု၊ ..ဆက်ဖတ်ရန်..

blog

9. http://aragonjune.blogspot.com/ 10. http://arloo.blogspot.com/ (အာလူး) 11. http://arrbyai.blogspot.com/ (Arrbyai) 12. http://artixlin.blogspot.com/ (လင်းကိုရဲ့ Artixlin) 13. http://ashinkumara.blogspot.com/ (အရှင်ကူမာရ၏ ဘ၀ခရီး) 14. http://aungsophia.blogspot.com/ (SUSHI ရဲ့ Let's go...) 15. http://awlanmg.blogspot.com/ (အော်လံမောင်ရဲ့ မျှဝေခြင်း)

ဦးဝင်းတင်

ဦးဝင်းတင်

  © Blogger templates l Template by နေပြည်တော် ၂၂ ဧပြီ ၂၀၀၈

အပေါ်သို့